BBC
၁၃ နိုဝင်ဘာ ၂၀၂၃,
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာတိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေ နိုဝင်ဘာ ၁၃ ရက် မှာ စတင်ဖြစ်ပွားနေပါတယ်။ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ မေယု မြစ်ကမ်းဘေးက ဒုံးပိုက်နဲ့ ချိန်ခါလီကျေးရွာတွေက နယ်ခြားစောင့် ရဲစခန်းတွေကို ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲစဖြစ်တာလို့ ဒေသခံအချို့ကပြောပါတယ်။
ရက္ခိုင့်တပ်တော် - အေအေ ဘက်ကလည်း ရသေ့တောင်မြို့ထဲက နေရာအချို့နဲ့ မင်းပြားမှာတိုက်ပွဲ တွေဖြစ်နေတယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောခွင့်ရ ခိုင်သုခကအတည်ပြုပြီး ရသေ့တောင် မှာ တပ်စခန်းအချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */
/* PAGINATION CODE ENDS- RONNIE */