Friday, March 28, 2025
ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် တရုတ်သမ္မတနှင့် တွေ့ဆုံပြီး ရိုဟင်ဂျာကိစ္စအပါအဝင် မြန်မာ့အရေး ဆွေးနွေးမည်
Saturday, December 7, 2024
မြန်မာ့မြေပေါ် ကျူးကျော်လာမည့် လုံခြုံရေးကုမ္ပဏီအမည်ခံ တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ
Myanmar Now
သုတဇော်
December 7, 2024
အကြမ်းဖက်အုပ်စုဖြစ်လာသော စစ်ကောင်စီက တရုတ်ကို အားကိုးနေချိန်တွင် တရုတ်ကလည်း လက် နက်ကိုင်အဖွဲ့စေလွှတ်ရန် ပြင်ဆင်လာသဖြင့် အချုပ်အခြာအာဏာ စိန်ခေါ်ခံနေရပြီ ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတည်ရှိရာ နယ်မြေ အများအပြား တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက် တဖြည်းဖြည်း ရောက်ရှိလာပြီးနောက် တရုတ်အစိုးရက ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တစ်လျှောက် အကောင်အထည်ဖော်ရန် ရည်မှန်းထားသော ၎င်းတို့၏ အကျိုး စီးပွားများကို တရုတ်လက်နက်ကိုင်တပ်ဖွဲ့များသုံးပြီး တိုက်ရိုက်ကာကွယ်ရန် ခြေလှမ်းပြင်လာနေပြီ ဖြစ်သည်။
Tuesday, October 15, 2024
ရိုဟင်ဂျာအရေး ပါဝင်ဖြေရှင်းပေးဖို့ တရုတ်ကို ဘင်္ဂလားဒေ့ရှ်တောင်းဆို
RFA
RFA Burmese
2024.10.15
ရိုဟင်ဂျာအရေး တရုတ် ကူညီဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို
Monday, May 20, 2024
ရိုဟင်ဂျာအရေး အိန္ဒိယနဲ့ တရုတ် ပါဝင်မှုနဲ့ ဖြေရှင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော
RFA
RFA Burmese
2024.05.20
Tuesday, April 9, 2024
ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား
ဧရာဝတီ
8 April 2024
ဆောင်းပါး
ဧပြီလ ၁ ရက် နေပြည်တော်တွင် တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ကြစဉ်
Wednesday, February 21, 2024
မြန်မာ့တော်လှန်ရေးထဲမှ တရုတ်၏ အကျိုးအမြတ်နှင့် အနောက်အုပ်စု၏ အရှုံး
ASIA TIMES
[စောသန္တာအေး ဘာသာပြန်ပါသည်။]
၂၀၂၃ ခုနှစ်တွင် ကမ္ဘာကြီး၌ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အမေရိကန် ပြည်တွင်းနိုင်ငံရေး အမှိုက်ပုံးမီးလောင်မှု အစရှိသည့် ဖြစ်ရပ်ကြီးများကြား၌ မြန်မာ့အရေးသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရခဲ့ပေ။ကမ္ဘာ ပေါ်၌ အရေးစိုက်မခံရဆုံး ပဋိပက္ခဖြစ်သည့် ဆူဒန်ပဋိပက္ခနှင့် တန်းတူလိုက်နေသော မြန်မာ့အရေးသည်လည်း အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်သည် ရှေ့မတိုးနောက်မဆုတ် အခြေအနေ၌ ပိတ်မိနေပြီဟူသော အယူအဆမှားဖြင့် ဘေးထိုးခံနေခဲ့ရသည်။
Monday, January 29, 2024
ရခိုင်မှာ အပစ်ရပ်ရေး တရုတ်နိုင်ငံ ကြားဝင်ကြိုးပမ်းနေ
ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ ကြားဝင် ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen က မနေ့က ပြောဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံက ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud နဲ့ တွေ့ဆုံ အပြီး သတင်းထောက်တွေကို ပြောဆိုသွားတာပါ။
Tuesday, January 23, 2024
ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ
2024 Jan'23
■ ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ
မြောက်ကိုရီးယား ၏ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်သည့် ဖြစ်ရပ်အပေါ် လူပြောများနေချိန် ပြီးခဲ့သော နိုဝင်ဘာလအတွင်းတွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့သည် လေးနှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှု၌ တရုတ်က မိမိအနေဖြင့် အရှေ့မြောက်အာရှဒေသကို တည်ငြိမ်အောင် ထိန်းညှိသူ ‘Stabiliser’ အဖြစ် ရှိနေမည်ဟု ကတိပြုသလို ဒေသတွင်းအုပ်စုဖွဲ့ ပူးပေါင်းမှုကိုလည်း ဆန့်ကျင်ပြော ကြားခဲ့သည်။
Thursday, December 21, 2023
တရုတ် ပေးနေတဲ့ဖိအား စစ်အုပ်စု သက်ဆိုးရှည်ရေးလား
DVB
December 21, 2023
စစ်တပ်စခန်းပေါင်း ၂၀၀ ကျော်။ မြို့တချို့နဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ယောက်ယက်ခတ်လာတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေကို တွေ့လာရပါတော့ တယ်။
Friday, December 15, 2023
တရုတ် ဝင်ရှုပ်ပြန်တဲ့ မြန်မာ့အရေး
DVB
December 14, 2023
ဒီဇင်ဘာ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ညီ နောင် ၃ ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်။ တရုတ်အစိုးရရဲ့ ကမကထပြုမှုနဲ့ မျက်နှာချင်းဆိုင်ခဲ့ ကြတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရက ဆိုပါတယ်။
Tuesday, December 12, 2023
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘော တူညီချက် ဘာမှမရ
ဧရာဝတီ
12 December 2023
မြောက်ပိုင်းသုံးဖွဲ့ ဆွေးနွေးမှု တခြားစစ်ဆင်ရေးတွေအပေါ် သက်ရောက်မှု ရှိလာမလား
RFA
RFA Burmese
2023.12.12
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး ရည်ရွယ်ချက်တွေနဲ့ အောက်တို ဘာ ၂၇ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တရုတ်အစိုးရရဲ့ အကူအညီ ကိုယူပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ထုတ်ပြောလိုက်ပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ တရုတ်စေ့စပ်မှုနဲ့တွေ့ဆုံ ဆွေးနွေး
VOA
အင်ကြင်းနိုင်
၁၂ ဒီဇင်ဘာ၊ ၂၀၂၃
စစ်ကောင်စီအနေနဲ့ တရုတ်အကူအညီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် ဆို တာ ဟာ သူရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်ရှာရေး အတွက်ဖြစ် တယ်လို့ မြင်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗွီအိုအေကို ပြောပါတယ်။
Monday, December 11, 2023
လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေး
Myanmar Now
December 12, 2023
နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ ဆယ်စုနှစ်နှင့်ချီကြာ သစ္စာခံခဲ့ကြသည့် ကိုးကန့်လက်နက်ကိုင်ခေါင်း ဆောင် များကို ဖမ်းဆီးပေးရန် တရုတ်အစိုးရ၏တောင်းဆိုမှုက စစ်ကောင်စီအတွက် အကျပ်ရိုက်စရာဖြစ်လာခဲ့သည်။
တရုတ်အစိုးရသည် ကျားဖြန့်လောင်းကစားသံသယဖြင့် ကိုးကန့်အုပ်ချုပ်ရေးခေါင်း ဆောင်ဟောင်းများ ဖြစ်ကြ သည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် တို့အပါအဝင် လောက်ကိုင်မှ လူ ၁၀ ဦးကို ယမန်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။
တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား
ဧရာဝတီ
by အောင်ဇော်
11 December 2023
"မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကောင်းထွက်" - တရုတ်နိုင်ငံခြားရေးဌာန
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၁ ဒီဇင်ဘာ၊ ၂၀၂၃
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေး
RFA
RFA Burmese
2023.12.11
Tuesday, May 30, 2023
တရုတ်နဲ့ ICJ ဖိအားကြောင့် ရိုဟင်ဂျာအရေး စစ်ကောင်စီ ပိုတိုးလုပ်ဆောင်လာ
RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.30
တရုတ်အပါအဝင်နိုင်ငံတကာဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စကို စစ် ကောင်စီက ဒီရက်ပိုင်းထဲ ပိုအားထုတ်လာတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ရခိုင်နိုင်ငံရေးသမားတချို့က သုံးသပ်ပါတယ်။
ရိုနေဆန်းလွင်-"တရုတ်နိုင်ငံက ဒီမှာလာပြီး စက်ရုံတွေဆောက်မယ်၊ တခြားတစ် ခုခုလုပ်မယ်ဆိုရင် ဒီလူတွေကို ပေါပေါလောလောနဲ့သုံးလို့ရမယ့် အနေအထားမှာ ရှိတယ်။







.png)
.png)
.png)
.png)
.png)




.png)


