လွတ်လပ်တဲ့အာရှအသံ ( RFA )
07 ဒီဇင်္ဘာ 2019
■ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင် ရာတရားရုံး မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်ကထောက်ခံကြောင်းအမေရိ ကန်ရောက်တိုင်းရင်းသားတွေ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို အမေရိကန်-ကရင်တိုင်းရင်းသားများအဖွဲ့က ဦးဆောင်တာဖြစ်ပြီးတော့ ရခိုင်၊ကချင်၊မွန်နဲ့ မြန်မာ-မွတ်ဆလင်တွေလည်း ပါဝင်ခဲ့ပြီး လူအင်အား တစ်ရာလောက်ရှိပါတယ်။ မြန်မာသံရုံးဘက်ကတော့ ဘာမှတုန့်ပြန်တာမရှိခဲ့ပါဘူး။
လင့်၊https://www.youtube.com/watch?v=azbOOW9wCK0
Showing posts with label မြန်မာသံရုံး. Show all posts
Showing posts with label မြန်မာသံရုံး. Show all posts
Sunday, December 8, 2019
ICJ/ICC တရားစွဲ စုံစမ်းစစ်ဆေးမှု ထောက်ခံကြောင်း ဝါရှင် တန် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စုဝေး ဆန္ဒပြသူများ။ (ဓာတ်ပုံ - Karen Organization America, ဒီဇင်ဘာ ၇၊ ၂၀၁၉)
မြန်မာစစ်တပ်နဲ့ အစိုးရဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူး လွန် ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် တရားမျှတမှု ရှိလာအောင် ICJ နဲ့ ICC တရားရုံး တွေ က လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေက ပြောဆို လိုက်ကြပါတယ်။ စနေနေ့က ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့် အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
Tuesday, May 14, 2019
ရခိုင်မှာအရပ်သားတွေအပေါ် မြန်မာစစ်တပ်အကြမ်း ဖက်မှု အရေးယူပေးဖို့ ၀ါရှင်တန်မြန်မာသံရုံးရှေ့ ဆန္ဒ ပြတောင်းဆို
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား အရပ် သားပြည်သူတွေအမှုကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်း ဆိုလိုက်ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို အလေးထား ဆောင်ရွက်နေတယ်လို့ မြန်မာ သံအမတ်ကြီးက တုန့်ပြန်ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြော ပြမှာပါ။
Subscribe to:
Posts (Atom)