RFA
RFA Burmese
2022.12.20
၂ဝ၂၁
ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးမြို့အနီးရှိ
Bireuen ပင်လယ်ပြင်တွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော
စက်လှေတစ်စင်း။
AFP
AFP
အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်
ရိုဟင်ဂျာ ၂ဝဝ ကျော်ကို တင်ဆောင်လာတဲ့ လှေတစ်စီး ပင်လယ်ထဲမှာ
ရက်ပေါင်းများစွာ မျောနေတာကို ကယ်တင်ဖို့ အာဆီယံနိုင်ငံတွေက
လွှတ်တော်အမတ်တွေပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ဒီဇင်ဘာလ ၂ဝ ရက်နေ့က
တိုက်တွန်းလိုက်ပါတယ်။
ပင်လယ်ထဲ မျောနေတဲ့ လှေပေါ်က ဒုက္ခသည်တွေကို
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့အာဆီယံနဲ့ဒေသ တွင်း နိုင်ငံတွေကို
အရေးပေါ် တိုက်တွန်းကြောင်း APHR အဖွဲ့က အင်ဒိုနီးရှား လွှတ်တော်အမတ်ဟောင်း
အီဗာ ဆန်ဒါရီက ပြောပါတယ်။