" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ထောက်ခံ. Show all posts
Showing posts with label ထောက်ခံ. Show all posts

Wednesday, December 4, 2019

ICJ တရားစွဲမှု ကချင်အဖွဲ့အချို့ထောက်ခံ

RFA
လွတ်လပ်တဲ့အာရှအသံ
2019-12-04

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ ၂၀၁၉ ဇန်နဝါရီ ၁၀ ရက်နေ့ကကျင်းပတဲ့ ကချင်ပြည်နယ်နေ့ကို တက်ရောက်လာစဉ်
Photo: Elizabeth/RFA
ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်စွဲဆိုတာကို ကချင်အရပ်ဘက်အဖွဲ့ အစည်း တချို့က ထောက်ခံကြပါတယ်။ ဘာလို့လဲဆိုတော့ ICJ ကသာ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်တယ် လို့ သုံးသပ်ကြလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် ICJ မှာ အမှုရင်ဆိုင်မယ့်ကိစ္စကို NLD ပါတီ က ဦးဆောင်ပြီးတော့ မြို့ကြီးတွေမှာ ထောက်ခံပွဲတွေလုပ်နေကြပါတယ်။ အဲဒီထဲမှာ မြစ်ကြီးနား မြို့လည်း ပါဝင်ဖို့ရှိနေပါတယ်။

Tuesday, November 26, 2019

ဂမ်ဘီယာနိုင်ငံရဲ့မြန်မာအပေါ်တရားစွဲဆိုမှုကို ပြည်ပရောက် တိုင်းရင်းသား ၃ဖွဲ့က ထောက်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူမှုကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုတာနဲ့ ပတ်သက်လို့ National Alliance of Burma (USA)Canadian Burma Ethnic National (CBENO) Coalition of Burma Ethnic (COBEM) အဖွဲ့တို့က နေ ထောက်ခံ ကြောင်း ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

Monday, November 18, 2019

မြန်မာ ခေါင်းဆောင်များကို ICJ မှာ တရားစွဲထားခြင်း ကချင် ထောက်ခံ

KACHIN NEWS GROUP
18th November 2019
လန်ဒန် ဆန္ဒပြပွဲ၊ မေလ ၈၊ ၂၀၁၇

ရိုဟင်ဂျာလူနည်းစုများပေါ် လူမျိူးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာခေါင်းဆောင်များကို ICJ နိုင်ငံ တကာခုံရုံးမှာ ဂမ်ဘီယာနိုင်ငံ တရားစွဲထားခြင်းကို ထောက်ခံကြောင်း ကချင်အမျိုးသားအစည်း အရုံး (KNO) က သတင်းထုတ်ပြန်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */