RFA
RFA Burmese
2025.01.03
၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။
အာရက္ခတပ်တော် AA က ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တဲ့ နောက်ပိုင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေကို ဇန်နဝါရီ ၁ ရက်နေ့ကစလို့ နေရပ်ပြန်ခွင့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကတော့ သူတို့အိမ်ပြန်ရဖို့ မသေ ချာသေးဘူးလို့ RFA ကို ပြောကြပါတယ်။