Showing posts with label ရိုဟင်ဂျာဘေးကင်းဇုန်. Show all posts
Showing posts with label ရိုဟင်ဂျာဘေးကင်းဇုန်. Show all posts

Tuesday, December 24, 2024

ရိုဟင်ဂျာဘေးကင်းဇုန်ဆိုတာ သံတမန်ရေး ကစားကွက်လား

DMG
21 Dec 2024 

ဘေးကင်းဇုန်များကို စီမံအုပ်ချုပ်ရမည့်သူ ဖြစ်လာနိုင်သည့် အာရက္ခတပ်တော်သည် ရိုဟင်ဂျာများကို အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်းခြင်း၊ အကြမ်းဖက်ခြင်း အစရှိသည့် ရန်လိုမုန်းထားသော နောက်ခံသမိုင်း ရှိထားသည်။ ရိုဟင်ဂျာ အသိုင်းအဝိုင်း အတွက်ကတော့ ၎င်းတို့၏ လက်တွင်း၌ အကြောက်တရားများဖြင့် ရှင်သန်ခဲ့ရသည့် အမှတ်သညာများ ရှိနေဆဲဖြစ်ရာ AA အား မိမိတို့ကို ကာကွယ်ပေးမည့်သူအဖြစ် ယုံမှတ်ရန်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။

မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ပြေးလာကြသူများအား ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

[ရခိုင်ပြည်တွင် အာရက္ခတပ်တော်က ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ရန် ကြိုးပမ်းနေသည့် တချိန်တည်း၌ အိမ်နီးချင်းနိုင်ငံများက ရခိုင်အပေါ် မည်သို့မည်ပုံ သဘောထားအယူ ရှိကြသည်ကိုလည်း အရှိအတိုင်း သိထားရန် လိုအပ်လာပါသည်။ သို့အတွက်ကြောင့် လက်ရှိ ရခိုင်လူထု၏ ခံယူချက်အမြင်များနှင့် ထပ်တူကျသည့် သတင်းဆောင်းပါးများ သာမက၊ ဆန့်ကျင်ကွဲလွဲသည့် ပတ်ဝန်းကျင် အမြင်များကိုပါ သိရှိနိုင်ရန် DMG က ကြိုးပမ်းအားဖြည့်လျက် ရှိရာတွင် ယခုတစ်ကြိမ်၌ မွတ်ဆလင် ဘေးကင်းဇုန် (Rohingya Safe Zone) အယူအဆနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ သဘောထားအမြင် တစ်ရပ်ကို မျှဝေဖော်ပြလိုက်ပါသည်။ မူရင်းအာဘော်နှင့် အသုံးအနှုန်းများကို အတတ်နိုင်ဆုံး မပြောင်းလဲဘဲ တိုက်ရိုက်ကောက်ယူ ဘာသာပြန်ထားသည့်အတွက် အကဲဆတ်သည့် အသုံးအနှုန်းများ၊ မတူကွဲပြားသည့် အမြင်များ ပါရှိနိုင်ကြောင်း စာဖတ်သူများကို လေးလေးစားစား အသိပေးအပ်ပါသည်။]
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */