" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘာဆန်ချာကျွန်း. Show all posts
Showing posts with label ဘာဆန်ချာကျွန်း. Show all posts

Friday, December 4, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်းကို ဆက်ပို့ နေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းမျာ
04.12.2020

■ ရိုဟင်ဂျာဒုက္ခသည် နောက်ထပ်အယောက် (၁၆၀၀) လောက်ကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဘာဆန်ချာ ကျွန်းကို ဒီနေ့ ထပ်မံပို့လိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

လူတသိန်းလောက်ထားဖို့ ပြင်ထားတဲ့အဲဒီကျွန်းကို ပထမအသုတ်အနေနဲ့ လူ (၂၅၀၀) ပို့ဖို့စီစဉ်ထားပြီး၊ မနေ့က လူကိုးရာလောက် ပို့လိုက်ပါတယ်။ ဒီနေ့မှာတော့ အဲဒီပထမအသုတ်ထဲက ကျန်တဲ့သူတွေကို ဆက်ပို့တာပါ။

Wednesday, August 5, 2020

ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-08-05
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြောင်းရွှေ့နေရာချထားမယ့် Bhashan Char ကျွန်းကို ၂၀၁၈ ခုနှစ်ကတွေ့ရစဉ် Photo: Polash SHIKDER / AFP

 
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘာဆန်ချာကျွန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ သုံးရာကျော်ကို လွှတ်ပေး သင့် တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက် ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁၅ ဦးရဲ့ ထွက်ဆိုချက်အရ အဲဒီကျွန်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာသွားလာ ခွင့် မရှိသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

Thursday, July 9, 2020

ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေ စခန်းထဲပြန်ရွှေ့ပေးဖို့ HRW တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇူလိုင်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာတချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို အဲဒီကျွန်းကနေ အ မြန်ဆုံးရွှေ့ပေးသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ အဲဒီကျွန်းမှာ ရှိနေတဲ့ ကလေးငယ်တွေအပါအ၀င် ရိုဟင်ဂျာ ဒုက္ခ သည်တွေကို Cox’s Bazar မှာရှိတဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အတူနေနိုင်အောင် ချက်ချင်း ရွှေ့ပေးသင့် တယ်လို့ HRW အဖွဲ့က ပြောလိုက်တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */