" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဖမ်းဆီးခံရ. Show all posts
Showing posts with label ဖမ်းဆီးခံရ. Show all posts

Friday, March 29, 2024

အိန္ဒိယမှာ ရိုဟင်ဂျာ လေးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.03.29

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ရှိ အင်ဒို-မြန်မာနယ်စပ်ဂိတ် တစ်နေရာအား ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ AFP

အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လေးဦးကို ဖမ်ဆီးထားတယ်လို့ ဥတာပရာဒက်ရှ်ပြည်နယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (ATS) က ပြောကြောင်း အိန္ဒိယသတင်းစာ Times of India က မတ်လ ၂၉ ရက် ဒီနေ့ ဖော်ပြပါတယ်။

Friday, March 22, 2024

ရေးမြို့နယ်၌ ရိုဟင်ဂျာ ၈၀ ခန့် ဖမ်းဆီးခံရ

DVB ·
March 21, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင်အတွင်း စက်လှေတစီးနဲ့ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၇၈ ဦး မတ် ၁၉ ရက် မနက်ပိုင်းက ဖမ်းဆီးခံရတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Tuesday, February 27, 2024

ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦးနှင့် ယာဥ်မောင်း ၁ ဦး ဖမ်းဆီးခံရ

DVB
January 18, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက ၂၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆ ဦးနဲ့ ယာဥ်မောင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Wednesday, February 7, 2024

ဧရာဝတီတိုင်းတွင် ၁ လအတွင်း ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးခံရ

DVB
February 7, 2024

ဧရာဝတီတိုင်းမှာ ဇန်နဝါရီလအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၁၀၀ ကျော်အထိ စစ်တပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Wednesday, January 24, 2024

သံဖြူဇရပ်မြို့ ဝါခရူကျေးရွာတွင် ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းမိ

DVB
January 24, 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီးရှိ ရာဘာခြံတခုမှာ ဒီနေ့မနက် ၈ နာရီခွဲက ရိုဟင်ဂျာ ၁၁၇ ဦးကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝါခရူကျေးရွာအနီးရှိ ရာဘာခြံထဲမှာ ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ရဲတွေက ဝင်ရောက်ရှာဖွေခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

သံဖြူဇရပ်မြို့နယ် ဝါခရုရွာမှာ ရိုဟင်ဂျာ ၁၁၇ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.01.24 

ဝါခရုကျေးရွာအတွင်း ဖမ်းဆီးရမိသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဥ်။ People Media

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရုရွာ ရော်ဘာခြံထဲက ရိုဟင်ဂျာ ၁၁၇ ဦးကို ဇန်နဝါရီ ၂၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Friday, January 5, 2024

ကန်ကျနပူရီတွင် တရားမဝင် ရိုဟင်ဂျာ အယောက် ၃၀ ဖမ်းဆီးခံရ

DVB
January 5, 2024

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ဇန်နဝါရီ ၅ ရက် ဒီမနက်က တရားမဝင် ဝင် ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၃၀ ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေ သတွင်းသတင်းမှာ ဖော်ပြပါ တယ်။

Tuesday, January 2, 2024

ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း ရိုဟင်ဂျာ ၆၀၀ ကျော် ဖမ်းဆီး ခံရပြီး ၅၀၀ ကျော် ထောင်ချခံထားရ

DVB
January 2, 2024

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဧရာဝတီတိုင်းကို အကြောင်းအမျိုးမျိုးနဲ့ ဝင် လာတဲ့ ရိုဟင်ဂျာ ၆၂၅ ယောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး ၅၀၄ ယောက်အား ထောင်ဒဏ် တွေ ချမှတ်ထားတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးသူဆီက သိရပါတယ်။

Saturday, December 2, 2023

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

ဧရာဝတီ
2 December 2023

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်ရှိဖြစ်ပွားနေသည့် တ ကျော့ပြန်တိုက်ပွဲကာလ နှစ်ပတ်အတွင်း မြို့နယ်အသီးသီးရှိ ရခိုင်အရပ်သား ၇၀ ကျော်ကိုစစ်ကောင်စီ က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

Friday, November 3, 2023

ထိုင်းနဲ့ မလေးရှားကို လှေနဲ့ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၂၂၆ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.11.03

ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးမှာ ဖမ်းဆီးလိုက်သည့် ရိုဟင်ဂျာ ၁၆၇ ဦးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အခုသီတင်းပတ်တွေအတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံကို လှေနဲ့ ထွက် ခွာဖို့ ကြိုးစား တဲ့ ရိုဟင်ဂျာ ၂၂၆ ဦးကို မြန်မာရေတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

Thursday, September 21, 2023

မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်၀င်လာတဲ့ ရိုဟင်ဂျာ တချို့ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.09.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာချိန် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာအချို့အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ ရခိုင်နေ့စဉ် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ပြန်လည်ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ ငါးဦးကို စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ နယ်မြေခံ နယ်ခြား စောင့် ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Wednesday, September 13, 2023

မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ သုံးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.09.12 

မောင်တောမြို့နယ်မြောက်ပိုင်း ဒိုးတန်းရွာ‌အနီးတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာသုံးဦးအား တွေ့ရစဉ်။ ရခိုင်နေ့စဉ် 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဒိုးတန်းရွာ‌အနီးမှာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်း က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာသုံးဦးကို ဖမ်းဆီးမိ တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းတွေ ဖော်ပြနေတဲ့ ရခိုင်နေ့စဉ်က ဒီနေ့ သတင်းဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဆယ်ကျော်သက်အရွယ်ရိုဟင်ဂျာလူငယ်တွေဖြစ်တဲ့အဒူဝါဟဲဒ်ကိစ်မောက်အာ ရာနဲ့ မူဟာမတ်ဇာဘဲစ် တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Wednesday, August 23, 2023

ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးနှင့် ယာဥ်မောင်း ဖမ်းမိ

DVB
August 23, 2023
 


ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ အုတ်ပုံစစ်ဆေးရေးဂိတ်မှာ ဒီနေ့ သြဂုတ် ၂၃ ရက် မနက် ၇ နာရီခွဲက ဖောကားတစီးပေါ်မှ ရိုဟင်ဂျာ ၂၇ ယောက်နဲ့ ယာဥ်မောင်းဖြစ်သူကို စစ် ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Tuesday, August 15, 2023

မောင်တောမှာ ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.08.15 

မောင်တောမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
ရခိုင်နေ့စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၂၈ ဦးကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်းဝနဲ့ မှိုဝင်ချောင်းဝကြားမှာ သြဂုတ်လ ၁၄ ရက် မနေ့က ဖမ်းဆီး ရမိခဲ့တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

Tuesday, June 20, 2023

ကျိုက်ထိုစစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာခြောက်ဦး ဖမ်းဆီး ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2023.06.20

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ခြောက်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ People Media
 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၉ ရက် မနက် ၈ နာရီခန့်ကရိုဟင်ဂျာ ခြောက်ဦးဖမ်းမိတယ်လို့ စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာတွေနဲ့ တယ်လီဂရမ် ချန်နယ်တွေ မှာ ရေးသားဖော်ပြထားပါတယ်။

အသက်မပြည့်သေးသူတစ်ဦးအပါအဝင် အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

Tuesday, May 9, 2023

ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ၆၂ဦး ဖမ်းဆီး ခံရ

ဧရာဝတီတိုင်းမ်
မေလ ၉ ရက် ၂၀၂၃
 

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ မေလ ၅ ရက်နေ့ကစက်လှေတစ် စီးပေါ်ကနေ ရိုဟင်ဂျာ ၆၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၆၂ ဦးမှာ အမျိုးသား ၅၀ဦး၊အမျိုးသမီး ၁၂ ဦး တို့ဖြစ်ကြပြီး ၁၈နှစ်မပြည့်သေး သူ အချို့ပါ၀င်ကာ သူတို့ကို လှေနဲ့ တင်ဆောင်လာတဲ့ မြန်မာလူမျိုး (၅) ဦးကိုလည်း စစ်ကောင်စီရေ တပ် က ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

Wednesday, April 26, 2023

အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၅ ဦး ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးခံရ

VOA
အေးအေးမာ
၂၆ ဧပြီ၊ ၂၀၂၃
အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၅ ဦး ထိုင်းနိုင်ငံထဲဖမ်းမိ (ဧပြီ ၂၆၊ ၂၀၂၃)

အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၅ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူမှောင်ခိုတွေက မလေးရှားကိုပို့ဖို့ ကားထဲမှာ ဝှက်ပြီးခေါ်လာတာလို့လည်းဆိုပါတယ်။အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်တလုံပြည်နယ် ပဘွန် မြို့နယ်ထဲက အာရှ အဝေးပြေးလမ်းမကြီးမှာ ဧပြီလ ၂၅ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်ကားတစီးကိုလုံခြုံရေးအာဏာပိုင်တွေက ရပ်တန့်စစ်ဆေးရာမှာတော့ ရိုဟင်ဂျာ ၂၅ဦးကိုဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးက အခုလို ပြောပြပါတယ်။

Tuesday, April 4, 2023

ရိုဟင်ဂျာ ၁၃၀ ခန့်ပါလာတဲ့လှေ မုတ္တမပင်လယ်ကွေ့အနီး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.04.04 

မွန်ပြည်နယ် ချောင်းဆုံမြို့ အနောက်မြောက်ဘက် မုတ္တမပင်လယ်ကွေ့အနီးတွင် စစ်ကောင်စီရေတပ်မှ ဖမ်းဆီးခဲ့သည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မွန်ပြည်နယ် ချောင်းဆုံမြို့ရဲ့ အနောက်မြောက်ဘက် မုတ္တမပင်လယ်ကွေ့အနီးမှာ ရိုဟင်ဂျာ ၁၂၈ ဦးပါ စက်လှေကို ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့ဘဝမှာ အနာဂတ်ဆိုတာ မရှိတော့ဘူးဆိုတဲ့ ခံယူချက်နဲ့ ရုန်းထွက်လာတာပဲ”

အဲဒီစက်လှေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာလာတာဖြစ်ပြီး ချောင်းဆုံမြို့နယ်ထဲက ရွာတွေမှာ ရိက္ခာဝယ်ယူဖို့ ပွဲစားတွေ သွားရောက်ချိန်မှာ သတင်းပေးလို့ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Tuesday, March 28, 2023

သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံရ

လွတ်လပ်သောမွန်သတင်း အေဂျင်စီ
March 26, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အား တင်ဆောင်လာသည့် စက်လှေနှင့် လှေသားများပါ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံများအတွင်း ရိုဟင်ဂျာများ ရောက်ရှိနေကြောင်း သတင်းအရ စစ်ကောင်စီတပ်၊ လ.ဝ.က၊ လုံခြံရေးရဲတပ်ဖွဲ့နှင့် မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က သွားရောက်ရှာဖွေခဲ့ရာ ရိုဟင်ဂျာများအား ဖမ်းဆီးရခြင်းဖြစ်သည်။
                                                                     

သံဖြူဇရပ်နှင့် ပန်းတောင်းတွင် ရိုဟင်ဂျာ ၃၁ ဦးဖမ်းဆီးခံရ

DVB 
27 March, 2023

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တို့မှာ   မတ်လ ၂၆ ရက်က အထောက်အထားမဲ့ ရိုဟင်ဂျာ  ၃၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံဖြူဇရပ်မြို့နယ်၊ ခလောက်ချကျေးရွာအနီးမှာ မနေ့ နေ့လယ်က  ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေက လိုက်လံရှာဖွေရာမှာ ဖမ်းမိခဲ့တာလို့  ဒေသခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */