" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂမ်ဘီယာ. Show all posts
Showing posts with label ဂမ်ဘီယာ. Show all posts

Friday, November 17, 2023

ယူကေ အပါအဝင် ၆ နိုင်ငံက ICJ မှာ မြန်မာကိုတရားစွဲတဲ့ ဂမ်ဘီယာဘက်ကနေကြားဝင်

BBC
၁၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကျူးလွန်ခဲ့တယ်ဆိုပြီး အပြည် ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အပေါ် ယူကေ အပါအဝင် ၆ နိုင်ငံက ပူးတွဲကြားဝင်ဆောင်ရွက်မှုဆိုင်ရာ ကြေညာချက်တစ်ရပ်ကို တင်သွင်းလိုက် တယ်လို့ ယူကေအစိုးရနဲ့သက်ဆိုင်ရာနိုင်ငံတွေကထုတ်ပြန်ပါတယ်။

Tuesday, November 14, 2023

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက် အချာအဖြစ် အသရေဖျက်

ဧရာဝတီ
14 November 2023

ဆောင်းပါးရှင်များ ဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဒေါ်ရင်ရင်နွယ်

အနောက်အာဖရိကမှ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံ တကာတရား ရုံး (ICJ) တွင် ဆက်လက် တရားစွဲဆိုနေစဉ် မြန်မာစစ်ကောင်စီသည် ထိုနိုင်ငံကို သမိုင်းဝင် ကျွန်စနစ်မှ ဆင်းရဲသော လိင်ခရီးသွားလုပ်ငန်း အချက်အချာ ဖြစ်လာသည့်နိုင်ငံအဖြစ် အသရေဖျက်ရန် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများကို အသုံးပြုသည်။

Wednesday, October 25, 2023

ICJ အမှု နှစ်ဖက်လျှောက်လဲချက်ပေးဖို့ တစ်နှစ်ကျော် အချိန်တိုးပေး

RFA
RFA Burmese
2023.10.24

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ

နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက် ပြီး နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်ပေးဖို့အတွက် တရားရုံးက ထပ်တိုးအချိန်တွေသတ်မှတ်ခွင့်ပြု လိုက်ပါ တယ်။

အောက်တိုဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ICJ တရားရုံးရဲ့ အမိန့်ကြေညာချက်မှာ ဒုတိယအကြိမ် လျှောက် လဲ ချက်တင်နိုင်ဖို့ နှစ်နိုင်ငံလုံးကို နောက်ထပ် ခုနှစ်လစီ အချိန်ထပ်တိုး ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

Tuesday, September 12, 2023

ICJ ရောက် ရိုဟင်ဂျာအမှု ဂမ်ဘီယာနဲ့အတူ ပြင်သစ်ပါဝင် မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၂ စက်တင်ဘာ၊ ၂၀၂၃

BANGLADESH-FRANCE-POLITICS-DIPLOMACY

နိုင်ငံတကာတရားရုံးကိုရောက်နေတဲ့ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုမှာ ပြင်သစ် က ဝင်ရောက်ဆောင်ရွက် မယ် လို့ ပြင်သစ်သမ္မတ အီမင်န်နျူရယ် မက်ခရွန်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာတို့ရဲ့ ပူးတွဲကြေညာချက်မှာ ပြောလိုက်ပါတယ်။

Wednesday, April 19, 2023

ရိုဟင်ဂျာကိစ္စဖြေရှင်းရန် စစ်ကောင်စီ အချိန်တိုးတောင်းမှု ICJ ပယ်ချ

Myanmar Now
ထူးအောင်
April 19, 2023

ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုချက်များကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရန် အချိန်မလုံလောက်ဟု အကြောင်းပြကာ စစ်ကောင်စီက အချိန် ၁၀ လ တိုးတောင်းသော်လည်း ပယ်ချခံရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီကိုယ်စား စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင်၍ ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့စဉ်။ 


ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုရင်ဆိုင်နေရသည့် စစ်ကောင်စီက စွပ်စွဲချက်များ ဖြေရှင်းရေး အချိန် ၁၀ လ တိုးတောင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းခံရကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး၌ သွား ရောက်ဖြေရှင်းခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင် ၍ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်ဖြေရှင်းပြီး ဖြစ်သည်။

Thursday, July 21, 2022

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက် - အိုင်စီဂျေ တရားရုံး ဘယ်လို ဆုံးဖြတ်မလဲ

BBC
၂၁ ဇူလိုင် ၂၀၂၂ 

၂၀၂၂ ဖေဖော်ဝါရီလက အိုင်စီဂျေ တရားရုံးမှာ ကြားနာစဉ်
 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး အိုင်စီဂျေတရားရုံးက ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်ပါတယ်။

Tuesday, March 1, 2022

လူမျိုးတုံးသတ်ဖြတ်မှု ICJ ကနေ အရေးယူနိုင်ဖို့ နစ်နာ သူတွေ မျှော်လင့်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-03-01 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
  Photo: MUNIR UZ ZAMAN / AFP

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ဂမ်ဘီယာက မြန်မာကို အပြည်အပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ကိစ္စ ဒုတိယမြောက် ကြားနာစစ်ဆေးမှုတွေဟာ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၃ ရက်၊ ၂၅ ရက်နဲ့ ၂၈ရက်နေ့တွေ မှာ နှစ်ဖက် အပြန်အလှန် လျှောက်လဲခဲ့ကြပြီးတဲ့နောက် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွဲချက်တင်၊ မတင် တရားရုံးက မကြာခင်မှာ ဆုံးဖြတ်တော့မှာပါ။

သဘောတူထားတာကို ချိုးဖောက်မှုက အဓိကပြဿနာဟု ဂမ်ဘီယာတင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဖေဖော်ဝါရီ၊ 2022


 

ရိုဟင်ဂျာ Genocide အမှု မြန်မာနိုင်ငံအပေါ် စွဲဆိုခွင့် ရှိ ကြောင်း ICJ မှာ Gambia လျှောက်လဲ

 [Unicode]

သဘောတူထားတာကို ချိုးဖောက်မှုက အဓိကပြဿနာဟု ဂမ်ဘီယာတင်ပြ

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွဲဆိုချက်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ သောကြာ နေ့ က မြန်မာနိုင်ငံရဲ့တင်ပြချက်အပေါ် ဂမ်ဘီယာနိုင်ငံက အခု သတင်းကြေညာနေတဲ့အချိန်မှာ ချေပလျှောက် လဲ သွားပါတယ်။

ဂမ်ဘီယာက လျှောက်ထားရာမှာ မြန်မာတင်ပြခဲ့တာက အရင်တင်ပြခဲ့တတွေကိုပဲ တင်ပြတာကြောင့် အနည်းငယ် ပဲ တင်ပြပါမယ်လို့ အစချီပြီး ဂမ်ဘီယာကို မြန်မာက စွပ်စွဲသလို OIC ရဲ့ ခိုင်းစေချက်အရလုပ်တာမဟုတ်ကြောင်း အထောက်အထားတွေ တင်ပြသွားပါတယ်။

အဓိကအကြောင်းက လူမျိုးသုဉ်း လုပ်ရပ်များဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်မှာ သဘောတူခဲ့သလို မြန်မာ က မထိန်းသိမ်းဘဲ ချိုးဖောက်တာဖြစ်တယ်လို့ ပြောသွားပါတယ်။

Saturday, February 26, 2022

မြန်မာ ကန့်ကွက်ချက် လက်မခံရန် ICJ တွင် ဂမ်ဘီယာ လျှောက်ထား

ဧရာဝတီ
24 February 2022
ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့် အခြေအနေများသည် တရားမျှတမှုရရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း ထောက်ပြပြောဆိုသည်

မြန်မာကိုယ်စားလှယ်များဘက်က လျှောက်ထားသည့် ကန့်ကွက်ချက်များကို လက်မခံဘဲ ပယ်ချရန် ဂမ်ဘီယာ ကိုယ် စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဖေဖော်ဝါရီလ ၂၃ ရက်က လျှောက်ထားသည်။

နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည် ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေ များက တရားရုံး၌ ပြောကြားခြင်းဖြစ်သည်။

Wednesday, February 23, 2022

မြန်မာကန့်ကွက်မှုပယ်ချဖို့ ICJ ကို ဂမ်ဘီယာနိုင်ငံလျှောက် ထား

VOA
ဗွီအိုအေမြန်မာပိုင်း
23 ဖေဖော်ဝါရီ၊ 2022
ကျော်ကျော်သိန်း

ICJ

[[Zawgyi/Unicode]]

နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘက်က ကန့်ကွက်ထားတာကို ပယ်ချပေးဖို့ ဒီကနေ့ကြားနာပွဲအတွင်း ဂမ်ဘီယာရှေ့နေချုပ်က ICJ မှာ တင်ပြ သွားပါတယ်။ မြန်မာနိုင်ငံဘက်က ထောက်ပြကန့်ကွက်နေသလိုမျိုး ဂမ်ဘီယာနိုင်ငံဟာ ဘယ်နိုင်ငံ ဘယ်အဖွဲ့ အစည်းကိုယ်စားမှ လုပ်ဆောင်နေတာမဟုတ်ဘူးလို့လည်း အခိုင်အမာ ပြောသွားပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အိုင်စီဂျေအမှု - မြန်မာကို ဂမ်ဘီယာကိုယ်တိုင်က တရားစွဲ ခွင့်ရှိကြောင်း ဂမ်ဘီယာဘက်က လျှောက်လဲ

B B C

ဘီဘီစီမြန်မာပိုင်း
23.02.2022

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ကြားနာနေရာမှာ မြန်မာဘက်က လျှောက်လဲခဲ့ တာတွေအားလုံးကို ပယ်ချဖို့အပါအဝင် ဂမ်ဘီယာဘက်က ဒီကနေ့ လျှောက်လဲချက် ပေးပါတယ်။

တနင်္လာနေ့မှာ မြန်မာဘက်က ကနဦး ကန့်ကွက်လွှာကို ကြားနာမှုအပြီးမှာ အခုအခါ ဂမ်ဘီယာဘက်က လျှောက် လဲရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာအမှု ဂမ်ဘီယာရဲ့လျှောက်လဲချက် ဒီနေ့တင်သွင်း မည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.22 

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာအရေး ကြားနာစစ်ဆေးစဉ်။
Photo: Ministry of Foreign Affairs Myanmar


မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီ ယာ နိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှု ကြားနာစစ်ဆေးမှုကို ဒုတိ ယနေ့အဖြစ် ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ဒီနေ့တင်ပြမှာပါ။

ဒီအမှုကို အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာဖြစ် ပြီး နိုင်ငံ အနေနဲ့ပဲ အခြားတစ်နိုင်ငံကို တရားစွဲဆိုခွင့် ရှိတဲ့အတွက် ICJ တရားရုံးအနေနဲ့ စစ်ဆေးစီရင်ခွင့် မရှိကြောင်း မြန်မာဘက်က ရှေ့နေတွေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြားနာစစ်ဆေးမှုမှာ လျှောက်လဲ ချက် ပေးခဲ့ပါတယ်။

Tuesday, February 22, 2022

The Hague မှာ ကြားနာရာမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ် ဖြတ်မှု အမှုကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံး ကို မြန်မာစစ်အစိုးရက တောင်းဆို

ဧရာဝတီ
AFP
22 ဖေဖော်ဝါရီ 2022
“စစ်တပ်က အာဏာသိမ်းပြီးကတည်းက အခြေအနေတွေက အဆက်မပြတ် ဆိုးရွားနေပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဦးကိုကိုလှိုင် (ဝဲ) သည် ဖေဖော်ဝါရီ ၂၁ ရက် ICJ တွင် ကြားနာမှုတစ်ခု၌ မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့တရားရုံးရှေ့မှောက်တွင် ခုခံကာကွယ်ရန် ရောက်ရှိလာသည်။ / ICJ

ရိုဟင်ဂျာမွတ်ဆလင်တွေကို နှိပ်စက်ညှဉ်းပန်းမှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကိစ္စနဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံက တနင်္လာနေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရား ရုံးကိုတရား ဥပဒေကြောင်းအရ တောင်းဆိုချက်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် 2019 ခုနှစ်တွင် ဆွဲထုတ်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲကာ မြန်မာနိုင်ငံအား 2019 ခုနှစ်တွင် ဆွဲထုတ်ခဲ့သည်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
၂၁ ဖေဖော်ဝါရီ ၂၀၂၂

မြန်မာဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေကို တင်ပြလျှောက်လဲ
[ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့

ICJ မှာ စစ်ကောင်စီ ဖြေရှင်းခွင့်ရ၊ NUG နဲ့ လူ့အခွင့်အရေး အဖွဲ့တွေ ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊သတင်းများ
2022.02.21

 [ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ ကို ဂမ်ဘီယာ နိုင်ငံ က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ ပက်သက်ပြီး၊ လေးရက်ကြာ ကြားနာ စစ် ဆေးမှုတွေကို မနေ့က နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြားနာပွဲကိုတက်ရောက်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်အဆိုင်ကြိုး စားခဲ့ ကြပေမယ့် စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်ရနေပါတယ်။

Monday, February 21, 2022

ဂမ်ဘီယာစွဲဆိုမှု ICJ မှာ ကြားနာပိ်ုင်ခွင့်မရှိဟု စစ်ကောင် စီ ချေပ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
21 ဖေဖော်ဝါရီ၊ 2022
Ko Ko Hlaing at ICJ hearing

[ Unicode:]
 
မြန်မာနိ်ုင်ငံနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာဘက်က စွပ်စွဲတင်ပြလာချက်တွေကို ကြားနာ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ICJ တရားရုံးမှာ ဒီကနေ့ လျှောက်
ထားပါတယ်။ ဒါပေမယ့် တဘက်မှာတော့ မြန်မာနိ်ုင်ငံအနောက်ခြမ်းကပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနို
င်ဖို့ ပိုင်းဖြတ် ကြိုးစားနေတယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ICJ ရိုဟင်ဂျာအမှု နိုင်ငံကိုယ်စားပြုဖို့ စစ်ကောင် စီ မဖြေ ရှင်း နိုင်ဟု NUG ရှင်းလင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
21 ဖေဖော်ဝါရီ၊
   
Zin Mar Aung on ICJ Presser
[[Unicode]]

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ရိုဟင်ဂျာအမှုရင်ဆိုင်နေရာမှာ မြန်မာစစ်ကောင်စီက နိုင်ငံကိုယ်စားပြုပါဝင် နေမှုကို လက်မခံနိုင်ဘူးလို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။ စစ်ကောင်စီကမြန် မာနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ် ဇင်မာအောင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။

Thursday, September 3, 2020

ICJ အမှုမှာ ကနေဒါနဲ့ နယ်သာလန် ဂမ်ဘီယာဘက်က ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
03 စက်တင်ဘာ၊ 2020
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး François-Philippe Champagne နဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Stef Blok တို့နှစ်ဦး

လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာ ကို ဂမ်ဘီယာက စွဲထားတဲ့ အမှုအတွက် ကနေဒါနဲ့ နယ်သာလန် နှစ်နိုင်ငံလုံးက ဥပဒေကြောင်းအရ ဂမ်ဘီယာဘက်ကနေ ပါဝင်ကူညီ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။

Saturday, July 25, 2020

အိုင်စီဂျေ လူမျိုးတုံးသတ်ဖြတ်မှု မြန်မာ နဲ့ ဂမ်ဘီယာ နှစ်ဖက် လျှောက်ထားချိန် ၃ လ ရွှေ့ဆိုင်း

BBC
၂၅ မေ ၂၀၂၀ 

အခုလို သုံးလ ရွှေ့ဆိုင်းပေးဖို့ ဂမ်ဘီယာဘက်က တရားရုံးကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားရာမှာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နှစ်ဖက် လျှောက်ထားရမယ့်အချိန်တွေကို တရားရုံးက သုံးလစီ နောက်ဆုတ်လိုက်တယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က ဘီဘီစီကို ပြောပါတယ်။

Friday, June 12, 2020

မြန်မာ တပ်နဲ့ရဲ ဖေ့စ်ဘွတ် အချက်အလက်တွေ ထုတ်ပေးဖို့ အမေရိကန်တရားရုံးမှာ ဂမ်ဘီယာ တောင်းဆို

B B C
 ဘီဘီစီ မြန်မာပိုင်း
11 ဇွန် 2020
သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေ
 

မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်တွေနဲ့ မှတ်တမ်းမှတ်ရာတွေကို ဖေ့စ်ဘွတ်က ထုတ်ပြန်ပေးရေး အမိန့်ချပေးဖို့ ဂမ်ဘီယာ ရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */