ဧရာဝတီ
Justin Higginbottom
13 September 2023
သြစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစု ကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ပထမသက်တမ်းအတွင်း အစိုးရ၏ မူဝါဒအတိုင်ပင် ခံ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး မကြာမီ သူ့ကိုဖမ်းဆီး ကာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ထောင်ချ သည်။ ထိုစွပ်စွဲချက်များသည် လုပ်ကြံ စွပ်စွဲချက်များဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကြသည်။