Showing posts with label အစီရင်ခံစာ. Show all posts
Showing posts with label အစီရင်ခံစာ. Show all posts
Tuesday, November 24, 2020
Friday, June 19, 2020
ICJ အစီရင်ခံစာကို လျှို့ဝှက်အဆင့်သတ်မှတ်ထားတယ်လို့ အစိုးရ ပြော
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.19
မြန်မာအစိုးရဘက်က ICJ ထံ တင်သွင်းထားတဲ့ ပထမဆုံး အစီရင်ခံစာနဲ့ ပတ်သက်ပြီး အများပြည်သူက ပွင့်ပွင့် လင်းလင်း အသိမပေးတဲ့အတွက် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

Monday, June 1, 2020
မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား
ဗွီအိုအေ (မြန်မာဌာန)
ဒီမိုကရေစီရေးရာသားညွန့်ဦး
01 ဇွန်၊ 2020
ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေး ချက်က ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာတမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုး တုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေ အနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ ဆို တာ ပါပါတယ်။ နောက်ဆုံးတချက်ကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ICJ ကို မြန်မာနိုင် ငံ အနေနဲ့ ပုံမှန်အစီရင်ခံစာ တင်သွင်းဖို့။ ကနဦးအားဖြင့်ဆိုရင် ဒီမေလ (၂၃) ရက်နေ့ကို နောက်ဆုံး ထားပြီး တော့ ပထမဦးဆုံး အစီရင်ခံစာ တင်သွင်းဖို့ဆိုတာပါပါတယ်။ ဒီနောက်ဆုံးအချက်ဖြစ်တဲ့ ကြားဖြတ်အစီ အ မံနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာ နောက်ဆုံး မေလ (၂၃) ရက်နေ့ကနေ မြန်မာနိုင်ငံကနေ ICJ ကို ပေး သွင်း လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီအစီအမံတွေနဲ့ ပတ်သက်ပြီးတော့ လိုက်လျောမယ်ဆိုတဲ့ သဘောတူညီချက်ကို ပြလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရအနေနဲ့၊ မြန်မာနိုင်ငံ အနေနဲ့ တကယ်ပဲ ICJ က အစီအမံတွေနဲ့ ပတ်သက်ပြီးတော့ ပြည့်မီအောင် ဆောင်ရွက်နိုင်ပါသလား ဆို တာကို Synergy လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကိုသက်ဆွေဝင်း ကို မေးမြန်းသွားပါမယ်။
Saturday, May 30, 2020
မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား
ICJ နိုင်ငံတကာတရားရုံးကို ရိုဟင်ဂျာအရေး ပထမဆုံးအစီရင်ခံစာ တင်တာ ကောင်းမွန်တဲ့ ခြေလှမ်းတ ရပ်ဖြစ်ပေမယ့် အစိုးရအနေနဲ့ ဒီကိစ္စမှာ နိုင်ငံစိတ်ဆန္ဒလိုအပ်နေသေးတယ်လို့ Synergy လူမှုသဟဇာတေ ဖ်ာဆောင်ရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး ကိုသက်ဆွေဝင်းက ပြောပါတယ်။ ကိုသားညွန့်ဦး အွန်လိုင် ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
Monday, May 25, 2020
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ အစီ ရင်ခံစာတင်သွင်း
DVB
By DVB
25 May 2020
By DVB
25 May 2020
ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှု နဲ့ပတ်သက်လို့ မြန်မာနိုငငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံကို မေလ ၂၃ ရက်က ပထမဆုံး အကြိမ် အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
အစီရင်ခံစာကို စနေနေ့က တင်သွင်းလိုက်တာဖြစ်ကြောင်း၊ ဒီအစီရင်ခံစာမှာ အိုင်စီဂျေက ညွှန်ကြားထားတဲ့ အချက် ၃ ချက်နဲ့ပတ်သက်ပြီး မြန်မာဘက်က ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေကို အခြေခံတင်ပြထားတာဖြစ် တယ် လို့ မြန်မာနိုင်ငံခြားရေးဌာန အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တူရကီ အခြေစိုက် နိုင်ငံတ ကာ သတင်းဌာန Anadolu Agency က ဖော်ပြပါတယ်။

Sunday, May 24, 2020
ICJ အစီရင်ခံစာအတွက် အစိုးရညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေ - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း
ဗိုလ်မှုးချုပ် ဇော်မင်းထွန်း
တပ်မတော်အနေနဲ့ ICJ နိုင်ငံတကာတရားရုံး အစီရင်ခံစာကိစ္စမှာ အစိုးရနဲ့
ပူးပေါင်းဆောင်ရွက်ထားသလို တပ်မတော်တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့လည်း စုံစမ်းစစ်
ဆေး အရေးယူဆောင်ရွက်နေတယ်လို့ ပြောဆိုတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြထားပါတယ်။
ဆေး အရေးယူဆောင်ရွက်နေတယ်လို့ ပြောဆိုတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှု အတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ
VOA
နိုင်ငံတကာတရားရုံး (ICJ).
ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင် ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

Saturday, May 23, 2020
ICJ ပို့မယ့် မြန်မာအစီရင်ခံစာ ဘာတွေပါသင့်သလဲ
VOA
ဗွီအိုအေ (မြန်မာဌာန)
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီ ကနေ့ မေလ ၂၃ ရက်နေ့မှာ ပထမဆုံး တင်သွင်းရမယ့် ကြားဖြတ်အစီအမံဆိုင်ရာ လေးလပြည့် အစီရင်ခံ စာအပေါ် သုံးသပ်ချက် အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ် လတ်တ လော လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်
နိုင်ငံတကာခုံရုံး ICJ ကို မြန်မာအစိုးရ အစီရင်ခံစာမတင်ခင်မှာပဲ ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်နေတဲ့ စစ် ရေးပဋိပက္ခတွေထဲ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။
Thursday, May 14, 2020
အစိုးရရဲ့ပထမဆုံး အစီရင်ခံစာ ICJ ခုံရုံးကို အချိန်မီ တင် သွင်းမည်
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.14
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင် ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အရေးယူပေးဖို့ ICJ ထံ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက တင်ပြခဲ့ပြီး တရားရုံးက ၂၀၂၀ ဇန်နဝါရီလကုန် မှာ ကြားဖြတ်စီရင်ချက် ချမှတ်ထားတာ ဖြစ်ပါတယ်။

Thursday, May 7, 2020
မြန်မာနိုင်ငံအနေဖြင့် ICJ ထံတင်သွင်းရမည့် အစီရင်ခံစာ ကို မဖြစ်မနေ တင်သွင်းမည်
DVB
By ဇေယျာချမ်းအေး
7 May 2020
ရခိုင်ဒေသမှာ နယ်မြေမတည်ငြိမ်ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းရမယ့် အစီ ရင်ခံစာကို မဖြစ်မနေ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်တာတွေရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တ ရားစွဲဆိုထားတာပါ။ ICJ က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဒီအမှုနဲ့ပတ်သက်ပြီး ကြားဖြတ်အစီအမံလေးခုကို မြန် မာ နိုင်ငံအပေါ်ချမှတ်ခဲ့ပါတယ်။ အဲဒီအချက်လေးချက်ထဲမှာ ပုံမှန်အစီအရင်ခံစာတင်သွင်းဖို့ ဆုံးဖြတ်ချက် ပါဝင်ခဲ့ပါတယ်။

Tuesday, May 5, 2020
ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရပြင်ဆင်
ICJ အပြည်ပြည်ဆိုင်ရာတရားရုံး
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီရင်ချက်လေး ချက် ချမှတ်ခဲ့ရာမှာ လေးလအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုတွကို ICJ ကို ပြန်အစီရင်ခံရမယ် ဆိုတာ ပါဝင်ပါတယ်။
Wednesday, April 22, 2020
ICJ ထံ တင်သွင်းမယ့် ပထမဆုံးအစီရင်ခံစာ ပြင်ဆင်မှု ဘယ်လိုရှိလဲ
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-04-22
2020-04-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP
Photo: AFP
ပထမဆုံးတင်သွင်းမယ့် အစီရင်ခံစာမှာ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်ဆုံးဖြတ်ချက်တွေကို ဆောင်ရွက်ရာမှာ တိုးတက်တဲ့အခြေအနေ၊ အခက်အခဲတွေအပါအဝင် ဒုက္ခသည်တွေ ပြန်လက်ခံရေး အစီအစဉ်ကို ထည့်သွင်းတင်ပြဖို့လိုတယ်လို့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။
Thursday, February 27, 2020
Michelle Bachelet ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင် ခံစာ
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
■ မြန်မာနိုင်ငံထဲက ရိုဟင်ျဂာ မွတ်စလင်တွေအပါအဝင် တခြားသောတိုင်းရင်းသားတွေ လူ့အခွင့်အေရး ခြိုး ဖောက် မှုဒဏ်ခံနေရမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတေစာင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအေဝး မွာ တင်ခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။
လင့်၊https://www.youtube.com/watch?v=SR1OZfu0xtk

ရိုဟင်ဂျာအခွင့်အရေး ကုလမဟာမင်းကြီးအစီရင်ခံစာ တင်သွင်း
VOA
ဗွီအိုအေ (မြန်မာဌာန
27 ဖေဖော်ဝါရီ၊ 2020
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်း
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ နိုင်ငံတွင်း ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအ ခွင့်အရေး အကာအကွယ်ပေးဖို့ မဖြစ်မနေအရေးကြီးတာကြောင့်၊ ဒီအခွင့်အရေးတွေကို အာမခံမယ့် ဥပဒေနဲ့မူဝါဒ ဆိုင်ရာပြင်ဆင်မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က မြန် မာအစိုးရကို တိုက်တွန်းပါတယ်။
Friday, February 21, 2020
အိုင်စီအိုအီးအစီရင်ခံစာ နိုင်ငံတကာအသိုင်းအဝိုင်းကြား သက်ရောက်မှုရှိနိုင်မလား
Frontier
MYANMAR
နိုင်ငံတကာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့၊ နိုင်ငံတော်ကခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်က တပ်မေ တ်ာအနေနဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ထုတ်ရေးသားလိုက်ပါတယ်။
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ် လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ ရက်က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ နောက် တစ်ရက်မှာတော့ အစီရင်ခံစာ အကျဉ်းကို အများပြည်သူ ဖတ်ရှုနိုင်အောင် ထုတ်ပြန်ပါတယ်။
MYANMAR
အေအက်ဖ်ပီ
Friday, February 21, 2020
Friday, February 21, 2020
စည်သူအောင်မြင့်
ကော်မရှင်၏ ပထမဆုံး ရခိုင်ခရီးစဉ်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး
ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ မစ္စ ရို ဆာရီယို မယ်နာလိုက ၂၀၁၈ ဩဂုတ် ၃၁ ရက်
စစ်တွေလေဆိပ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ နိုင်ငံတကာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့၊ နိုင်ငံတော်ကခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်က တပ်မေ တ်ာအနေနဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ထုတ်ရေးသားလိုက်ပါတယ်။
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ် လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ ရက်က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ နောက် တစ်ရက်မှာတော့ အစီရင်ခံစာ အကျဉ်းကို အများပြည်သူ ဖတ်ရှုနိုင်အောင် ထုတ်ပြန်ပါတယ်။
Monday, February 3, 2020
ICOE အစီရင်ခံစာ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိမလဲ
VOA
ဗွီအိုအေ (မြန်မာဌာန
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
03 ဖေဖော်ဝါရီ၊ 2020
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ် လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်န၀ါရီ ၂၀ ရက်နေ့က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ အဲနောက် ဇန်န၀ါရီ ၂၁ ရက်နေ့မှာ အစီရင်ခံစာ အ ကျဉ်း ကို နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်မှာ တင်ပြီး အများပြည်သူ သိအောင် ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖေါက်တယ် ဆိုပြီး အ ပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ကြားဖြတ်အမိန့် တစ်ရပ် ချမှတ်ဖို့ ၂ ရက်လောက် အလိုမှာမှ ထုတ်ပြန်တာ ဖြစ်လေတော့ အဲဒီ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုတော့ ရှိမသွားခဲ့ပါဘူး။ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အ ဖွဲ့ ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်၊ ဒါကို တပ်မတော်က နှိမ်နင်း၊ နောက်ပိုင်း သန်းတစ်ဝက်ကျော် ရှိ မယ့် မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး တဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူ့အခွင့်အရေး ချိုး ဖေါက်မှုတွေ ရှိခဲ့သလား ဆိုတာကို မြန်မာနိုင်ငံဘက်က စုံစမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး စုံစမ်းစစ်ဆေး တာ၊ တွေ့ရှိချက်တွေ ထုတ်ပြန်တာ လုပ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြု လက်ခံ တာ မျိုးတော့ မရှိခဲ့ပါဘူး။ အခု ICOE ရဲ့ အစီရင်ခံစာ ဘာတွေ ထူးခြားသလဲ၊ ဘယ်လို အချက်အလက်တွေ ဖော်ပြထားပြီး ဘယ်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြ ရ အောင် ပါ။

Wednesday, January 29, 2020
ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်
ဧရာဝတီ
By Bertil Lintner
29 January 2020
တကမ္ဘာလုံး အတိုင်းအတာဖြင့် မီဒီယာတွင် ထပ်တလဲလဲပြောဆိုမှုများနှင့် ဒုက္ခသည်များကိုယ်စား စည်းရုံး လှုံ့ ဆော်မှုများအရ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြား ဖြတ်အစီအမံများဆောင်ရွက်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းက အံ့အားသင့်စရာ ဖြစ် မလာခဲ့ပါ။
By Bertil Lintner
29 January 2020
၂၀၁၉ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ / Reuters
တကမ္ဘာလုံး အတိုင်းအတာဖြင့် မီဒီယာတွင် ထပ်တလဲလဲပြောဆိုမှုများနှင့် ဒုက္ခသည်များကိုယ်စား စည်းရုံး လှုံ့ ဆော်မှုများအရ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြား ဖြတ်အစီအမံများဆောင်ရွက်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းက အံ့အားသင့်စရာ ဖြစ် မလာခဲ့ပါ။
Sunday, January 26, 2020
ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို
ဧရာဝတီ
စမ်းယမင်းအောင်
26 January 2020
စမ်းယမင်းအောင်
26 January 2020
၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar
၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက် မှုများ ကို စုံစမ်း၍ထုတ်ပြန်ခဲ့သည့် မြန်မာအစိုးရ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင် ခံစာနှင့် ထိုအမှုများကို စုံစမ်းစစ်ဆေးအရေးယူရန် မြန်မာအစိုးရက ကြေညာခြင်းကို တာဝန်ခံမှုရှိရေးအ တွက် အရေးကြီးသည့်လုပ်ဆောင်ချက်အဖြစ် ဂျပန်အစိုးရက ကြိုဆိုလိုက်သည်။
Thursday, January 23, 2020
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု သက်သေအထောက်အထားမတွေ့ကြောင်း မြန်မာအစိုးရ ကဖွဲ့စည်းတဲ့ ကော်မရှင် အစီရင်ခံစာမှာဖော်ပြ
NHK WORLD JAPAN
အင်္ဂါ ဇန်နဝါရီလ 21
ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သက်သေအထောက် အထား ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ မတွေ့ခဲ့ပါဘူး။
ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ် သက်ပြီး ၂၀၁၈ခုနှစ်မှာ လွတ်လပ်တဲ့ စစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီကော် မရှင်မှာ အဖွဲ့ဝင် ၄ဦးပါဝင်ပြီး သူတို့ထဲက ၂ဦးဟာ နိုင်ငံခြားသား ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံအမတ်ဟောင်း ခန်းဇို အိုရှီးမ (Kenzo Oshima) ဖြစ်ပါတယ်။

Subscribe to:
Posts (Atom)