" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Friday, October 25, 2019

အစိုးရနဲ့ တပ်ခေါင်းဆောင်တွေကို အရေးယူဖို့ ကုလကို AA တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
သန့်ဇင်ဦး
2019-10-24
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ နိုဝင်ဘာလ ၂၇ ရက်နေ့ကကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှာတွေ့ရစဉ် 
 
၂၀၁၁ ခုနှစ် ဇန်န၀ါရီလကစလို့ ရခိုင့်တပ်တော် AA အပေါ် တပ်မတော်ရဲ့ထိုးစစ်တွေ စတင်ခဲ့ပြီးမြန်မာအစိုး ရ အရာရှိတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်အပါအ၀င် အခြားတိုင်းရင်းသားဒေသတွေက အရပ် သားတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားမ၀င်သတ်ဖြတ်မှုတွေ၊ ရိုက်နှက်ဖမ်းဆီးမှုတွေနဲ့ အရပ်သားတွေ ကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိခဲ့တဲ့အတွက် ဒီလိုလုပ်ရပ်တွေဟာ စစ်ရာဇ၀တ် မှုတွေဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

Tuesday, June 25, 2019

အင်တာနက်ဖြတ်တောက်တာ သတင်း အမှောင်ချ တာလို့ AA ကြေညာချက်ထုတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-25
 အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်Photo: Min Thein Aung/ RFA
                                       
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အစိုးရက မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခွင့် ယာယီ ပိတ်လိုက် တာဟာ တပ်မတော်ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ စစ်ရာဇ၀တ်မှုတွေကို ဖုံးကွယ်ဖို့ အ တွက် ရည်ရွယ်ချက် ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

Monday, June 3, 2019

OIC ရဲ့ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်အားမရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
03-06-2019

■ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အနေနဲ့ လူသားချင်းစာနမှုအရရော၊ သံတမန်ရေးနည်းလမ်းတွေအရပါ၊ ပါဝင်ဆောင် ရွက် ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တောင်းဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */