Showing posts with label မုဒိန်းမှု. Show all posts
Showing posts with label မုဒိန်းမှု. Show all posts

Thursday, October 20, 2022

အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦး အား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်

နိရဉ္စရာ၊
အောက်တိုဘာ ၂၀/၂၀၂၂

အိမ်ထောင်သည် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သူ ရက္ခိုင့်တပ်တော် (AA)မှ တပ်သားအဆင့်ရှိသူ ရဲဘော် နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက် အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။။

အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲ ဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင် ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။

Friday, February 15, 2019

အစီအစဉ်ရှိရှိ စနစ်တကျသတ်ဖြတ်မှု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြင်းဆို

RFA  
လွတ်လပ်တဲ့အာရှအသံ
2019-02-15
           တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခမ်းအနားမှာ တွေ့ရစဉ်

 ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အစီအစဉ်ရှိရှိ စနစ်တကျ ကျူး လွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းပြီး၊ အခိုင်အမာသက်သေ မရှိတဲ့ ပြောဆိုချက်တွေဟာ မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို စော်ကားမှုပဲ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */