" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Holocaust Memorial. Show all posts
Showing posts with label Holocaust Memorial. Show all posts

Tuesday, March 22, 2022

မြန်မာစစ်တပ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု ကျူးလွန်ဟု ဝန်ကြီး ဘလင်ကန် ပြော

DVB
Published By DVB | 22 March, 2022

                                                    Photo : US Embassy Rangoon

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ ဝတ် မှုတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာပြပွဲ ကျင်းပနေတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ မတ်လ ၂၁ ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မိန့်ခွန်းပြောရာမှာ ခုလိုကြေညာလိုက်တာပါ။

အခု သတ်မှတ်ထုတ်ပြန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေအတွက် အဓိကသတ်မှတ်တာဖြစ်ပေမဲ့ တခြား လူနည်းစုတိုင်းရင်းသား တွေနဲ့ ဘာသာခြားတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မ ပြုကျင့်မှုနဲ့ တခြား ကြမ်းကြုတ်ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့လည်း အရေးကြီးတယ်လို့ ဝန်ကြီး ဘလင် ကန်က ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */