" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမေရိက်န. Show all posts
Showing posts with label အမေရိက်န. Show all posts

Wednesday, March 30, 2022

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

VOA
ဗွီအိုအေမြန်မာပိုင်း
30 မတ်၊ 2022
[[Unicode]]

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ၂၀၂၂ ခုနှစ် အတွက် ရိုဟင်ဂျာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿနာ ကို တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်ကို မတ်လ ၂၉ ရက်နေ့မှာ စတင်တာမှာ အမေရိကန် ပြည်ထောင်စု က ဒေါ်လာ ၁၅၂ သန်း ထပ်မံ ထည့်ဝင်မယ့် အကြောင်း ကြေညာပါတယ်။

မြန်မာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ မြန်မာစစ် တပ်က နှိမ်နင်းတာခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အားလုံး အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေး အပ် ရေး အတွက် ထပ်မံ ထည့်ဝင်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Peter Haas က ကြေညာခဲ့တာပါ။ မြန်မာဘက်က ထွက်ပြေးပြီး ဘင်္ဂလားဒေရှ့် ကောဇ့်ဘဇားမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခိုလှုံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမေရိကန်ရဲ့ ကူညီ ထောက်ပံ့မှုဟာ ဒေါ်လာ သန်း ၁,၇၀၀ ကျော် ရှိသွားပါပြီ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */