" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဂူတာပြင်. Show all posts
Showing posts with label ဂူတာပြင်. Show all posts

Monday, October 31, 2022

ဘူးသီးတောင်တွင်တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာတစ်ဦးဒဏ်ရာရ

MYANMAR NOW
ဝေသာထွန်း
Published on Oct 29, 2022
 
တစ်နာရီနီးပါးတိုက်ပွဲဖြစ်နေစဉ် ထိုနေရာသို့ ပစ်ကူသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်သည် အရပ် သား အမျိုးသားတစ်ဦးကို ထိမှန်ခဲ့သည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ဘူးသီးတောင်မြို့

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် ယမန်နေ့ (အောက်တိုဘာ ၂၇) ညနေက  ၅ နာရီ ခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက် သော လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ဂူတာပြင်ကျေးရွာဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် မေယုတောင်ခြေရင်းရှိ ကျောက်စာတိုင်ကျေး ရွာ ဘက်သို့အလာ လမ်းတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါးခန့် အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့ သည်ဟု ထို နေရာအနီးတွင်နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

Friday, October 28, 2022

ဘူးသီးတောင် ဂူတာပြင်ကျေးရွာအနီး တိုက်ပွဲအပြင်းအထန် ဖြစ်၊ မူဆလင်လူကြီးတစ်ဦးကျည်စထိမှန်ဒဏ်ရာရ

နိရဉ္စရာ
အောက်တိုဘာ ၂၈/၂၀၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင်နှင့် ဂူတာပြင်ကျေးရွာ နှစ်ရွာအကြားတွင် ရက္ခိုင့်တပ် တော်(AA ) နှင့် မြန်မာ့စစ်ကောင်စီတပ်တို့ ယမန်နေ့ ညနေက ၁ နာရီခန့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသ ခံမူဆလင်အမျိုးသားတစ်ဦးတွင်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

Saturday, October 8, 2022

ဘူးသီးတောင်မှာ ရိုဟင်ဂျာကျောင်းဆရာတစ်ဦး သတ်ဖြတ် ခံရ

RFA
Radio Free Asia
2022.10.08

ပစ်သတ်ခံလိုက်ရသည့် ဂူတာပြင်ရွာခံ ဦးရှေကုလ်။ Photo: Wai Wai Nu Facebook
 

ဦးရှေကုလ်အစ္စလာမ်ဟာ ဂူတာပြင်ကျေးရွာမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ဂူတာပြင်ကျေးရွာ နေအိမ် က အိမ်မွေးတိရိစ္ဆာန်တွေကို အစာသွားကျွေးပြီးအပြန် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူ အသက် ၄၅ နှစ်အရွယ် ဦးရှေကုလ်အစ္စလာမ်ဟာ အဲဒီရွာက ကလေးတွေကို စေတနာ့ဝန်ထမ်း စာသင်ပေးနေတဲ့ ပညာတတ်ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Friday, September 4, 2020

ဂူတာပြင်ရွာသတ်ဖြတ်မှု စစ်ခုံရုံးစီရင်ချက် ထုတ်မပြောနိုင်‌ ကြောင်း တပ်မတော် ငြင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ သက်စုအောင်
2020-09-04


ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာက မွတ်စလင်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး၊ စစ်ခုံရုံးရဲ့ စီရင်မှုတွေကို အတိအကျ ထုတ်မပြောနိုင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

Wednesday, August 12, 2020

ဂူတာပြင်သတ်ဖြတ်မှုအစိုးရထုတ်ပြန်ချက် ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ ကန့်ကွက်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-08-12
ဂူတာပြင်သတ်ဖြတ်မှုကို ဘူးသီးတောင်တပ်ရင်းက စစ်တရားရုံးမှာ ၂၀၁၉ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကြားနာစဉ်၊ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာ အေ ရ အတွက်ကို မြန်မာအစိုးရက အပြည့်အစုံ တင်ပြခြင်းမရှိဘူးလို့ ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ် ခု က ဝေဖန်လိုက်ပါတယ်။

Sunday, July 5, 2020

တပ်မတော်ကကျူးလွန်မှုတွေကိုတာဝန်ခံလာအောင် နိုင်ငံ တကာလက်တွဲဖို့ HRW တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲစည်သူကာ
2020-07-05

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာတွေကို အစုလိုက် အပြုံ လိုက် သတ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်လို့ ကျူးလွန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ နှစ်ယောက်နဲ့ အခြား အ ဆင့် တစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို စစ်ခုံရုံးနဲ့ အရေးယူလိုက်တယ်ဆိုတာဟာ အစိုးရရဲ့ တာဝန်ခံမှုနဲ့ ပတ် သက်လို့ ရှောင်လွှဲတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲက ဇူ လိုင်လ ၃ ရက်နေ့က ဆောင်းပါးတစ်စောင်ရေးပြီး ထောက်ပြလိုက်ပါတယ်။

Wednesday, July 1, 2020

ဂူတာပြင်ကိစ္စ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ် ပြောဖို့မရှိကြောင်း တပ်မတော် ပြော

B B C
ဘီဘီစီ မြန်မာပိုင်း
၃၀ ဇွန် ၂၀၂၀
တာပြင်ဖြစ်စဉ်ကို တစ်နှစ်ကျော်အကြာ စစ်ဆေးအပြီးမှာ ခုလိုအရေးယူတဲ့အကြောင်း ထုတ်ပြန်တာဖြစ်

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ အဓိက တာဝန်ရှိသူ အရာရှိကြီးတစ်ဦးအပါအဝင် သုံးဦးကို စစ်တရားရုံးကနေ ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဂူတာပြင်သတ်ဖြတ်မှု တပ်မတော်ကြေညာချက် ပွင့်လင်းမှု မရှိဟု ပြည်တွင်းပြည်ပ ဝေဖန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-06-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ် ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးကအပြစ် ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော် က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Tuesday, June 30, 2020

ဂူတာပြင်အမှု စစ်တရားရုံး စစ်အရာရှိသုံးဦးကို အရေးယူ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
30 ဇွန်၊ 2020
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံရသည်ကို ကြည့်ရှုနေသူတချို့။ (စက်တင်ဘာ ၀၄၊ ၂၀၁၇) 

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်တရားရုံးက စီရင်ဆုံး ဖြတ် ခဲ့တာနဲ့ ပတ်သက်လို့ အကဲခတ်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဘယ်လို တုံ့ပြန်ထားသလဲ ဆိုတာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ဂူတာပြင်ကျေးရွာ လူသတ်မှုနှင့်စပ်လျဉ်း၍ စစ်တရားရုံးက တပ်မတော်အရာရှိကြီး ၁ ဦးအပါအဝင် ၃ ဦးကို ပြစ်ဒဏ် ချမှတ်

DVB
30 June 2020
ဂူတာပြင်ကျေးရွာမှာ လူအစုလိုက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်တရားရုံး(Court-Martial) က တပ်မတော် အရာရှိကြီး ၁ ဦး၊ အရာရှိ ၁ ဦးနဲ့ အခြားအဆင့်စစ်သည် ၁ ဦးတို့ကို သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြစ်ဒဏ် အတည်ပြုချမှတ်ခဲ့တယ်လို့ တပ်မတော်က ဇွန်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Friday, May 22, 2020

စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံရတဲ့ အရပ်သား ငါးဦးကိစ္စ ကာချုပ်အမိန့်နဲ့ စုံစမ်းနေပြီ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
သက်စုအောင်၊ သီဟထွန်း
2020-05-22

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၀၊ မေ၂၂ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

ရခိုင်ပြည်နယ်က အရပ်သား ငါးယောက်ကို အေအေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ရေယာဉ်ပေါ် မှာ တပ်မတော်သားတွေ က ရိုက်နှက်ထိုးကြိတ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ် တိုင်က ဒီကိစ္စကို အလေးထားပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

Thursday, January 9, 2020

ဂူတာပြင် စစ်ခုံရုံးတရားခွင်နဲ့ ပွင့်လင်းမြင်သာမှု

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်တရားရုံးစီရင်ချက်ကိုစောင့်ကြည့်ဖို့ နိုင်ငံတကာတရားရုံး ICJ မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဂူတာပြင်အမှုနဲ့ ပတ်သတ် တဲ့ ထွက်ဆိုချက်က ဘာတွေလဲ၊ အရာရှိအဆင့် ဘယ်သူတွေပါပြီး၊ တပ်မတော်သား ဘယ်နှစ်ယောက် လဲ ဆိုတာ တရားရုံးချိန်း ငါးကြိမ် စစ်ပြီးတဲ့အထိ မသိရသေးပါ။

Link : Here

Monday, December 30, 2019

ဂူတာပြင်အမှု တရားလိုပြသက်သေတွေကို နှစ်ဆန်းပိုင်းမှာ အပြီးစစ်မည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-30
ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ၂ဝ၁၈၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးစဉ်။
 
ဂူတာပြင်ကျေးရွာကိစ္စကို နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက စတင်ကြားနာခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စုစုပေါင်း ငါးကြိမ် စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

Friday, November 29, 2019

ICJ တွင် တရားစွဲဆိုမှုအပေါ် သွားရောက်ဖြေရှင်းမည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆုံးဖြတ်ချက်နှင့် ဂူတာပြင်ဖြစ် စဉ် နှင့်ပတ်သက်၍ ခုံရုံးတွင်စစ်ဆေးမည့် တပ်မတော် ထုတ်ပြန်ချက်အပေါ် ချီးကျူးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြ

ELEVEN 
29 NOVEMBER 2019
ကိုရွှေသိန်း


မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုအားသွားရောက် ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်နှင့် ဂူတာပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ခုံရုံးတွင် စစ်ဆေးမည့် တပ်မတော်ထုတ်ပြန်ချက်အပေါ်လည်း ချီးကျူး ကြောင်း မြန် မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Maruyama က ပြောကြားသည်။

Tuesday, November 26, 2019

ဂူတာပြင်ဖြစ်စဉ်အတွက် တပ်မတော်အရာရှိအချို့ကို စစ် တရားရုံးဖြင့် စတင်စစ်ဆေး

မဇ္ဈိမ
By စိုးသူအောင်
26 November 2019

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။              ။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဂူတာပြင်ကျေးရွာဖြစ်စဉ်တွင် ပြစ်မှုကျူးလွန် သည်ဟု ကနဦးတွေ့ရှိရသူများကို ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စစ်တရားရုံး ( Court-Martial) ဖြင့် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်စစ်ဆေးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ် တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019
  ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ်တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

ဘူးသီး တောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို ဒီကနေ့ နို ဝင်ဘာ ၂၆ရက်နေ့မှာ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

Monday, November 25, 2019

ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု ကန ဦး တွေ့ရှိရသူများကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် နယ်မြေခံတပ်တွင် စစ်တရားရုံးဖြင့် စတင်စစ်ဆေးစီရင်မည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
Myanmar Radio and Television
Monday, November 25, 2019

Link : Here

ရခိုင် ဂူတာပြင်အမှု စစ်ခုံရုံးတင် စတင်စစ်ဆေးမည်

VOA
 ဗွီအိုအေ (မြန်မာဌာန)
25 နိုဝင်ဘာ၊ 2019
ကိုမိုးဇော်
မြန်မာလုံခြုံရေးတပ်များ
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ အနီးမှာ အစုလိုက်အပြုံလိုက် မြှုပ်ထား တဲ့ ရုပ်အလောင်းတွေတွေ့ရှိတာနဲ့ပတ်သက်ပြီး ကနဦးရရှိတဲ့ အထောက်အထားတွေအရ မနက်ဖြန်မှာ အ ကျဉ်း စစ်တရားရုံးချုပ်က ရုံးထိုင်စစ်ဆေးသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါ တယ်။

လူသေအလောင်းအများအပြားတွေ့ရတဲ့ဆိုတဲ့ ဂူတာပြင် ဖြစ်စဉ်က ပြစ်မှုကျူးလွန်သူအချို့ကို စစ်တရားရုံးမှာ စတင် စစ်ဆေးတော့မယ်

B B C
ဘီဘီစီ မြန်မာပိုင်း
25နိုဝင်ဘာ2019

ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို မနက်ဖန် (နိုဝင်ဘာ ၂၆ ရက်နေ့)ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

Saturday, November 9, 2019

ဂူတာပြင်သတ်ဖြတ်မှုနဲ့ တပ်မတော်စစ်ခုံရုံး

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-08

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်း တွေကိစ္စကို တပ်မတော်စစ်ခုံရုံးမှာ စုံစမ်းစစ်ဆေးအရေးယူဖို့ ပြင်ဆင်နေပါပြီ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */