VOA
ညိုညိုလွင်
၀၁ မတ်၊ ၂၀၂၄
ထိုင်းလွှတ်တော်အဆောက်အဦ
ထိုင်းနိုင်ငံ လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ထိုင်းအာဏာပိုင်တွေ နဲ့ မြန်မာ နိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ တာ၀န်ရှိသူတွေ ဦးဆောင်ပြီး မတ်လ (၂)ရက်နေ့နဲ့ (၃) ရက်နေ့တွေမှာ နှစ်ရက်ကြာ ကျင်းပမှာပါ။ ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် သူလည်းဖြစ်၊ ထိုင်းနိုင်ငံမှာ အနှစ် (၃၀) ကျော်နေထိုင်နေပြီး မြန်မာ့အရေးဦးဆောင် လှုပ်ရှားနေသူတဦးလည်းဖြစ်တဲ့ ထိုင်း-မြန်မာ မဟာမိတ်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးမြင့်ဝေကို မညိုညိုလွင်က တွေ့ဆုံ မေးမြန်း တင်ပြထားပါတယ်။