Showing posts with label ChatGPT. Show all posts
Showing posts with label ChatGPT. Show all posts

Sunday, December 15, 2024

Chat GPT နှင့် AI မြန်မာ

Chat GPT နှင့် AI မြန်မာ

Mon, 06/03/2024 - 12:10 -- journal_editor

AI ဆိုသည်မှာ ဉာဏ်ရည်တုနည်းပညာဖြစ်သည်။ လူကဲ့သို့ အသိပညာ ထည့်သွင်းထားသည့် နည်းပညာဖြစ်သည်ဟုလည်း ယနေ့ခေတ်တွင် လူအများစုသိရှိကြပြီးဖြစ်မည် ထင်ပါသည်။ AI သည် လူများ နေ့စဉ်ထိတွေ့ အသုံးပြုနေသည့် ဖုန်း၊ ကွန်ပျူတာ စသည့်အရာများတွင် မရှိမဖြစ်အရေးပါသည့် နည်းပညာတစ်ခုလည်း ဖြစ်ရာ ယခုအခါ AI ကို အခြေခံပြီး ပေါ်ထွက်လာသည့် နည်းပညာမှာ Chat GPT ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာကို အခြေခံပြီး လူသားများ၏ ဘာသာစကားများနှင့် စိတ်ခံစားချက်၊ အမူအကျင့်များ ကိုပါ ထည့်သွင်းအသုံးပြုထားပြီး လူသားများနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံနိုင်သည့် နည်းပညာတစ်ခုဖြစ်သည်။ Chat GPT သည်AI Language modelတစ် ခုလည်းဖြစ်ပြီး Chat GPTကို အသုံးပြုပြီး မေးခွန်းများ ဖြေဆိုခြင်း၊ စကားပုံများ ဖြေဆိုခြင်း၊ စကားအပြန် အလှန် ပြောဆိုနိ်ုင်ခြင်းနှင့် သိလိုသည်များကို ရှာဖွေနိုင်သည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ မေးခွန်းတစ်ခုမေးလျှင် ၎င်း မေးခွန်းနှင့်သက်ဆိုင်သည့် Creative ဖြစ်တဲ့အဖြေများကို ပြန်လည် ထုတ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရှိရသည်။ ယခင်Googleမှာ ရှာ သကဲ့သို့ Resource တွေအများကြီးကInformations များ လိုက်စု နေစရာမလိုတော့ဘဲ ChatGPTက လိုတိုရှင်းပြီးထိရောက်သည့် အ‌ဖြေများ ပေးနိုင်ကြောင်း တွေ့ရှိရပြီး သိလိုသည်များနှင့် စပ်လျဉ်း ၍လည်း အနီးစပ်ဆုံး အဖြေအထိ ထုတ်ပေးနိုင်သည့် နည်းပညာ တစ်ခုအနေနှင့်လည်း တွေ့ရှိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */