Showing posts with label တိုက်ခိုက်. Show all posts
Showing posts with label တိုက်ခိုက်. Show all posts

Saturday, May 18, 2024

ဘူးသီးတောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံကာကွယ်တိုက်ခိုက်နေ

Narinjara
ရက်စွဲ: ၁၈ မေ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၁၈/၂၀၂၄


( တပ်ရင်းများကို စွန့်ခွာထွက်ပြေးနေကြသည့် စစ်သားများကို AA က လိုက်လံရှင်းလင်းတိုက်ခိုက်နေ)

ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို​ အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင် သိမ်းပိုက်လို ပြီးနောက် စစ်ကောင်စီက လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ ယနေ့ နံနက်ကလည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးလေ့လာသူ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

Saturday, December 2, 2023

ဂါဇာရှိ အစ္စရေးတင့်ကားများကို တိုက်ခိုက်ရန် ဟားမတ်စ် ပြင်ဆင်

DVB
December 2, 2023

ဟားမတ်စ်အဖွဲ့ခွဲရဲ့ တိုက်ခိုက်ရေးသမားတွေက ဂါဇာကမ်းမြောင်ဒေသထဲက အစ္စရေးတင့်ကားတွေ ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

ဗီဒီယို ရိုက်ကူးတဲ့ နေရာကို သီးခြား အတည်မပြုနိုင်ပါဘူး။

Wednesday, November 15, 2023

တိမ်ညိုရဲစခန်း အပါအဝင် စစ်တပ်စခန်း ၃ ခု စွန့်ခွာထွက် ပြေး၊ ဘူးသီးတောင်တွင်စစ်ကား ၃ စီးကိုအေအေတိုက်ခိုက်

DVB
November 15, 2023
 
 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်ညက တိမ်ညိုနယ်မြေရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၃ ခု စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီး စပ်သူတွေဆီကနေ သိရပါတယ်။

Sunday, November 12, 2023

ဟစ်ဇ်ဘိုလာနှင့် ဟားမတ်စ် ပစ်မှတ်များကို အစ္စရေးစစ်တပ် ပစ်ခတ်တိုက်ခိုက်

DVB
November 12, 2023

 

အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေရဲ့ တည်နေရာ အများအပြားကို လေ ကြောင်းကနေရော အမြောက်တွေနဲ့ပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကို ပြထားတဲ့ ဗီဒီယိုတခုကို နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

Tuesday, October 31, 2023

ဂါဇာရှိ ကင်ဆာဆေးရုံကို အစ္စရေးက တိုက်ခိုက်

M-Media
အောက်တိုဘာ ၃၁၊ ၂၀၂၃

ဂါဇာကမ်းမြှောင်တောင်ပိုင်း ဂါဇာစီးတီးမှာရှိတဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေး ကင်ဆာဆေး ရုံကို အစ္စရေးက တနင်္လာနေ့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆိုးဆိုးရွားရွား ပျက်ဆီး ခဲ့ပါ တယ်။

တနင်္လာနေ့ တစ်နေ့လုံး ဆေးရုံပတ်၀န်းကျင်ကို တိုက်ခိုက်ခဲ့ရာကနေ ညနေ ၅ နာရီခွဲလောက်မှာ မေ့ ဆေးဌာနရှိရာ ဆေးရုံရဲ့ တတိယထပ်ကို ဒုံးကျည်နဲ့ အစ္စရေးက ပစ်ခတ်ခဲ့တာပါ။

Friday, October 6, 2023

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေအန္တရာယ် ဒုက္ခသည်တွေ စိုးရိမ်

VOA
ဗွီအိုအေမြန်မာပိုင်း
စံကျော်

၀၅ အောက်တိုဘာ၊ ၂၀၂၃ 

    ဝရမ်းပြေးအဖြစ် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လိုချင်နေတဲ့ လက်နက်ကိုင် ARSA အဖွဲ့ဝင်များ (Photo: C J)

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းနေပေမဲ့ ဒုက္ခသည်တွေကတော့ စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) အဖွဲ့ခေါင်းဆောင်အဖြစ် မသင်္ကာသူတဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဖမ်းဆီးလိုက်သလို၊ ARSA အဖွဲ့နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ကြား ပဋိပက္ခကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့တာပါ။ ဒုက္ခသည်စခန်းတွေက အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထား တာကို ကိုစံကျော် တင်ပြထားပါတယ်။

Saturday, August 27, 2022

မောင်တောနယ် ခမောင်းဆိပ်မြို့ဗျူဟာကုန်းကို AA ဝင်တိုက်

Myanmar Now
နန်းဦးနွေ
Published on Aug 27, 2022

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသတွင်း စစ်ကြောင်း ထိုး နေရာ ရွာသား ၁၂ ဦးကို ဓားစာခံအဖြစ် ခေါ်ထားသည်ဟု သိရသည်။ 

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-Arakan Army Info)


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သြဂုတ် ၂၆ မွန်းလွဲပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် နယ်ခြားစောင့်ရဲနှင့် စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားသည့် ခမောင်းဆိပ်ဗျူဟာ ကို ဝင်တိုက်ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးလာသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Sunday, May 3, 2020

ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တပ်မ တော်ပြော

VOA 
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
03 မေ၊ 2020 
 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကို ကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် သ တင်းပေးပို့ထားပါတယ်။

Wednesday, February 19, 2020

ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ဝန်ကြီးချုပ် ဦးညီပု တို့ စီးနင်းလိုက်ပါသည့် ရဟတ်ယာဉ် ဘူးသီးတောင်သို့ အသွားတွင် တိုက်ခိုက်ခံရ

နိရဉ္စရာ
ချစ်အိလှိုင်
 ဖဖေော်ဝါရီ ၁၉/ ၂ဝ၂ဝ

လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့စီးနင်း လိုက် ပါလာသည့် ရဟတ်ယာဉ်သည် စစ်တွေမြို့မှ ဘူးသီးတောင်အကြားတွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခံ ခဲ့ရကြောင်း သတင်း ရရှိသည်။

Tuesday, November 26, 2019

ရသေ့တောင်မြို့အနီး မြန်မာရေတပ်သင်္ဘောတိုက်ခိုက်ခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန
ကိုနိုင်ကွန်းအိန်
26 နိုဝင်ဘာ၊ 2019

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ည နေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်သင်္ဘောဘက်က ထိခိုက်မှုရှိတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။ တချိန်ထဲမှာ ရသေ့တောင်မြို့နယ်အ တွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သ တင်းပေးပို့ထားပါတယ်။

Thursday, August 15, 2019

ပြင်ဦးလွင်နှင့် နောင်ချိုတို့ရှိနေရာ ငါးနေရာကို မြောက် ပိုင်းသုံးဖွဲ့ဝင်တိုက်

မဇ္ဈိမ သတင်း
By စိုးသူအောင်, ကိုကိုအောင် 
15 August 2019

                                                              ဓာတ်ပုံ - မျိုးသန့်အောင်

ရန်ကုန်၊ သြဂုတ် ၁၅ ။ ။ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် ပြင်ဦးလွင်နှင့် နောင်ချို တို့ရှိ နေရာ ငါးနေရာကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ် သည့် TNLA၊ AA၊ MNDAA ပူးပေါင်းတပ်ဖွဲ့မှ ဝင်တိုက်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

Thursday, August 1, 2019

ရခိုင်ပြည်နယ် နုယ်ခြားစောင့်ရဲယာဉ်တန်း တိုက်ခိုက် ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
01 သြဂုတ်၊ 2019
ဇော်ထက်
၂၀၁၆ စက်တင်ဘာ ၂၄ ရက်တုန်းက မြန်မာ နယ်ခြားစောင့်ယာဉ်တန်းတခုကို တွေ့ရစဉ် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ အောင်ဗလကျေးရွာကြား မောင်တောမြို့နယ်သွားတဲ့လမ်းပေါ်မှာ ဒီနေ့ သြဂုတ် ၁ရက် မနက် ၈နာရီလောက်မှာ မိုင်းပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ယာဉ်တန်း ကို တိုက်ခိုက်ခံရတယ်လို့ တပ်မတော်ဘက်က အတည်ပြုပါတယ်။ ဒါကရခိုင်လက်နက်ကိုင်အဖွဲ့ AA ကြောင့်လို့ တပ်မတော်ဘက်က ပြောထားပေမဲ့ AA ဘက်ကို ဆက်သွယ်လို့မရခဲ့တာကြောင့် အတည် မပြုနိုင်ခဲ့ပါဘူး။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

Friday, July 26, 2019

ဘူးသီးတောင် ညောင်ချောင်းရဲစခန်းကို အေအေ တပ်ဖွဲ့ ဝင်တိုက်၊ ရဲ ၂ ဦးဒဏ်ရာရ

DVB
By ဒီဗွီဘီ
26 July 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းရဲစခန်းကို ဇူလိုင် ၂၆ ရက် မနက်မှာ အေအေတပ်ဖွဲ့က ဝင်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အ တွင်း ရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

Sunday, July 21, 2019

တပ်မတော် စစ်ရေယာဉ်တွေကို AA အဖွဲ့တိုက်ခိုက်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-20

ရက္ခိုင့်တပ်တော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ် 
Photo: RFA

                                      


ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်က တောင်ဆိပ်မြစ်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အကြားက မယူမြစ်အတွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မနေ့ ကနဲ့ ဒီနေ့မနက်မှာ ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, July 9, 2019

ကျောက်တော်မှာ မြန်မာစစ်တပ်ယာဉ်တန်း တိုက်ခိုက် ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
09 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
 ရခိုင်ပြည်နယ် ဘူးသီးထောင်မှာ တပ်စွဲထားသော မြန်မာစစ်သားများ (သြဂုတ်၊ ၂၉၊ ၂၀၁၇) 

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကစ္ဆပနဒီ တံတားအနီးမှာ မြန်မာတပ်မတော် ယာဉ်တန်း ဗုံးခွဲတိုက် ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်း  ထောက် ကိုနိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

Sunday, July 7, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းက လုံခြုံရေးစခန်း တိုက်ခိုက်ခံရ စစ်သည် နှစ်ဦးကျဆုံး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-07
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: STR / AFP
 
 မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ လုံခြုံရေးကင်းစခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကနေ ဇူလိုင် လ ၆ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြန်မာဘက်က စစ်သည် နှစ်ဦးကျဆုံးပြီး တပ်မတော်သား အချို့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

Sunday, June 23, 2019

AA အဖွဲ့က ပင်လယ်သွားတွဲဆွဲရေယာဉ်ကို ရှော့ တိုက်ဒုံးနှင့် ပစ်ခတ်သဖြင့် နှစ်ဦးသေတစ်ဦးဒဏ်ရာရ

မြန်မာတိုင်းမ်နေ့စဉ်
23 Jun 2019
ဓာတ်ပုံ - တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး 

စစ်တွေမြို့အရှေ့ဘက် ဆတ်ရိုးကျချောင်းဝအနီးတွင် ကျောက်ချရပ်နားထားရှိသော ပင်လယ်သွားတွဲ ဆွဲ ရေ ယာဉ်တစ်စီးကို ဇွန် ၂၂ ရက်နံနက် ၃ နာရီ ၄၅ မိနစ်ခန့်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှော့ တိုက်ဒုံးနှင့် လာရောက်ပစ်ခတ်သဖြင့် နှစ်ဦးသေတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

Saturday, June 22, 2019

တပ်မတော်(ရေ) ကို AA တိုက်ခိုက်တာကြောင့် စစ် သည်အချို့ ထိခိုက်ဒဏ်ရာရ

RFA 
လြတ္လပ္တဲ့ အာရွအသံ
2019-06-22
ပစ်ခတ်မှုဖြစ်ပွားတဲ့ ဆတ်ရိုးကျချောင်းဝကိုတွေ့ရစဉ် Photo: RFA 

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝအနီးမှာရှိတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီး ဒီနေ့မနက်က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခံရတာကြောင့် ရေယာဉ်ရဲ့ကိုယ်ထည်ပိုင်း အနည်းငယ်ထိ ခိုက် ပျက်စီးသွားသလို စစ်သည်အချို့လည်း ဒဏ်ရာရသွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကိုပြောပါတယ်။

Tuesday, April 23, 2019

မောင်တောမှာ နယ်ခြားစောင့်ရဲကား တိုက်ခိုက်ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
22 ဧပြီ၊ 2019
နိုင်ကွန်းအိန်
 နယ်ခြားစောင့်ရဲများ
မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားတစ်စီး ဒီနေ့ မနက်က မိုင်းခွဲ တိုက်ခိုက်ခံရပါတယ်။ ဒီတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မှုအခြေအနေနဲ့ ဘယ်အဖွဲ့ကနေ တိုက်ခိုက်သလဲ ဆိုတာ အတည်မပြုနိုင်သေးပေမဲ့၊ ဒေသခံတွေကတော့ ရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့ ARSA က တိုက်ခိုက်တာဖြစ်နိုင် တယ် လို့ သံသယရှိနေကြတဲ့အကြောင်း နယ်မြေခံလွှတ်တော် ကိုယ်စား လှယ်တွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေး ပို့ထားပါ တယ်။

Wednesday, April 10, 2019

မြောက်ဦး အခြေစိုက် ရဲတပ်ရင်းဌာနချုပ်ကို AA အဖွဲ့ က အင်အားသုံး တိုက်ခိုက်

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုကျော်သူ
2019-04-10
 ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်း ဌာနချုပ်ကို ၂၀၁၉၊ မတ်လက တွေ့ရစဉ်


ရက္ခိုင့်တပ်မတော် AA က အင်အား ၄၀၀ လောက်ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်း ဌာနချုပ်ကို ဒီကနေ့ မနက်ပိုင်းက အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြား ရေးအဖွဲ့က RFA ကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */