" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မိုခါဆိုင်ကလုန်းမုန်တိုင်း. Show all posts
Showing posts with label မိုခါဆိုင်ကလုန်းမုန်တိုင်း. Show all posts

Saturday, May 20, 2023

မုန်တိုင်းကြောင့် ဘာဆာရာရိုဟင်ဂျာရွာသား ၁၅ ဦးသေဆုံး ပြီး ရွာလုံးကျွတ်ပျက်စီး

RFA
RFA Burmese
2023.05.19
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာ ရိုဟင်ဂျာရွာမှ ပျက်စီးသွားသည့်နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပင်လယ်ကမ်းစပ်အနီးက ဘာဆာရာ ရိုဟင်ဂျာရွာမှာ ၁၅ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားပါတယ်။

သေဆုံးသူ ၁၅ ယောက်လုံးဟာ အတူနေကြတဲ့မိသားစုနှစ်စုက ဆွေမျိုးသားချင်း အရင်းအချာတွေလို့ ကျန်ရစ် သူ တွေက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းလာမယ်ဆိုတာ သိခဲ့ပေမယ့် ဘေးလွတ်ရာ မရှောင်ဖြစ်ခဲ့ကြဘူးလို့ သိရ ပါတယ်။

Wednesday, May 17, 2023

မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်ရာဂဏန်းပျောက်ဆုံးနေ

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
၁၇ မေ၊ ၂၀၂၃

မေလ (၁၄) ရက်နေ့က စစ်တွေမြို့ကမိုင် ၅၀ ဝန်းကျင်ကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်း ကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်သေဆုံးသူအရေအတွက်တိုးလာနေပြီး ပျောက်ဆုံးသူပေါင်း ရာနဲ့ချီရှိနေ ကြောင်း သက်ကယ်ပြင် IDP စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးက ဗွီအိုအေကိုပြောပါတယ်။ မုန်တိုင်း ဒုက္ခသည် တွေအတွက် နေစရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ မုန်တိုင်းဒုက္ခ သည်တွေအရေး ဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင် က ဆက် သွယ်မေးမြန်း ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */