" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ုရိုဟင္ဂ်ာ. Show all posts
Showing posts with label ုရိုဟင္ဂ်ာ. Show all posts

Sunday, February 6, 2022

မြန်မာ့ပြဿနာ ဖြေရှင်းရေး၊ Burma Act ဥပဒေမူကြမ်း၊ အမေရိကန် တင်သွင်း

RFA
လွတ်လပ်တဲ့အာရှအသံ
မောင်သစ်ဆင်း (ဝါရှင်တန် ဒီစီ)
2022.02.05

ရန်ကုန်မြို့ ဆူးလေးဘုရားအနီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြန်ပြီး တဲ့နောက်၊ နိုင်ငံတဝှမ်း အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ လွှမ်းခြုံလာခဲ့ပါတယ်။

ရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့ပြီး ၁၁ လအတွင်း အရပ်ဘက် ပြည်သူတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ လူ နည်းစု ဘာသာရေးအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေ ဖမ်းဆီးခံ ခဲ့ကြရ၊ လူတစ်ထောင်ကျော် သတ်ဖြတ် ခံခဲ့ရပါတယ်။ နိုင်ငံ့စီးပွားရေးလည်း တုံ့ဆိုင်းသွား ခဲ့ပြီး၊ ပြည်သူ တစ်သိန်းခုနစ်သောင်းဝန်းကျင် နေရာပြောင်း ရွှေ့ခဲ့ကြရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */