Showing posts with label မိုင်းခွဲ. Show all posts
Showing posts with label မိုင်းခွဲ. Show all posts

Friday, November 22, 2019

ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် ARSA တို့ တိုက်ပွဲ ဖြစ်

ဧရာဝတီ
By ထက်နိုင်ဇော်
22 November 2019
ယမန်နေ့ တိုက်ပွဲမှ ဖမ်းဆီးရမိသည့် ပစ္စည်းများ / တပ်မတော်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ခမောင်းဆိပ်ရွာ အနီးတွင် ယမန်နေ့ မနက် ၉ နာရီခန့်က တပ်မတော်နှင့် ARSA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ ARSA ဘက်မှ အ လောင်း ၂လောင်း နှင့် အရှင် ဖမ်းမိသူ ၃ ဦး ရှိကြောင်း သိရသည်။

Thursday, November 14, 2019

ကျောက်တော်မှာ စစ်ယာဉ်တန်း မိုင်းခွဲခံရလို့ တပ်ရင်းမှူး ကျဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
14 နိုဝင်္ဘာ 2019
တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်က ကျောက်တော်က တပ်ရင်းမှူး တစ်ဦး မိုင်းခွဲ တိုက်ခိုက်ခံရပြီး ကျဆုံးသွားတယ်လို့ ရခိုင်က ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။

Thursday, October 24, 2019

မောင်တောတွင် အချုပ်သားများတင်ဆောင်လာသည့် ယာဉ် တန်းမိုင်းဆွဲတိုက်ခိုက်ခံရ

DMG
လူးအောင်
Oct 24, 2019
မောင်တော
အောက်တိုဘာလ ၂၁ ရက်နေ့က မောင်တောမြို့နယ်၊ခရေမြိုင်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှု ကြောင့် ကားလမ်းကို ယာယီပိတ်ထားသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ချလူးအောင်/DMG
 
ရခိုင်ပြည်နယ်၊မောင်တောခရိုင်တွင် အချုပ်သားများတင်ဆောင်လာသည့် ယာဉ်တန်းသည် ခရိုင်တရားရုံးမှ အမှု စစ်ဆေးပြီး ပြန်လည်ထွက်ခွာလာခဲ့ရာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့)၊ ညနေ (၄)နာရီကျော်က မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးအောင်က DMG ကို အတည် ပြုပြော သည်။

Friday, June 28, 2019

ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်ကားတွေ မိုင်းခွဲတိုက်ခိုက်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-28
 မိုင်းခွဲခံရတဲ့ ICRC အဖွဲ့ရဲ့ ကားကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ရဲဇာနည် 

                                     

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာမုနိလမ်းဆုံအနီးမှာ ဇွန်လ ၂၇ ရက်နေ့ မနေ့ညက အပြည်ပြည် ဆိုင် ရာ ကြက်ခြေနီ ကော်မတီ ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံရတာနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်နဲ့ AA တို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။

Saturday, May 11, 2019

ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး မိုင်းဖောက် ခွဲတိုက်ခိုက်ခဲ့သည့် AAအဖွဲ့ဝင်တစ်ဦးကို အသေပစ် ခတ်ဖမ်းဆီးရမိ

မြန်မာ့အလင်း 
 နေပြည်တော် မေ ၁၀

ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AAအဖွဲ့ဝင်တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိ
ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်း ဖောက် ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်တစ်ဦးကို ယနေ့နံနက်ပိုင်းက ဆိုင်ကယ် တစ်စီး၊ လက်ပစ်ဗုံး တစ် လုံး၊ ဖုန်း နှစ်လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေ ပစ်ခတ်ဖမ်း ဆီး ရမိခဲ့ကြောင်း သိရသည်။

Friday, May 10, 2019

ကျောက်တော်မြို့နယ် ဒေဝန်းရွာအအနီး ရထားလမ်း တံတားတွင် မိုင်းကွဲပြီး သေနတ်သံများထွက်လာ၍ ရွာသားများထွက်ပြေး

နိရဉ္စရာ
နိရဉ္စရာ၊ မေ ၉/ ၂၀၁၉ 


ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပုဏ္ဍားကျွန်းမြို့နယ် အစပ် ဒေးဝန်းရွာအနီးရှိ ရထားလမ်း တံတား အနီး တွင် မိုင်းပေါက်ကွဲပြီး ပစ်ခတ်သံများထွက်ပေါ်လာသဖြင့် ဒေးဝန်းရွာသားများ ကြောက်လှန့်ပြီး အနီးအနား ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

“မိုင်းပေါက်တာက ကျွန်တော်တို့ရွာအနီးက ရထားလမ်း တံတားအနီးမှာ ပေါက်တာပါ။ ရထားလမ်း တံတား ဆင်းလမ်း မှာ ပေါက်ပါတယ်။ မီးခိုးလုံးတွေ မြင်ရပါတယ်။ ညနေ ၄ နာရီကျော် ၅ နာရီ နီးပါးလောက်မှာ ပေါက်တာပါ။ အဲဒီနောက် ပစ်ခတ်သံတွေ ထွက်ပေါ်လာတဲ့ အတွက် ကြောက်လန့်ပြီး နီးစပ်ရွာတွေကို ထွက်ပြေးသွားကြပါတယ်။ ရွာသားတစ်ယောက်မှ မရှိတော့ဘူး” ဟု ဒေဝန်းရွာက လူကြီး တစ်ဦးက ပြော သည်။

Tuesday, May 7, 2019

ကျောက်တော်မြို့နယ်မှာ စစ်ယာဉ်တန်း မိုင်းခွဲတိုက် ခိုက်ခံရ

07 မေ၊ 2019  

စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်မြို့အနားမှာ လမ်းလုံခြုံရေး ယူ နေတဲ့ မြန်မာ့ တပ်မတော်ယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီကနေ့မနက်မှာ ဗုံးခွဲတိုက် ခိုက်ခဲ့တယ်လို့ AA တာဝန်ရှိသူ တွေနဲ့ တပ်မတော်တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက် ခိုက်မှုမှာတပ်မတော် ဘက်က ထိခိုက်မှုရှိခဲ့တယ်လို့လည်း ကျောက်တော် ဒေသခံမျက်မြင်တွေက ပြောပါတယ်။ မနေ့ကလည်း ကျောက်တော်မြို့နယ် ပြိုင်တိုင်းကျေးရွာ အနီးမှာ ဖြစ်ပွါးတဲ့ ၂ ဘက်တိုက်ပွဲကြောင့် ကျေးရွာသား(၇၀၀)နီးပါးစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးပြန်း သတင်းပေးပို့ထားပါတယ်။

Sunday, May 5, 2019

တိမ်ညိုတံတားအနီး စစ်ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရ

နိရဉ်စရာ
နိရဉ်စရာ၊ မလေ ၄/၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညို စံပြကျေးရွာ အနီးရှိ ရန်ကုန်-စစ်တွေကားလမ်း တံတားအနီးတွင် မေ လ ၄ ရက်နံနက် ၉ နာရီက မြောက်ဦးဘက်မှ ကျောက်တော်ဘက်သို့ မောင်းနှင်လာသော မြန်မာတပ် မတော် စစ်ကားတန်း တစ်ခုကို ရက္ခိုင်တပ်တော် (AA) မှ မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့သည်ဟု သတင်း ရရှိသည်။

Thursday, February 28, 2019

ပုဏ္ဍားကျွန်းမြို့နယ်တွင် လုံခြုံရေးရဲကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရ

DVB
 By ဒီဗွီဘီ 
28 February 2019 
ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာနဲ့ ကြံခင်းကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ကျော်က မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ရဲကားတစီးနဲ့ အိမ်စီးကားတစီးတို့ မီးလောင် ပျက်စီးခဲ့ပါတယ်။

Tuesday, February 12, 2019

မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့်ထိပ်ဝပြင် ကျေးရွာအကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

MRTV
မြောက်ဦး ၁၁ ဖေဖော်ဝါရီ

 
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့်ထိပ်ဝပြင်ကျေးရွာ အကြား ရန်
ကုန်- စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၁/၁၂၈)နှင့်(၂/၁၂၈)မိုင်တိုင်အကြား မြောက်ဦးမြို့
မှ မြောက် ဘက် မိုင်(၂၀)ခန့်အကွာ တွင် ဖေဖော်ဝါရီ ၁၁ နံနက် ၈ နာရီခွဲအချိန်က မိုင်းပေါက်ကွဲမှု ဖြစ်
ပွား ခဲ့ပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိ မှုမရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် မယူကမ်းကုန်တန်းရွာအနီး မိုင်းပေါက်ကွဲပြီး ပစ်ခတ်သံများထွက်ပေါ်

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂ ရက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလ ကျေးရွာအုပ်စု ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေး ရွာ အကြားတွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကားများ ဖြတ်သန်းသွားစဉ် မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး နောက် လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု သတင်းရရှိသည်။

Monday, February 11, 2019

ရသေ့တောင် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ ဘက်တွင် မိုင်း ၂ လုံး ဆက်တိုက်ပေါက်ကွဲ

Rohingya Today 


ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ ဘက် ရှိ ရေကန်အနီး လမ်းဘေးတွင် မိုင်း ၂ လုံးပေါက်ကွဲခဲ့သည်။ယနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နေ့ လည် ၁၂း၄၀ နာရီအချိန်တွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ဘက် တွင် ရှိ သည့် ရေကန်အနီး လမ်းဘေးတွင် မိုင်း ၂ လုံး ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဒေ သခံ များက Rohingya Today သို့ပြောပါသည်။

မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းအနီး ဆွဲမိုင်းပေါက်ကွဲ

DVB
11 February 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေအမြန်လမ်းမအနီးမှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီလောက်က တောင်ဦးကျေးရွာနဲ့ ထိပ်ဝပြင်ကျေးရွာကြား ဆွဲမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */