Showing posts with label ကြိုဆို. Show all posts
Showing posts with label ကြိုဆို. Show all posts

Thursday, November 28, 2024

စစ်ခေါင်းဆောင်ဖမ်းဝရမ်းကို အမြန်အကောင်အထည်ဖော်ရန် ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆို

DVB
November 28, 2024

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်ရဲ့ တောင်းဆိုချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။

Friday, November 25, 2022

ရိုဟင်ဂျာတွေအခွင့်အရေး ကာကွယ်ပေးမယ့် ကုလဆုံးဖြတ် ချက်အပေါ် ကြိုဆို

RFA
2022.11.24
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။Photo: RFA

နိုဝင်ဘာလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် မှာ ကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၊ တတိယကော်မတီ အစည်းအဝေး ကနေ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင် ငံမှာရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ သဘောတူလိုက်ပါတယ်။

Tuesday, March 22, 2022

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကြေညာချက် ပြည်သူတွေ ကြိုဆို

RFA
2022.03.22

မြန်မာနိုင်ငံကနေ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်
 
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင် ကြေညာလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်သူ တွေက ပြောပါတယ်။

Sunday, January 26, 2020

ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို

ဧရာဝတီ
စမ်းယမင်းအောင်
26 January 2020
၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို စုံ စမ်း၍ထုတ်ပြန်ခဲ့သည့် မြန်မာအစိုးရ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင် ခံစာနှင့် ထို အမှုများကို စုံစမ်းစစ်ဆေးအရေးယူရန် မြန်မာအစိုးရက ကြေညာခြင်းကို တာဝန်ခံမှုရှိရေးအ တွက် အရေးကြီး သည့်လုပ်ဆောင်ချက်အဖြစ် ဂျပန်အစိုးရက ကြိုဆိုလိုက်သည်။

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံကြိုဆို

23 ဇန္နဝါရီ၊ 2020

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက်ချက်တွေ ICJ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အပေါ် တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ချအပြီး ဂမ်ဘီယာတရားရေးဝန်ကြီး Aboubacarr Tambadou ကခုလို တုံ့ပြန်ပြောကြားခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */