" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရုရှားသမ္မတပူတင်. Show all posts
Showing posts with label ရုရှားသမ္မတပူတင်. Show all posts

Thursday, December 7, 2023

ရုရှားသမ္မတပူတင် ယူအေအီးသမ္မတနှင့် တွေ့ဆုံဆွေးနွေး

DVB
December 7, 2023

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး အာရပ် ရင်းနှီးမြှုပ် နှံ သူဖြစ်ပြီး ပင်လယ်ကွေ့ဒေသမှာတော့ ရုရှားရဲ့ အကြီးဆုံးကုန်သွယ်ဘက် ဖြစ်တယ်လို့ ယူအေအီး သမ္မတ ဘင်ဇာယဒ်အယ်လ်နာယန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ချိန်မှာ ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးရုရှားပုံရိပ်မြှင့်တင်ဖို့ကြိုး ပမ်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဒီဇင်ဘာ၊ ၂၀၂၃ 

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ တို့ မော်စကော်မှာ တွေ့ဆုံ။ (ဒီဇင်ဘာ ၇၊ ၂၀၂၃)

အရှေ့အလယ်ပိုင်းဒေသအရေး သံတမန် ကြိုးပမ်းမှုအဖြစ် အီရန်သမ္မတ Ebrahim Raisi ဟာ ရုရှား နိုင်ငံ မော်စကိုမြို့ကိုရောက်နေပြီး ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပါ တယ်။ ရုရှားခေါင်းဆောင်ပူတင်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံနဲ့ ဆော်ဒီနိုင်ငံ တွေ ကိုလည်းသွားရောက်ပြီး ဒေသတွင်း ရုရှားက ကြားဝင်စေ့စပ်ပေးနိုင်ရေးပုံရိပ်ကို မြှင့်တင်ဖို့ကြိုးပမ်းနေ တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */