" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label လူမျိုးတုန်းသတ်ဖြတ်မှု. Show all posts
Showing posts with label လူမျိုးတုန်းသတ်ဖြတ်မှု. Show all posts

Friday, August 28, 2020

ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန်ကို တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ ရဲခေါင်မြင့်မောင်
2020-08-28



ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရကြောင်း တရားဝင် ကြေညာပေးဖို့ အမေရိကန် အ စိုးရကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနေပေမယ့်၊ တရားဝင် သတ်မှတ်ဖို့ ၀န်လေးနေ တယ် လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အဖွဲ့ ကပြောလိုက်ပါ တယ်။ ဝါရှင်တန်ဒီစီမြို့တော် Holocaust ပြတိုက်က အွန်လိုင်းကတဆင့် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ အခု လိုပြော ခဲ့တာပါ။

Tuesday, August 4, 2020

လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာအစိုးရကို ပြင်းပြင်း ထန်ထန် အရေးယူဖို့ ကန် အမတ်တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2020-08-03



မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ နိုင်ငံတော်က အားပေးကူညီထားတဲ့ လူမျိုး တုံးသတ်ဖြတ်မှုဖြစ်တဲ့အတွက်၊ မြန်မာအစိုးရအပေါ် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု အားလုံးကို ဖြတ်ေ တာက် တာအပါအဝင် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ အမေရိကန်အောက် လွှတ်တော် အ မတ် Ted Yoho က တိုက်တွန်းလိုက်ပါတယ်။

Thursday, July 16, 2020

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှု လူမျိုးတုံးသတ်ဖြတ်မှုအ ဖြစ် သတ်မှတ်ဖို့ ဝန်ကြီး Pompeo ကို ပန်ကြား

VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 ဇူလိုင်၊ 2020  
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo 
 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူသားမဆန်စွာ ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သတ်မှတ်ခေါ်ဆိုဖို့ ပန်ကြားလွှာမှာ NGO နဲ့ လူ့အခွင့် အရေးလှုပ်ရှားတဲ့ အဖွဲ့ပေါင်း ၅၀ ကျော်က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ Refugees International အဖွဲ့က ပြောကြားလိုက်ပါတယ်။

Sunday, May 24, 2020

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှု အတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
နိုင်ငံတကာတရားရုံး (ICJ).

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင် ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

Friday, May 22, 2020

မြန်မာ ရိုဟင်ဂျာနှိပ်ကွပ်မှု လူမျိုးတုန်းအဆင့်သတ် မှတ် ဖို့ကန်ဝန်ကြီးကို ဒုက္ခသည်အဖွဲ့တွေ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
2 မေ၊ 2020 
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တဲ့အကြောင်း အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ လက်ခံပြီး ဒီစကားရပ်ကို ခေါ်ဝေါ်အသုံးပြုဖို့ တင်ပြ လျှောက် ထားလွှာ ကောက်ယူမယ့် အစီအစဉ် (Petition) ကို မေလ ၂၁ ရက်နေ့ကစတင် လိုက်ပြီလို့ Refugees International အဖွဲ့က ပါတယ်။

Wednesday, May 20, 2020

ဝါရှင်တန်က လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်မှာ ရိုဟင်ဂျာတွေအကြောင်း ပြသ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများတင်အောင်ခိုင်
2020-05-19

"လူမျိုးတုံးသတ်ဖြတ်မှု လမ်းပေါ်ကို သွားနေတဲ့ မြန်မာနိုင်ငံ"လို့ အမည်ပေးထားတဲ့ Online ပြပွဲတခုကို အမေရိကန်နိုင်ငံရှိ Holocaust ခေါ် ဂျူးလူမျိုးများကို ဂျာမနီ နာဇီတွေက အဆိပ်ငွေ့နဲ့ လူမျိုးတုံးသတ်ဖြတ် ခဲ့တဲ့ အထိမ်းအမှတ်ပြတိုက်ကနေ မေလ ၁၉ ရက်မနေ့က စတင်ပြသလိုက်ပါတယ်။

Monday, January 20, 2020

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

ဧရာဝတီ 
ထက်ခေါင်လင်း
20 January 2020
ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ် / ဧရာဝတီ

ရခိုင်ပြည်နယ်အရေး ဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိ သည် ဆိုခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရဟု ပါရှိကြောင်း သိရသည်။

ယင်း အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ ကော်မရှင်က ယနေ့ ပေးအပ်လိုက်သည်။

လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားမတွေ့ရဟု ICOE ထုတ်ပြန်

VOA
ndependent commission of enquiry(ICOE facebook)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ကော် မရှင်က ပြောကြားလိုက်ပါတယ်။

Wednesday, January 15, 2020

အိုင်စီဂျေ ရလဒ် ဘယ်လိုဖြစ်လာနိုင်သလဲ၊ လူမျိုးတုံးသတ် ဖြတ်မှု ဖြစ်မဖြစ်နဲ့ ရည်ရွယ်ချက်ရှိမရှိ

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-16
လူမျိုးတုံးသတ်ဖြတ်ဖို့ရည်ရွယ်ချက်မရှိကြောင်း မြန်မာအဖွဲ့က ဦးတည်လျှောက်လဲခဲ့


မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိနေလို့ ကြားဖြတ်အရေးယူ ဆောင်ရွက်မှုတွေလုပ်ပေးဖို့၊ ဟန့် တားပေးဖို့ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး အိုင် စီဂျေက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

Saturday, September 28, 2019

ရိုဟင်ဂျာလူမျိုးတုံးရှင်းလင်းမှု ကုလစွပ်စွဲချက် ဖြစ်နိုင်မဖြစ် နိုင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-27

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ… ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ လူမျိုးတုံးရှင်းလင်းခံရမယ့် အန္တရာယ်ကို စိုးရိမ်နေရတုန်းပဲ ဆိုပြီး ဖော် ပြထားပါတယ်။

တကယ်ပဲ ရခိုင်က ရိုဟင်ဂျာတွေ လူမျိုးတုံးမယ့်အရေး စိုးရိမ်နေရသလားဆိုတာနဲ့ ပတ်သက်ပြီး RFA ဝိုင်း တော်သား စောဖိုးခွားက တင်ပြထားပါတယ်။ လင့်၊https://www.rfa.org/burmese/multimedia/un-accusation-ohingya-genocide-in-myanmar-09272019120031.html?fbclid=IwAR33jadGT3OW9XQ5rrEvHupRWLfB0tSLjjALlubbODz9E5vFNGDajvzo7Os

Tuesday, March 26, 2019

လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် မြန်မာကခွင့်ပြုထား

၂၀၁၉ ခု မတ်လ (၂၆) ရက်။
ဘာသာပြန်( Myanmar Muslim Media )

လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် မြန်မာကခွင့်ပြုထားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည် အရေအတွက် ငွေသန်းပေါင်းများစွာ ကုန်ကျနေရတယ်လို့ မလေးနိုင်ငံခြားရေးဝန်ကြီးဆို

“ရိုဟင်ဂျာဒုက္ခသည်အရေးကြောင့် လူသားချင်းစာနာ ထောက်ထားမှုထောက်ပံ့ရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ အခွန်ထမ်းပြည်သူလူထုတွေရဲ့ငွေကြေးသန်းပေါင်းများစွာကုန်ကျနေရပါတယ်။ အကြောင်းက နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်အောင်လို့ ခွင့်ပြုထားတာ ကြောင့်ဖြစ်တယ်”လို့ မလေးနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောကြားခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */