" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာကန့်ကွက်. Show all posts
Showing posts with label မြန်မာကန့်ကွက်. Show all posts

Saturday, July 25, 2020

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စီးပွားရေး ကန့်သတ် ပိတ်ဆို့ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုချက်ကို မြန်မာနိုင်ငံက ကန့်ကွက်

ELEVEN
25 JULY 2020
မင်းနိုင်စိုး

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စီး ပွားရေးကန့်သတ်ပိတ်ဆို့ရန် မကြာသေးမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ တောင်းဆိုချက်အပေါ် မြန်မာနိုင်ငံက ကန့် ကွက်ကြောင်း ဇူလိုင် ၂၄ ရက်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအ မတ် ကြီး Mr. Manjurul Karim Khan Chowdhury ကို ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ထိုသို့ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */