ဧရာဝတီ
2 October 2025
Thursday, October 2, 2025
အကူအညီ ဖြတ်တောက်မှုကြား တရားမျှတမှုကို ရိုဟင်ဂျာများ ကုလသမဂ္ဂတွင် တောင်းဆို
Tuesday, March 18, 2025
နိုင်ငံအနှံ့မှ ခက်ခဲနေသည့် ဒုက္ခသည်တစ်သန်း ရိက္ခာ ဖြတ်တောက်ခံရမည်
MYANMAR NOW
ကိုချို
March 17, 2025
နိုင်ငံတကာကူညီမှု လျော့ပါးသွားချိန်တွင် ကုလသမဂ္ဂ ရန်ပုံငွေ မလုံလောက်သဖြင့် မြန်မာပြည်မှ အကူအညီလိုအပ်နေသူ အများအပြား အခြေအနေဆိုးနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံမှ လူဦးရေတစ်သန်းအတွက် ရိက္ခာ အထောက်အပံ့များကို ရန်ပုံငွေ မလုံလောက်မှုကြောင့် ရပ်ဆိုင်းသွားမည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြေညာထားရာ ခက်ခက်ခဲခဲ ရပ်တည်နေရသည့် ၎င်းတို့၏ အခြေအနေများ ပိုမိုဆိုးရွားတော့မည်ဟု ဒုက္ခသည်များက ပြော သည်။
Thursday, November 21, 2024
ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အဆင့်မြင့်ညီလာခံ ကျင်းပမည်
RFA
RFA Burmese
2024.11.21
လာမယ့် ၂ဝ၂၅ ခုနှစ်မှာ ရိုဟင်ဂျာအရေး ဆွေးနွေးအဖြေရှာမယ့် အဆင့်မြင့်ညီလာခံ ကျင်းပမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်လိုက်ပါတယ်။
Saturday, June 22, 2024
Cox's Bazzar က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလ သမဂ္ဂ အကူအညီတိုး
VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ ဇွန်၊ ၂၀၂၄
Saturday, April 6, 2024
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ခန့်
ဧရာဝတီ
6 April 2024
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘိရှော့ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ဧပြီလ ၅ ရရက်နေ့တွင် ခန့်အပ်လိုက်သည်။
Tuesday, January 2, 2024
ရိုဟင်ဂျာတွေအတွက် လစဉ်ထောက်ပံ့ငွေကို ၁ဝ ဒေါ်လာအ ထိ ကုလသမဂ္ဂတိုးမြှင့်
RFA
RFA Burmese
2024.01.02
Monday, December 18, 2023
သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်း ဆောင်ခွင့်ရ
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ ဒီဇင်ဘာ၊ ၂၀၂၃
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံလိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုး ထွန်းဟာ ကုလသမဂ္ဂဆိုင် ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
Tuesday, December 5, 2023
ရိုဟင်ဂျာဒုက္ခသည်လှေနှစ်စီး ပင်လယ်ပြင်မှာ အရေးပေါ် အကူအညီလိုအပ်နေ
RFA
RFA Burmese
2023.12.05
Sunday, December 3, 2023
အင်ဒိုနီးရှားအနောက်ခြမ်းကိုရိုဟင်ဂျာ ၁၀၀ ကျော်ကမ်းကပ် ရောက်ရှိ
VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဒီဇင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးခရိုင် ဆာဘန်းကျွန်းကိုအသစ်ရောက်လာတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ ကလေးများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၃ / AFP)
Sunday, October 15, 2023
‘‘ဂါဇာဟာ အသူရာချောက်ထဲ တွန်းပို့ခံနေရတယ်’’ - ကုလသမဂ္ဂ
၁၅ အောက်တိုဘာ ၂၀၂၃,
အစ္စရေး စစ်တပ်က ဂါဇာကို ကြည်း၊ရေ၊လေ ထိုးစစ်ဆင်မယ်လို့ ပြောထားချိန်မှာပဲ ‘‘ဂါဇာဟာ အသူ ရာချောက်ထဲ တွန်းပို့ခံနေရတဲ့အခြေအနေ’’ လို့ ကုလသမဂ္ဂ အကူအညီပေးရေးအေဂျင်စီက ပြောပါ တယ်။
Thursday, October 27, 2022
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်း၏ ခေါင်းဆောင်မှု မြန်မာပြည်တွင်ကျရှုံး
Dhaka Tribune
အေအက်ဖ်ပီအောက်တိုဘာလ 27 ရက်၊ 2022,
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးကတည်းက မငြိမ်မသက်ဖြစ်နေပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သဘောထားကွဲလွဲမှုတွေကို ဖြိုခွင်းရာမှာ လူပေါင်း ၂၃၀၀ ကျော် သေ ဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရွာတွေမှာ အဓမ္မကျင့်မှု၊ တရားလက်လွတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။
