" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာမွတ်ဆလင်. Show all posts
Showing posts with label မြန်မာမွတ်ဆလင်. Show all posts

Monday, May 11, 2020

ကိုဗစ်ကာလ မလေးရှားမှာ ရိုဟင်ဂျာတွေနဲ့ တရားမ၀င်နေ ထိုင်သူတွေ ဖမ်းဆီးခံနေရ

VOA
ဗွီအိုအေ (မြန်မာဌာန)
11 မေ၊ 2020
မေလ ၁၁ ရက်က မလေးရှားနိုင်ငံမှာ တရားမ၀င်နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Thiha Maung Maung)
 
COVID-19 အဖြစ်များနေတဲ့ မလေးရှားနိုင်ငံ ဆာလာရမ်းဘက်မှာ မြန်မာနိုင်ငံဘက်ကလာတဲ့ ရိုဟင်ဂျာ 
 ‌တွေ နဲ့ တရားမ၀င်နေထိုင်သူတွေ များတာကြောင့် အ၀င်အထွက် ကန့်သတ်ထားပြီး မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူနေတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါ မယ်။

Monday, January 27, 2020

မြန်မာမွတ်စလင်တွေရဲ့ ဗလီအခက်အခဲ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020-01-24



၁၉၆၂ ခုနှစ်နောက်ပိုင်းက စပြီး မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုဆုတောင်းရာဗလီ ဝတ်ကျောင်းတော်တွေကို  တရားဝင်ချပေးတာတွေ မရှိတော့လို့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆု တောင်း ဖို့ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။

ဒီအခြေအနေက လက်ရှိ NLD အစိုးရ လက်ထက်မှာ အဆိုးဆုံးအခြေအနေကို ရောက်လာနေလို့ ဗလီဝတ် ကျောင်းတွေ ဆောက်ခွင့်ပေးဖို့၊ ပိတ်ထားတဲ့ ဗလီတွေပြန်ဖွင့်ခွင့်ရဖို့ အစ္စလာမ်ဘာသာဝင်တွေက တောင်း ဆိုနေကြပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/multimedia/mosques-in-myanmar-01242020165317.html

Sunday, December 8, 2019

ICJ/ICC တရားစွဲ စုံစမ်းစစ်ဆေးမှု ထောက်ခံကြောင်း ဝါရှင် တန် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဒီဇင်ဘာ၊ 2019
ကိုဉာဏ်ဝင်းအောင်
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စုဝေး ဆန္ဒပြသူများ။ (ဓာတ်ပုံ - Karen Organization America, ဒီဇင်ဘာ ၇၊ ၂၀၁၉)

မြန်မာစစ်တပ်နဲ့ အစိုးရဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူး လွန် ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် တရားမျှတမှု ရှိလာအောင် ICJ နဲ့ ICC တရားရုံး တွေ က လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေက ပြောဆို လိုက်ကြပါတယ်။ စနေနေ့က ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့် အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

Tuesday, December 3, 2019

ICJ တရားရုံး မှန်ကန်မျှတမှုရှိရန် မြန်မာမွတ်စလင် အမျိုး သားရေးရာအဖွဲ့ချုပ်ဌာနချုပ် တိုက်တွန်း

DVB
3 December 2019
ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တ ရားရုံးအနေနဲ့ အမှုစစ်ဆေးရာမှာ မှန်ကန်မျှတပြီး မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ဖြစ်ထွန်းလာစေ လို တယ်လို့ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ်က ကြေညာပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂပဋိဉာဉ်စာချုပ်အရ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ တရားစွဲဆိုမှုကို တာဝန်သိစွာနဲ့ တုံ့ပြန်ဖြေရှင်းမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

Sunday, June 3, 2012

တောင်ကုတ်တွင် မြန်မာမွတ်စလင်မ်(၁၀) ဦး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရ၊




ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေး ပြေးကား သည် တောင်ကုတ်မြို့သို့အရောက်တွင် လူ(၃၀၀) ခန့်ရှိသော တောင်ကုတ်မြို့ သူမြို့သား ရခိုင် လူမျိုးများက တား ဆီးကာ ကားပေါ်တွင်ပါလာသော ခရီးသည်များမှ အစ္စလာမ်ဘာ သာဝင် မြန်မာမွတ် စ လင်မ် (၁၀) ဦးအား ရက် စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */