" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label မင်းပြားမြို့. Show all posts
Showing posts with label မင်းပြားမြို့. Show all posts

Wednesday, July 22, 2020

မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020-07-21


ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ညက တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက် ခံရပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။

မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ည ၉ နာရီလောက်က တပ်မတော်ယာဉ်တန်းကို ရခိုင်တပ် တော် AA က ဆွဲမိုင်းနဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာမှာ ဒီနေ့မနက်အထိ ပစ်ခတ်မှု တွေရှိနေတယ် လို့ ဒေသခံတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Saturday, February 29, 2020

မြောက်ဦး၊ မင်းပြား တိုက်ပွဲများကြား လူ ၄ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
29 ဖေဖော်ဝါရီ၊ 2020
မဆုမွန်
ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် မြန်မာ တပ်မတော်သားအချို့။ (နိုဝင်ဘာ ၁၁၊ ၂၀၁၂)


ဒီကနေ့ စနေနေ့မနက်အစောပိုင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြားက ကျေးရွာတရွာ ကို လက်နက်ကြီးကျည်ကျလို့ လူ ၄ ဦးသေဆုံးပြီး ရွာသားတချို့ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရသလို နေ အိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာသလို စစ်ပြေးစစ်ရှောင်ဦးရေကလည်း တ သိန်းတသောင်းကျော်အထိ ရှိလာနေပြီလို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Monday, August 5, 2019

မင်းပြားမှာ စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ရှိနေ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-05
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြေပုံကို တွေ့ရစဉ်

Photo: Google Map
                                     

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီလဆန်းကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ငါးထောင်ခန့် ရှိနေသလို တိုက်ပွဲကြား ပိတ်မိနေတဲ့ ရွာ ၁၀ ရွာခန့် ရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

Sunday, July 28, 2019

မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပြီး ဒေသခံတွေထွက်ပြေး

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-07-27
ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန
 

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

မနက် ၉ နာရီကျော်လောက်ကစပြီး လက်နက်ကြီးတွေနဲ့ပစ် သေနတ်တွေနဲ့ပစ်ခတ်သံတွေကြားရပြီး ရွာအ နီးနား ရောက်တဲ့အထိ တိုက်ပွဲဖြစ်ပွားနေလို့ နီးစပ်ရာရွာတွေဆီ ထွက်ပြေးလာကြရတယ်လို့ ကုလားမေ တာင်ရွာသားတွေက ပြောကြပါတယ်။

Monday, January 21, 2019

နေရပ်စွန့်ခွာလာတဲ့ မွတ်စလင်ဒုက္ခသည် ၃၀ လောက် ဖမ်းမိ

                                               ၂၀၁၉၊ ဇန်နဝါရီ ၂၀ ရက်နေ့က အထောက်အထားမဲ့ မွတ်စလင် ၁၅ ဦးတို့ကို ဖမ်းဆီးရမိစဉ်

မကွေးတိုင်းဒေသကြီး သရက် - မင်းတုန်းကားလမ်းနဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ တို့မှာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ မွတ်စလင် ဒုက္ခသည် ၃၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိ ခဲ့ ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */