" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မေဝေဝနု. Show all posts
Showing posts with label မေဝေဝနု. Show all posts

Thursday, November 18, 2021

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ မဝေဝေနု DvF နိုင်ငံတကာ ဆု ချီးမြှင့်ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2021 

ဝေဝေနု


လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဦး ဆောင်လှုပ်ရှားနေကြတဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ Diane von Furstenburg (DvF) ဆု ဒီနှစ် ချီးမြှင့်ခံရသူတွေထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ် အမျိုးသ မီး မဝေဝေနုလည်း ပါဝင်ပါတယ်။

“ဒီလိုဆုမျိုး ချီးမြှင့်ခံရတာကြောင့် ကျမလုပ်ရပ်တွေ မှန်ကန်တယ်လို့ နားလည်သဘောပေါက် လာပါတယ်။ အထူးသဖြင့် လူနည်းစုအသိုင်းအဝိုင်းထဲက အမျိုးသမီးတယောက် အသိအမှတ်ပြုခံရဖို့ဆိုတာ ခက်ခဲပါ တယ်။ အခုလို ဆုချီးမြှင့်ခံရလို့ ဝမ်းသာဂုဏ်ယူ ကျေနပ်မိသလို အဓိပ္ပါယ်ရှိတယ်လို့ ခံစားရပါတယ်" ဆိုပြီး နိုင်ငံတ ကာ DvF ဆု ချီးမြှင့်ခံရတဲ့ မဝေဝေနုက ပြောပါတယ်။

Friday, August 14, 2020

ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2020-08-13


ရိုဟင်ဂျာဒုက္ခသည်တွေအရေး လုပ်ဆောင်နေတဲ့ Refugee International အဖွဲ့နဲ့ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်တွေ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ တွေ့ ကြုံ ခဲ့ရတာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း တရားဝင်သတ်မှတ်ခေါ်ဆိုဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */