" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဥပဒေပညာရှင်. Show all posts
Showing posts with label ဥပဒေပညာရှင်. Show all posts

Friday, January 24, 2020

ICJ ဆုံးဖြတ်ချက်အပေါ် ဥပဒေပညာရှင် Michael Becker အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဇန်နဝါရီ၊ 2020
အင်ကြင်းနိုင်

ICJ နိုင်ငံတကာ တရားရုံးက ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်တွေ အမိန့် ချမှတ်လိုက်တာကို ကြည့် ရင် တရားရုံး စီရင်ပိုင်ခွင့်အပေါ် မြန်မာရဲ့ကန့်ကွက်ချက် ရှေ့ဆက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အခိုင် အမာပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။ Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိ အဖြစ် လေး
နှစ် ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာသဘော တူစာချုပ် နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီး သန့် ဆက်သွယ်မေးမြန်းထားပါတယ်။

လင့်၊https://burmese.voanews.com/a/5258717.html

Friday, December 13, 2019

မြန်မာ ICJ ချေပချက်အပေါ် နိုင်ငံတကာ ဥပဒေပညာရှင် အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
13 ဒီဇင်ဘာ၊ 2019
နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker နှင့် VOA အင်တာဗျူး 
မြန်မာကို အမှုဖွင့်တိုင်ကြားချက်နဲ့ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ ပယ်ဖျက်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက် အပါအ၀င် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့က နောက်ဆုံး လျှောက်လဲချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစားဖို့ အတွက် ထိရောက်လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */