Showing posts with label သဘောတူ. Show all posts
Showing posts with label သဘောတူ. Show all posts

Thursday, November 30, 2023

အစ္စရေး-ဟားမတ်စ်အပစ်ရပ်ရေး ၇ ရက်မြောက်သဘော တူခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ဂါဇာကမ်းမြောင်ဒေသကနေ ပြန်လွတ်လာတဲ့ ဓားစာခံတဦး နိုဝင်ဘာ ၃၀ ရက်မှာ မိသားစုနဲ့ အစ္စရေးနိုင်ငံတွင်း ပြန်လည်တွေ့ဆုံစဥ်။

ဟားမတ်စ်တို့ဖမ်းထားတဲ့ဓါးစာခံတွေထဲ အစ္စရေးအမျိုးသမီးနှစ်ဦး ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး နောက်ထပ် ဓါးစားခံ ၆ ဦးလည်း လွတ်လာတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ လက်ရှိ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးယူထားတဲ့ရက်အတွင်း ဟားမတ်စ်တို့က တရက်ကို အစ္စရေး နိုင်ငံသား ၁၀ ဦးထက်မနည်း ပြန်လွှတ်ပေးနေတာပါ။

Sunday, October 10, 2021

Bhasan Char ကျွန်းက ရိုဟင်ဂျာတွေကူညီဖို့ ကုလနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ

ဗွီအိုအေ (မြန်မာပိုင်း)
09 အောက်တိုဘာ၊ 2021 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ Bhashan Char ကို ပြောင်းရွှေ့နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၀)

ပြင်သစ်နိုင်ငံက နာမည်ကျော် ဘိုင်ယူး စစ်သတင်းထောက်ဆု (Bayeux Calvados- Normandy Award) အတွက် ဒီနှစ် ၂၀၂၁ ခုနှစ်မှာ ပထမဆုကို New York Times သတင်းစာက မြန်မာဓာတ်ပုံသတင်းထောက်ကို ချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓာတ်ပုံဆရာအတွက် အန္တရာယ်ရှိတာကြောင့် အမည်ကိုတော့ ဖော်ပြမထားပါဘူး။

Wednesday, September 25, 2019

ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အချက်သုံးချက် သဘောတူ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-24
 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့အား ၂ဝ၁၉ စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်။
                                   

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်ပြီး မြန်မာ နဲ့ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိတွေ မနေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက် သုံးချက် ရရှိခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ထုတ်ပြန်ပါတယ်။ 

Tuesday, April 9, 2019

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် အကြမ်းဖက် တိုက်ဖျက်ရေးမှာ ပိုမိုပူးပေါင်းကြဖို့ နေပြည်တော် အစည်းအဝေးမှာ သဘောတူခဲ့

B B C 
ဘီဘီစီ မြန်မာပိုင်း
9 ဧပြီ 2019
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးမှာ ၂ နိုင်ငံ နယ်နိမိတ်မျဉ်းတလျှောက် ညှိနှိုင်းကင်းလှည့်ဖို့၊ နိုင်ငံဖြတ်ကျော် မှုခင်း အချက် အလက်တွေ မျှဝေဖလှယ်ဖို့၊ တပ်ရင်းမှူးအဆင့်ရှိ ကွပ်ကဲရေးမှူးညှိနှိုင်းအစည်းအဝေးတွေ ပုံ မှန် ပြုလုပ် ဖို့ တွေကို သဘောတူခဲ့ကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */