2020.04.05
Showing posts with label သတင်းထောက်. Show all posts
Showing posts with label သတင်းထောက်. Show all posts
Sunday, April 5, 2020
ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနကို ရဲတပ်ဖွဲ့ ဝင်ရောက် ရှာဖွေ၊သတင်းထောက်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွား
Myanmar Now
2020.04.05
စစ်တွေမြို့အခြေစိုက် ရခိုင်သတင်းဌာနတခုဖြစ်သည့် နိရဉ္စရာသတင်းဌာနကို ယနေ့ညနေ ၅နာရီခွဲခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သတင်းထောက် သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါ သတင်းဌာနမှ စာတည်းမှူး ကိုနောင်ခိုင်အောင်က Myanmar Now ကိုပြောသည်။
2020.04.05
Wednesday, May 8, 2019
အကျဉ်းသား ခြောက်ထောင်ကျော် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတဲ့အထဲ ရိုက်တာသတင်းထောက် နှစ်ဦးပါ
B B C
ဘီဘီစီ မြန်မာပိုင်း
7 မေ 2019
နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၅၂၀ ဦးကို မေလ ၇ ရက်နေ့က သမ္မတကပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လည်း ပါဝင်တာဖြစ်ပါတယ်။7 မေ 2019
Reuters သတင်းထောက် ၂ ယောက် ပြန်လည် လွတ်မြောက်
Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (မေ၊ ၀၇၊ ၂၀၁၉)
သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ရိုက်တာသ တင်းထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စတင်ဖမ်းဆီးခံရတဲ့ အချိန်ကနေ ရက်ပေါင်း ၅၀၀ ကျော်အကြာမှာ သတင်းထောက် ၂ ဦး ပြန်လွတ်လာတာပါ။
Tuesday, April 23, 2019
ရိုက်တာသတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတ ကာအဖွဲ့အစည်းတွေ တောင်းဆို
RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-22
ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
လွတ်လပ်တဲ့ အာရှအသံ
2019-04-22
ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦးနဲ့ ပတ်သက်ပြီး
တရားလွှတ်တော် ချုပ်ရုံးအနေနဲ့ သူတို့ကို ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့
ဆုံးဖြတ်သင့်တယ်လို့ နိုင်ငံတကာအရပ်ဘက်လေ့ လာစောင့်ကြည့်ရေး အဖွဲ့တွေက
တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
Wednesday, April 17, 2019
ရိုက်တာသတင်းထောက်နှစ်ဦး သမ္မတလွတ်ငြိမ်းခွင့် မရ
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ကိစ္စကို စုံစမ်း ဖော်ထုတ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်ခဲ့ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို သတင်းသမားတွေအတွက် အမြင့်ဆုံးဆု Pulitzer ဆုကို ချီးမြင့်ခံလိုက်ရပေမယ့် ဒီကနေ့ မြန်မာ နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ် ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ သူတို့ ၂ ဦး ပါမလာပါဘူး။ သူတို့ ၂ ဦးရဲ့ မိ သား စုဝင်တွေကတော့ ဆုရတဲ့အတွက် ၀မ်းသာနေကြသလို သူတို့ အမြန် ပြန်လွတ်လာဖို့အတွက်လည်း မျှော်လင့် စောင့်ဆိုင်းနေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
Subscribe to:
Posts (Atom)