" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဗိုလ်မှူးချုပ် ညိုထွန်းအောင်. Show all posts
Showing posts with label ဗိုလ်မှူးချုပ် ညိုထွန်းအောင်. Show all posts

Saturday, October 1, 2022

AA ရဲ့ လာရာလမ်း

ဧရာဝတီ
By နန်းလွင်နှင်းပွင့်
5 June 2019
စစ်ရေး လေ့ကျင့်နေသော AA တပ်ဖွဲ့ဝင် စစ်သမီးများ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံရဲ့ ခွဲစိတ်ခန်းထဲမှာ ဆရာဝန်တယောက် ဇောချွေး ပြန်ပြီး ထူပူနေပါတယ်။

သူဇောချွေး ပြန်လောက်အောင် ထူပူနေတဲ့ ကိစ္စက ခွဲခန်းထဲက လူနာကြောင့် မဟုတ်။ ခွဲခန်း အပြင်ဘက် ဆေး ရုံ ထဲက လူတချို့ကို သူမသင်္ကာ၊ သူ့ကို ဖမ်းဖို့ ရောက်နေတဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး တွေလို့ ထင်နေလို့ပါ။

တောရော မြို့ပါ မကျန် ကိုယ့်အိမ်ထဲ ကိုယ်နေရင်းတောင် နိုင်ငံရေးစကား မပြောရဲခဲ့တဲ့ ခေတ်၊ စစ်အစိုးရ အာ ဏာ ကြီးမားချိန်မှာ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ဇော်မျိုးသက်က အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ဖို့ စစ်သင် တန်း အတွက် လူသစ်တွေ စုနေခဲ့တာပါ။

Sunday, March 8, 2020

ရခိုင်မြောက်ပိုင်းကို ကျော်ပြီး တိုက်ပွဲများ ဖြစ်လာမည်ဟု AA သတိပေး

ဧရာဝတီ
မိုးမြင့်
9 February 2019
ရက္ခိုင့်တပ်မေတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် / AA Information Page / Facebook

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အခြေအနေ ဆက်လက်ဆိုးရွာနေပါက ပြည်နယ် အတွင်း အခြားနေရာများသို့ပါ ပျံ့နှံ့သွားစေနိုင်ကြောင်း ရက္ခိုင့်တပ်မေတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူး ချုပ် ညိုထွန်းအောင်က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗီဒီယိုတခုတွင် သတိပေးပြောကြားလိုက်သည်။ရခိုင်ပြည် နယ်မြောက်ပိုင်းသို့ တပ်မတော်တပ်ဖွဲ့များ ထပ်မံစေလွှတ်နေသည်ဟု ယူဆရသော လုပ်ရပ်များ နောက်ပိုင်းတွင် သူ၏ သတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */