" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နွားရုံတောင်. Show all posts
Showing posts with label နွားရုံတောင်. Show all posts

Monday, July 15, 2019

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ရွာ နေအိမ်တချို့ မီးရှို့ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-14


                                   ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

                                      

ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့ကတိုက်ပွဲကြောင့် နွားရုံတောင်ကျေး ရွာ၊ သျှီရှားတောင်၊ ကွမ်းတောင်၊ စပါးထာစတဲ့ ကျေးရွာတွေက ဒေသခံ စုစုပေါင်း ၂၆၀၀ ခန့်ဟာ နေရပ်တွေ မှာ မနေရဲတော့ဘဲ ထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ အခြေအနေကို နွားရုံတောင်ကျေးရွာသား ဦးကျော်ထွန်းစိန် က အခုလို ပြောပါတယ်။

Sunday, July 14, 2019

တိုက်ပွဲဖြစ်ပွားအပြီး ဘူးသီးတောင်မြို့နယ်နွားရုံ တောင် ရွာမှ နေအိမ်တချို့မီးရှို့ခံရဟုရွာသားများဆို

နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာအနီး ဇူလိုင် ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ပွား ပြီး
 နောက် လူနေအိမ်တစ်ချို့ မီးရှို့ခံခဲ့ရသည်ဟု ဒေသခံ ကျေးရွာသားများက ပြောသည်။

ယမန်နေ့ နေ့လယ် ၂ နာရီခန့်က နွားရုံတောင်ကျေးရွာ အရှေ့ဘက် တစ်မိုင်ခန့် အကွာ တောင်တန်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် AAတို့ အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မီးရှို့ ခံခဲ့ရသည်ဟု ပြော ဆိုသည်။

Sunday, April 21, 2019

ဘူးသီးတောင်က ကျေးရွာတချို့မှာ လက်နက်ကြီးကျ လို့ ရွာလုံးကျွတ် ထွက်ပြေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-20
ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားယုံတောင်၊ သျှိသျှားတောင်၊ စန်ဂိုးတောင်၊ ဥယျာဉ်သာ၊ ကွင်းသာနဲ့ စပါးထာ စတဲ့ကျေးရွာမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

Friday, April 12, 2019

ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စ ခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင် တစ် ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလည်း စခန်းကို စွန့်ခွာသွားကြသည်ဟု နွားရုံတောင် ကျေးရွာသား တစ် ဦးက ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */