VOA
ဗွီအိုအေမြန်မာပိုင်း
20 ဇန်နဝါရီ၊ 2022
နိုင်ငံတကာတရားရုံး ICJ (ဓာတ်ပုံ - AFP)
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ICJ ကြားနာပွဲချေပခွင့် စစ်ကောင်စီနဲ့ NUG အပြိုင်တင်သွင်းထား
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့အခြေစိုက် ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှု ဒုတိယအကြိမ် ကြားနာပွဲအတွက် စစ်ကောင်စီ ဘက်က ဝန်ကြီးတဦး ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ဖြေရှင်းဖို့စီစဉ်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။