RFARFA Burmese
2023.02.18
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုတွင် ၂ဝ၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က မြင်တွေ့ရသည့် ဒုက္ခသည်များ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချခြင်းအားဖြင့် သူတို့အတွက် ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာနိုင်တာကြောင့် နိုင်ငံတကာအနေနဲ့ အကူအညီလိုအပ်နေတဲ့ ဒီရိုဟင်ဂျာဒုက္ခ သည်တွေအတွက် ရန်ပုံငွေဦးစားပေးဆောင်ရွက်ဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Campaign UK က ဖေဖော်ဝါရီ ၁၈ ရက် နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။