Friday, September 23, 2022
ယူကရိန်းလို မြန်မာနိုင်ငံကို ဘာကြောင့် မကူညီတာလဲလို့ ကုလသမဂ္ဂမှာ အရှေ့တီမော သမ္မတက မေးခွန်းထုတ်ခဲ့ပါတယ်။
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022-09-23
အရှေ့တီမော သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ (José Ramos Horta) က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ မေးခွန်းထုတ်ခဲ့ပါတယ်။
“မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သစ္စာဖောက်မှုကို ခံစားရပြီး ယူကရိန်းနိုင်ငံကို ခေတ်မီ စစ်လက်နက်ပစ္စည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အကူအညီကို မြန်မာနိုင်ငံက မေးခွန်းထုတ်နေပါတယ်။ ဒါပေမယ့် ဗမာပြည်သားတွေက ဆက်ပြီး တိုက်ပွဲတွေ ဆက်ပြီး သေ ဆုံးနေကြရတယ်။
Saturday, September 17, 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မြန်မာဘက်က လက်နက်ကြီးထပ် မံ ကျရောက်မှု ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ကုလသမဂ္ဂထံ တိုင်ကြားမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြော
B B C
ဘီဘီစီမြန်မာပိုင်း
2022-09-17မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေ ပြီး ဒီပြဿနာကို ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကုလသမဂ္ဂထံ တိုင်ကြားသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၇ ရက်မှာ ဘီဘီစီဘင်္ဂါလီသတင်းဌာနထံ ပြောကြား လိုက်ပါတယ်။
ဒါ့အပြင် ခုလို လက်နက်ကျည်ကျရောက်လို့ ရိုဟင်ဂျာတစ်ဦး သေဆုံးရမှုအပေါ်ကိုလည်း သူက ပြင်းပြင်းထန် ထန် ကန့်ကွက်ရှုတ်ချပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့နယ်စပ်အခြေအနေက တည်ငြိမ်အေးချမ်းနေပြီး ပစ်ခတ်သံတွေကြားရ တာ မရှိဘူးလို့လည်း ဘီဘီစီဘင်္ဂါလီသတင်းဌာနက ပြောပါတယ်။
ရိုဟင်ဂျာ ၄၀၀၀ ခန့် နေထိုင်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဒီ အသက် ၁၅ နှစ်အရွယ်ဆယ် ကျော်သက်ရိုဟင်ဂျာလူငယ်ဟာ မနေ့ စက်တင်ဘာ ၁၆ ရက် သောကြာနေ့နှောင်းပိုင်းမှာ မော်တော်ကျည်ဆန် ကျ ရောက်ထိမှန်လို့ သေဆုံးကြောင်း ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒဲလ်မိုဟာမက်က ပြောပါတယ်။
အခုဖြစ်စဥ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုသိရဖို့ဘီဘီစီကလည်း ဆက်သွယ်မေးမြန်း ဖို့ ကြိုးစားနေပါတယ်။
Tuesday, September 13, 2022
IIMM သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂသို့ တင်ပြ ခဲ့
ဗွီအိုအေ (မြန်မာဌာန)
IMM Myanmar ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ Nicholas Koumjian က မြန် မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း ယနေ့ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပြောကြားခဲ့သည်။ ဥပဒေတစ်ခုခု။
Monday, August 22, 2022
ကုလသမဂ္ဂအထွေထွေညီလာခံမှ ကုလသမဂ္ဂအထူးသံတမန် ၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရန်
AUTHOR: 864 LOCAL,REGIONAL AND INTERNATIONAL ORGANIZATION
ကုလသမဂ္ဂအထူးသံတမန်မှ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကို အရပ်ဘက်လူထု အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရုပ်သိမ်းရန် အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (UN Secretary-General) အနေဖြင့် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု တာဝန်ယူပြီး တိကျပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ ကတိကဝတ်ကို ပြသရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
Sunday, August 21, 2022
ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံဆီ ပြန်ရမည်ဟု ကုလ သမဂ္ဂကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ပြော
ဩဂုတ် ၁၈
ဘင်္ဂလားဒေ့ရှ်ရှိ လူပြည့်သိပ်သော စခန်းများ၌ နေထိုင်နေကြသည် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် အကြမ်း ဖက် ဖိစီးနှိပ်စက်မှုများမှ ထွက်ပြေးလာရာ မြန်မာနိုင်ငံဆီ ပြန်ကြရလိမ့်မည်ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ချုပ် ရှိတ် ဟာစီနာက ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲအား ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာသို့ တနင်္ဂနွေနေ့က ရောက်ရှိပြီး မြန်မာနယ်စပ်နားက ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွား ရောက်ခဲ့သည်။
Monday, December 6, 2021
ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာစစ်တပ်ကို အရေးယူ ချိန်တန်ပြီ
Myanmar Now
သုတဇော်
Published on Dec 5, 2021
Friday, November 19, 2021
ရိုဟင်ဂျာနဲ့ လူနည်းစုအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ကုလသမဂ္ဂအတည်ပြု
VOA
ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2021
အစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုလိုက်တဲ့ ဒီ ဆုံးဖြတ် ချက်မှာ မြန်မာလူထုက လိုလားတောင့်တတဲ့ ဒီမိုကရေစီအရေးကို အလေးထားပြီး ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးကို ဖော်ဆောင်ဖို့၊ တရားဥပဒေကို လေးစားလိုက်နာဖို့၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည် အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းဖို့ စတဲ့အချက်တွေကို အထွေထွေညီလာခံ ကနေ တောင်းဆိုဖို့ ပါရှိပါတယ်။
ဒီ အဆိုပြုချက်မူကြမ်းကိုတော့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ EUဥရောပ သမဂ္ဂ တို့က ပူးတွဲ တင်သွင်းခဲ့ကြတာပါ။
မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသား ထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ တာနဲ့ ပတ်သက်ပြီး အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ အီးယူကိုယ်စား လှယ်အဖွဲ့ ရုံးက ဆုံးဖြတ်ချက်ချပြီး မကြာခင်မှာ ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခု အဆိုပြုချက်ထဲမှာ ပါဝင်တဲ့ ရာဇဝတ် မှု တွေကို ၂၀၁၆ အောက်တိုဘာလနောက်ပိုင်းမှာ ကျူးလွန်ခဲ့တာလို့ အီးယူရဲ့ ကြေညာချက် မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာအရေးကိစ ္စဟာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ကိစ္စတွေထဲက တခုကြောင်း၊ ဒီကိစ္စကို အားလုံးပါဝင်ပြီး ဘက်စုံထောင့်စုံ ကချဉ်းကပ် အဖြေရှာရမှာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်း ပြီးနောက်အတင်း အကြပ် ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ် မှုတွေနဲ့ ပတ်သက်လို့ မှတ်တမ်း တင်ထားတာတွေ ရှိနေကြောင်းနဲ့ အဲဒီ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန် ခံမှုနဲ့ အရေးယူမှုတွေ လုပ်နိုင် ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းပါကြောင်း မနေ့က တ တိယကော်မတီအစည်းအဝေးအ တွင်း ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူ ကြမ်း” ကို ကုလသမဂ္ဂက မဲခွဲအတည်ပြုတာ ဒီတကြိမ်ထဲတော့ မဟုတ်ပါဘူး။ အီးယူနဲ့ OIC တို့က တင်သွင်း တဲ့ အလားတူ မူကြမ်းကို (၇၅) ကြိမ်မြောက် အထွေထွေညီလာခံက ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၉ မဲ၊ကြား နေမဲ ၂၆ မဲနဲ့ မနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တကြိမ် ဆုံးဖြတ် အတည်ပြုထားပြီး ဖြစ်ပါတယ်။ Link : Here
Thursday, March 18, 2021
ဘာဆန်ချားကျွန်းမှာ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရောက်နေ
18 မတ်၊ 2021
ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော်ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချားကျွန်းကို မနေ့ကစ၊ သုံးရက်ကြာခရီး ရောက်ရှိနေပါတယ်။





.png)



.png)
.png)
.png)
.png)
.png)
.png)
