Showing posts with label မြန်မာ့အရေး. Show all posts
Showing posts with label မြန်မာ့အရေး. Show all posts

Wednesday, May 5, 2021

မြန်မာ့အရေး အမေရိကန်ဦးဆောင်လှုပ်ရှားဖို့ မြန်မာသံအ မတ်တိုက်တွန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-05-04

 အမေရိကန်ဟာ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ ဦးဆောင်တဲ့နေရာကိုယူပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ့အရေး ကြား နာ စစ်ဆေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာနဲ့ အမေရိကန်ရဲ့ ကမ္ဘာ လုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ် မစ္စ ကယ်လီကာရီတို့က တက်ရောက်ပြီး အောက်လွှတ်တော်ကော် မတီဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

Tuesday, January 26, 2021

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2021-01-25

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇန်နဝါရီ ၁၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေ သုံးသပ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတကာက တောင်းဆိုခဲ့ကြတဲ့ ဒီအစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦး ထွန်းထွန်းဦးက မြန်မာပြည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတွေကို ဆောင်ရွက်လာနိုင်တာနဲ့အမျှ လူ့အခွင့် အရေးနဲ့ အခြေခံလွတ်လပ်ခွင့် တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အ စိုးရက စုံစမ်းစစ်ဆေးနေတယ်၊ နိုင်ငံတကာ ကတိကဝတ်တွေကို တာဝန်သိသိ အကောင်အထည်ဖော်ဖို့ အချိန် လိုပါတယ်။ အမုန်းစကား ဖြန့်ချိမှု နဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမှုတွေကိုလည်း အထူးအလေးထား တားဆီးပိတ်ပင်နေပါတယ် စသဖြင့် ပြောကြားခဲ့ပါတယ်။

Tuesday, June 16, 2020

မြန်မာ့အရေး ဆုံးဖြတ်ချက် လူ့အခွင့်အရေးကောင်စီ အတည်ပြုဖို့ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန 
16 ဇွန်၊ 2020
 မခွာညို
၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ကို ကျင်းပနေ


၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံက ဒီသတင်းပတ်အကုန်မှာ မြန်မာ့အရေး ဆုံးဖြတ်ချက် အတည်ပြုဖို့ရှိနေပါတယ်။ဇွန်လ ၁၅ ရက်နေ့ တနင်္လာနေ့မှာ ညီလာခံကို ကန့်သတ်ချက်တွေ နဲ့ပြန်လည်စတင်ကျင်းပနေပါပြီ။ မတ်လထဲမှာ ကျင်းပရမယ့် အစည်းအဝေးတွေကို ကိုဗစ်-၁၉ကပ်ရော ဂါ ကြောင့် ရွှေ့ဆိုင်းခဲ့ပြီးမှ ပြန်လည်ကျင်းပတာပါ။ ပုံမှန်လို ကျင်းပရတာ မဟုတ်တဲ့ အစည်းအဝေးတွေမှာဘယ် လိုအကြောင်းတွေကို ဆွေးနွေး ဆုံးဖြတ်ကြဖို့ရှိသလဲဆိုတာ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ ဂျနီဗာမြို့ကနေ Lisa Schlein ပေးပို့ထားတဲ့သတင်းလွှာကို အခြေခံပြီး မခွာညို ပြောပြပေးမှာပါ။

Thursday, January 16, 2020

မြန်မာ့အရေး နိုင်ငံတကာအရေးယူမှု တရုတ်ဟန့်တားမှု မလုပ်ဖို့ AI တိုက်တွန်း

16 ဇန်နဝါရီ၊ 2020 
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက ဟန့်တားတာတွေ မလုပ်ဖို့နဲ့ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိ
ရေး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်း လိုက်ပါ တယ်။

Wednesday, January 15, 2020

ICJ မှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ချမယ့်အပေါ် ဥပဒေအရ ပြင်ဆင်ထားပြီလို့ မြန်မာပြော

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.15
အပြည်ပြည်ဆိုင်ရာ တရားရုံးရောက် ဒေါ်အောင်ဆန်းစုကြည်

နယ်သလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်ကို ချိုး ဖောက်မှု မြောက်မမြောက် ဆုံးဖြတ်ချက် ထွက်လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာဘက်ကကိုယ်စား လှယ်စေလွှတ်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

Sunday, December 15, 2019

လက်ရှိမြန်မာ့အရေး အိုဘားမား ဘာပြောလဲ

BBC Burmese
ဘီဘီစီမြန်မာပိုင်း
2019-12-15
သူ့လက်ထက်မှာ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးခဲ့ပါတယ်။


မြန်မာနိုင်ငံတွင်းက လူနည်းစုတွေအတွက် လူများစုတွေက ရပ်တည်ပေးဖို့လိုတယ်လို့ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုးဘားမားက ပြောကြားလိုက်ပါတယ်။

သမ္မတဟောင်းအိုးဘားမားရဲ့အိုဘားမားဖောင်ဒေးရှင်းက ပြုလုပ်တဲ့ အာရှပစိဖိတ်ဒေသတွင်း လူငယ်ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ အထွေထွေ မိန့်ခွန်းပြောကြားစဉ် အခုလို မြန်မာ့အရေးမေးမြန်းမှုတွေအပေါ် သူက မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

Saturday, September 28, 2019

မြန်မာ့အရေး နိုင်ငံတကာဖိအား ထိရောက်မှုရှိရဲ့လား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-09-27
 



မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြင်းအထန် ဝေဖန်နေတဲ့ ကုလသမဂ္ဂ အစီရင်ခံ စာတွေဟာ လက်တွေ့မှာ ထိရောက်မှုရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူတွေကြားမှာ အမြင်တွေ မတူ ညီကြပါဘူး။

ဒါပေမဲ့လည်း မြန်မာအစိုးရနဲ့စစ်တပ်အပေါ် ကုလသမဂ္ဂရဲ့ ဖိအားတွေကတော့ အခုကာလမှာ သိသိသာသာ တိုးမြင့်လာနေပါတယ်။

ဒီအပေါ် မြန်မာ့အရေး လေ့လာသူတွေ၊ ကုလသမဂ္ဂ အရာရှိတွေနဲ့ မြန်မာတာဝန်ရှိသူတွေရဲ့ မတူကွဲပြားတဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/multimedia/international-pressure-on-myanmar-army-09272019115711.html?fbclid=IwAR1ig0bKMd36I_FWOx81M1GGkYgzIcsRQpmbSQaGsoo4dH915DYilrMHB2Q