" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရှေ့နေချုပ် Karim AA Khan. Show all posts
Showing posts with label ရှေ့နေချုပ် Karim AA Khan. Show all posts

Saturday, July 8, 2023

ရိုဟင်ဂျာတွေအတွက် အရေးယူမှုတွေ အရှိန်မြှင့်ဖို့ ICC ရှေ့နေချုပ် ပြောကြား

RFA
RFA Burmese
2023.07.07

အိုင်စီစီရဲ့ ရှေ့နေချုပ် Karim AA Khan အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ်။Tanbir MIRAJ / AFP


ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့လိုအပ်နေပြီလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ပြောကြားလိုက်ပါတယ်။

Tuesday, July 4, 2023

ရိုဟင်ဂျာအရေး ICC စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရောက်နေ

RFA
RFA Burmese
2023.07.04 

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ် Karim AA Khan နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင်ကို ဇူလိုင် ၄ရက်နေ့တွင် တွေ့ရစဉ်။
 

ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim AA Khan နဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေပြီး ဘင်္ဂ လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင်နဲ့ ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အမှုကိစ္စကို အမြန်ဆုံးပြီးပြတ်အောင်ဖြေရှင်းပေးဖို့ နိုင်ငံခြားရေးဝန်ကြီးက တိုက် တွန်း ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ UNB သတင်းမှာ ဖော်ပြပါတယ်။

တရားမျှတမှုရဖို့ နှောင့်နှေးနေတာဟာ တရားမျှတမှုမရှိတာနဲ့တူတူပဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ပြောခဲ့တယ်လို့ လည်း ဆိုပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို စစ်ဆေးမယ့် ICC ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရှေ့နေချုပ် Karim Khan က ဦးဆောင်ပါတယ်။

လေးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်း ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့ဆုံပြီးတရားမျှတမှု ရဖို့ ICC ကလုပ်နေတဲ့ ကိစ္စရပ်တွေကို ရှင်းပြသွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီခရီးစဉ်ဟာ ICC စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ တရားမျှတမှုဟာ နေ့ချင်းညချင်း တော့ ဖြစ်လာမှာမဟုတ်ပေမဲ့ အတူတကွပူးပေါင်းပြီး ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုတယ်လို့ ရှေ့နေချုပ် Karim Khan က ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ် ခရီးစဉ်အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ကို ICC က စုံစမ်းစစ်ဆေးနေတာပါ။

ဒီလုပ်ရပ်ဟာ မြန်မာစစ်တပ်ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ လူပေါင်း ၃၅ဝဝ နီးပါးကို သတ်ဖြတ်ခဲ့ပါတယ်။

ရိုဟင်ဂျာကိစ္စသာမက စစ်အာဏာသိမ်းပြီးအကြမ်းဖက်လုပ်ရပ်တွေအတွက်လည်း စစ်ခေါင်းဆောင်တွေကို ICC တရားရုံးမှာ တရားစွဲတင်နိုင်ဖို့ ကြိုးပမ်းတာတွေရှိနေပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းတရားစီရင်ဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။ 

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */