" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မွတ်ဆလင်ပြဿနာ. Show all posts
Showing posts with label မွတ်ဆလင်ပြဿနာ. Show all posts

Saturday, December 14, 2019

ရိုဟင်ဂျာအကျပ်အတည်းက ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် ပြဿနာ မဟုတ်ဘူး” ဘာတေးလစ်တနာ

TheVoiceWeekly Journal
by ,ဧေက်ာ္
Dec 13, 2019

မေး – မြန်မာနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ လေ့လာသုံးသပ်သူ တစ်ဦးအနေနဲ့ လက်ရှိအကျပ်အတည်းကို ဘယ်လိုထင်ပါသလဲ။

ဖြေ – ဒီကိစ္စက အသစ်မဟုတ်ပါဘူး။ ဒီနေရာမှာ မေးစရာမေးခွန်းနှစ်ခု ရှိပါတယ်။တစ်ခုကတရားမဝင်ဝင်ရောက် နေထိုင်သူတွေပါ။ ဒီကိစ္စက တကယ့်အစစ်အမှန်ဖြစ်ဖြစ် စိတ်ကူးနဲ့ ဖန်းတီးထားတာ ဖြစ်ဖြစ်ပေါ့။ နောက်မေးခွန်း တစ်ခုက အစ္စလာမ်စစ်သွေးကြွပါ။ ဩဂုတ်လ ၂၅ ရက်နေ့မှာ သူတို့ကိုယ်သူတို့ အင်္ဂလိပ်လို Arkan Rohingya Slavation Army (ARSA- အာဆာ) လို့ခေါ်တဲ့ အုပ်စုက ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲကင်းစ ခန်းတွေကို တိုက်ခိုက်ခဲ့ ပါတယ်။ ဒီတိုက်ခိုက်မှုကနေ မြန်မာလုံခြုံရေးတပ်ဖွဲ့ရဲ့ အကြီးအကျယ်တုံ့ပြန်မှုကို ဆွပေးလိုက်ပါတယ်။ အဲဒီ အ ချိန်ကစပြီး  ရိုဟင်ဂျာ၆၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွား ခဲ့ပါတယ်။ဒီနေရာမှာ လူသားချင်း စာနာမှုရှုထောင့်ကကြည့်ရင် အလွန်အရေးကြီးပါတယ်။ အဲဒီလူတွေဟာမြန်မာ့တပ်မတော်ရဲ့ အလွန်ပြင်းထန်တဲ့ ကြမ်းကြုတ်ရက် စက်မှုတွေကို အရင်ကတည်းက ခံစားခဲ့ကြရတာပါ။ အဲဒီ ရက်စက်မှုတွေက အဲဒီမှာတင်ပြီးသွား တာ မဟုတ်ပါဘူး။ စစ်ဘက်ရဲ့ နှိမ်နင်းမှုအပြီးမှာ ARSA အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိလ်ကအင်တာဗျူးတစ်ခုမှာပြောသွား တာက သူတို့ ရဲကင်းစခန်းတွေကို တိုက်ခိုက်တာက တစ်ဖက် က တုံ့ပြန်မှုကို ဆွပေးချင်တဲ့ ရည်ရွယ်ချက်နဲ့တိုက် ခိုက်တာလို့ ဆိုပါတယ်။

အဲဒီလို ဆွပေးလိုက်တာကနေ သူတို့ ဘာတွေအကျိုးရသွားသလဲ။ နံပါတ်တစ် နိုင်ငံတကာအာရုံစိုက်မှု၊ နံပါတ် နှစ် အနောက်အာရှ အဓိကအားဖြင့် ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီးနိုင်ငံတွေကငွေကြေးထောက်ပံ့သူတွေ ဆီက ငွေတွေ ပိုရသွားတယ်။ နံပါတ်သုံး ဒေါသဖြစ်နေကြတဲ့ လူငယ်တွေ သူတို့နဲ့ ပူးပေါင်းလာဖို့ မျှော် လင့်ချက် ထားနိုင်တယ်။ သူတို့ အပေးအယူလုပ်လိုက်တာထက်တောင် နည်းနည်းပိုပြီး ရသွားတဲ့ပုံပါပဲ။

သူတို့အနေနဲ့ မြန်မာတပ်ဘက်က ဒီလောက်ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ထားပုံ မရပါ ဘူး။ ဒါပေမဲ့ သူတို့ ရည်မှန်းချက် သုံးခုစလုံး အောင်မြင်သွားခဲ့ပါတယ်။ ကျွန်တော်ပြောလိုတာက ဒုက္ခသုက္ခ ခံစားခဲ့ ကြရတာက သာမန်ပြည်သူတွေပါ။ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက ဆင်းရဲသားလယ်သမား တွေပါ။ အခု သူတို့ဟာ ကစားပွဲကြီးတစ်ခုရဲ့ နယ်ရုပ်လေးတွေ ဖြစ်သွားကြပါပြီ။

မေး – ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့  ရိုဟင်ဂျာ တွေဟာ နှစ်ပေါင်းများစွာ စနစ်တကျ ဖိနှိပ်ခံခဲ့ရတယ်ဆိုတဲ့ ခိုင်လုံ တဲ့ အထောက်အထားတွေလည်း ရှိတဲ့ပုံပါပဲ။ မြန်မာအစိုးရက ရိုဟင်ဂျာ တွေကို တိုင်းရင်းသား လူ့အသိုင်းအဝိုင်း အဖြစ်တောင် အသိအမှတ်မပြုပါဘူး။ ဒီလို အသိအမှတ်မပြုတာက အဲဒီနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်လာ ခဲ့တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ တရားဝင်ဖြစ်မှုကို တမင်ရည်ရွယ်ချက်ရှိရှိ သေးသိမ် အောင် လုပ် တာမဟုတ်ဘူး လား။

ဖြေ – ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ပါဘူး။ အဲဒီနေရာမှာ မွတ်ဆလင်တွေ နေထိုင်လာတာ နှစ် ပေါင်းများစွာရှိပါပြီ။ ဒါအသေအချာပါပဲ။ အဲဒီနယ်မြေဧရိယာရဲ့သဘာဝကို ကြည့်လိုက်မယ်ဆိုရင်အိန္ဒိယကုန်းမြေ ကြီးရဲ့အဆုံးနဲ့ အရှေ့တောင်အာရှရဲ့အစ ဖြစ်ပါတယ်။ နတ်မြစ်ရှိပါတယ်။ အဲဒီနတ်မြစ်ဟာ လက်ရှိ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်ပါ။ မြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း နှစ်ခုစလုံးမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် တွေရှိခဲ့ကြတာ ရာစုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။ နောက်ပြီး ရခိုင်ပြည်နယ်ရဲ့ အနောက်မြောက်ပိုင်း မှာလည်း မွတ်ဆလင်တွေ နေထိုင်လာကြတာ ကာလှတာရှည်လှပါပြီ။ ဒီမှာလည်း ဘာပြ ဿနာမှ မဖြစ်ခဲ့ပါဘူး။

နောက်ပိုင်း ဗြိတိသျှအုပ်စိုးတဲ့ခေတ်ကာလမှာ မြစ်တစ်ဖက်ကမ်းက မွတ်ဆလင်အလုပ်သမားတွေကိုဒီဘက်ကမ်း ဧရိယာထဲကို ခေါ်လာကြပါတယ်။ ဒါပေမယ့် သူတို့ကို ‘ရိုဟင်ဂျာ’ လို့ မခေါ်ဘူး။ သူတို့ကိုစစ်တကောင်းနယ်သား တွေလို့ခေါ်တယ်။ ဒီဟာက စာရွက်စာတမ်းအထောက်အထားနဲ့ ရှိပါတယ်။ ဖရန်စစ် ဘီ ခန်နန်ဟန် မီလ်တန် (Francis Bushanan-Hamilton) က ၁၇၉၉ ခုနှစ်မှာ အဲဒီစကားလုံးကို သုံးနှုန်းခဲ့တာပါ့။ ဒါပေမဲ့ အဲဒီစကားလုံး ကလည်း အဲဒီတစ်ကြိမ်ပဲ သုံးနှုန်းခဲ့တာပါ။

အဲဒီ ဟန်မီလ်တန်ဆိုတဲ့သူဟာ မြန်မာနိုင်ငံကို မစ်ရှစ်အဖြစ် အရှေ့အိန္ဒိယကော်မတီက လွှတ်လိုက်တဲ့သူ ဖြစ်ပါ တယ်။ ဒါပေမဲ့ သူက ရခိုင်ပြည်နယ်ကို လုံး၀ မရောက်ဖူးပါဘူး။ သူသွားခဲ့တာကလက်ရှိမန္တလေးမြို့အနီးမှာတည် ရှိတဲ့ အင်းဝနဲ့ အမရပူရမြို့ကိုပါ။ အဲဒီမှာ အာရကန်ဒေသက (အစောပိုင်းကာလ ရခိုင်ကို ခေါ် သည့်နာမည်) သူ တို့ကိုယ်သူတို့ ‘ရိုဟင်ဂျာ’ လို့ ခေါ်တဲ့လူတွေနဲ့ တွေ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီစကားလုံးက နှစ်ပေါင်း ၁၅၀ နီးပါးလောက် ကမ္ဘာမှာ ရည်ညွှန်းသုံးနှုန်းတာမျိုး မရှိပါဘူး။

ဒါပေမဲ့ အဲဒီလို သုံးနှုန်းတာမျိုးမရှိတဲ့အတွက် အဲဒီစကားလုံးသုံးတဲ့သူကို မှားတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ လည်း ရခိုင်အနောက်မြောက်ပိုင်းမှာနေကြပြီး စစ်တကောင်းဒေသိယဘင်္ဂလီဘာသာစကားပြောတဲ့ မွတ်ဆလင် တွေအတွက် သီးခြားအမှတ်လက္ခဏာရှိ (Separate Identity) နေတဲ့အပေါ်မေးခွန်းထုတ်တာကတော့အယူအဆ အသစ်ပါ။ ဒီနေရာမှာ မမေ့သင့်တဲ့အချက်က ရခိုင်ပြည်နယ်က မွတ်ဆလင်အားလုံးက သူ တို့ကိုယ်သူတို့ ‘ရိုဟင် ဂျာ’ လို့ သတ်မှတ်ကြတာမဟုတ်ပါဘူး။ ဒီလူတွေဟာ အဲဒီဒေသမှာ အချိန်ကာလတာ ရှည်နေထိုင်ခဲ့ကြတယ်ဆို တာကလည်း အသေအချာပါပဲ။ အဲဒီစကားလုံးအပေါ်အခြေခံတဲ့ အမှတ်လက္ခဏာ က အစွန်းရောက်အုပ်စုတွေရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် သုံးနှုန်းခေါ်ဝေါ်တာဖြစ်ပါတယ်။ အဲဒီဒေသ က လူတွေက သူတို့ကိုယ်သူတို့ ‘ရိုဟင်ဂျာ’ လို့ သတ်မှတ်တာက အချိန်ကာလ သိပ်မကြာသေးဘူးလို့ ယူဆ ရဖွယ် ရှိပါတယ်။

မေး – မကြာသေးဘူးဆိုတာ ဘယ်လောက်ကာလလို့ ပြောတာပါလဲ။

 
ဖြေ – အဲဒီထဲက အချို့လူတွေဆိုရင် အရင်နှစ်အနည်းငယ်အတွင်းကမှ စတင်သုံးနှုန်းကြတာ့ပါ။ ပြောရရင် တော့ အဲဒီစကားလုံးခေတ်စားတာက ၁၉၉၀ ပြည့်နှစ်တွေ လောက်မှာပါ။
မေး – ဒါပေမဲ့ ၁၉၅၀ ပြည့်နှစ်ကာလတွေမှာ မြန်မာအစိုးရက ဒီ ‘ရိုဟင်ဂျာ’ ဆိုတဲ့ အသုံးကို သုံးခဲ့တာပဲလေ။

 
ဖြေ – ဟုတ်ပါတယ်။ သုံးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးကို မြန်မာအစိုးရအဖွဲ့ကလူတိုင်း နှစ်သက်ကြတာ မ ဟုတ်ဘူးဆိုတာကိုတော့ သိထားရပါမယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီးမှာ ရခိုင်ပြည်နယ်အနောက်မြောက် ဒေသက မွတ်ဆလင်သူပုန်အဖွဲ့တစ်ဖွဲ့ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတောင်မှ အဲဒီသူပုန်တွေက သူတို့ကိုယ်သူ တို့ ရိုဟင်ဂျာလို့ မသုံးခဲ့ကြပါဘူး။ သူတို့ကိုယ်သူတို့ ‘မူဂျာဟစ်’ (တိုက်ပွဲဝင်သူများ) လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တာဖြစ် ပါ တယ်။ သူတို့ဟာ အရှေ့ပါကစ္စတန်နိုင်ငံရဲ့ နယ်မြေထဲကို ပူးပေါင်းလိုသူတွေလည်း ဖြစ်ပါတယ်။ အဲဒီသူပုန် အဖွဲ့ဟာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်တွေဟာ အဲဒီဒေသက လူတချို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ စပြီး သုံးလာကြပါပြီ။ ဒါပေမဲ့ လူတိုင်းသုံးတာ မဟုတ်ပါဘူး။ အဲဒီစကားလုံးသုံးတာက မြန်မာပြည်ထဲကနေ ခွဲထွက်လိုတဲ့ စိတ်မျိုးရှိ တယ်လို့ လည်း ယုံကြည် ယူဆခံခဲ့ရပါတယ်။ ရိုဟင်ဂျာလိုလားတဲ့ စာအုပ်စာတမ်းတွေကို ကြည့်လိုက်မယ်ဆိုရင် ၁၉၅၀ ပြည့်နှစ်တွေတုန်းက မြန်မာအစိုးရအဖွဲ့ထဲမှာ ရိုဟင်ဂျာဝန်ကြီးတွေအများကြီးလို့ ရေးထားတာ တွေ့ပါလိမ့်မယ်။ အဲဒါ မမှန်ပါဘူး။ တကယ်တော့ လူတစ်ဦးတည်းပါ။ ဆူလ်တန်မာမွတ်ဆိုသူပါ။ သူက မွတ်ဆလင်ပါ။ ဒါပေမဲ့ သူ့ ကိုယ်သူ ရိုဟင်ဂျာလို့ မခေါ်ခဲ့ပါဘူး။ သူ့ကိုယ်သူ အာရကန်မွတ်ဆလင်လို့ပဲ ခေါ်ခဲ့ တာပါ။ နောက်တစ်ခုက ဦးနု၊ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ကလည်း မွတ်ဆလင်မဲတွေ လိုချင်ခဲ့တာပါ။ အဲဒီ အကြောင်းရင်းတစ်ခုကြောင့် လည်း သူက အဲဒီ စကားလုံးကို ပရိုမိုးရှင်းလုပ်ခဲ့တာပါ။
 
မေး – ၁၉၅၀ ပြည့်နှစ်ကာလ အခြေအနေတွေနဲ့ မဆိုင်ဘဲနဲ့ ဒီကနေ့ ရခိုင်မှာရှိကြတဲ့ မွတ်ဆလင်လူဦး အတော် များများက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်ကြသလို၊ နှိပ်ကွပ်လည်း ခံခဲ့ရပါတယ်။ ဒီကိစ္စကို ခင်ဗျား ဘယ်လို့ ရှင်းပြချင်ပါသလဲ။

ဖြေ – ပထမဆုံး သဘောပေါက်နားလည်ရမှာက မြန်မာနိုင်ငံမှာ မွတ်ဆလင်လူဦးရေ ကြီးကြီးမားမား ရှိတယ် ဆို တာပါ။ မွတ်ဆလင်အများစုက မြို့ပြဒေသမှာ နေထိုင်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ကြတယ်။ ဗမာ နာမည်တွေရှိတယ်။ ဗမာစကားပြောတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေလည်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ မွတ် ဆလင်တွေဟာ ကာလတာရှည်တဲ့ သမိုင်းလည်းရှိသလို၊ အရေးပါတဲ့ အခန်းကဏ္ဍမှာလည်း ပါဝင်ခဲ့ကြတယ်။ ၁၉၄၀ ပြည့်နှစ်ကာလတွေတုန်းက မွတ်ဆလင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးရာဇာတ်ဆိုရင်ဗိုလ်ချုပ်အောင်ဆန်း နဲ့အတူ လုပ်ကြံခံခဲ့ရပြီးတော့ အာဇာနည်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နောက် ဗမာ-မွတ်ဆလင်ခေါင်းဆောင် ပိုင်းမှာရှိတဲ့သူကတော့ အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ် အလာဟာဘတ်မြို့မှာ မွေးတဲ့ ဦးရာရှစ်ပါ။ သူ ဟာ ၁၉၃၀ ပြည့်နှစ် ကာလတွေတုန်းက အလွန်လူလေးစားခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးပါ။ နောက် ပြီး ဦးဖေခင်ဆိုရင်လည်း ပင်လုံစာချုပ်မှာ ဦးဆောင်ပါဝင်တဲ့ ဗိသုကာ တစ်ဦးပါ။ (ပင်လုံစာချုပ်ဆိုတာက ၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်။ အဲဒီအချိန်က တောင်တန်းဒေ သ လို့ခေါ်တဲ့ ရှမ်း၊ ချင်းနဲ့ ကချင်ဒေသတွေကို နယ် တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး တည်ထောင် ခဲ့သည့် သဘောတူစာချုပ်ဖြစ်သည်။)

ဆိုတော့ ဒါက မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ ပြဿနာမဟုတ်ပါဘူး။ ရိုဟင်ဂျာဆိုတာက ကွဲပြားမှုတွေရှိပါတယ်။ သူ တို့ ဗမာစကားမတတ်ပါဘူး။ သူတို့ပြောတတ်တဲ့စကားက ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ တခြားတစ်ဖက်က စစ်တ ကောင်းဒေသသုံး ဘင်္ဂါလီဘာသာစကားပါ။ ဒီတော့ မြန်မာပြည်သားအများစုက သူတို့ကို တရားမဝင်နေထိုင်သူ တွေလို့ မြင်ကြပါတယ်။ ဒါပေမဲ့ ဒီလိုမြင်တာ မျှတမှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အများစုဟာ ရခိုင်ပြည်နယ်မှာ နေထိုင်လာကြတာ တကယ့်ကို နှစ်ပေါင်း ကြာရှည်နေပါပြီ။

မေး။ ။ ခင်ဗျားအစောပိုင်းတုန်းက ရေးခဲ့ဖူးတဲ့စာတွေထဲမှာ ARSA အဖွဲ့ ခေါင်းဆောင်နဲ့ အကြမ်းဖက်အုပ်စုတွေ နဲ့ ဆက်စပ်နေသူတွေဟာ ပိုပြီးကျယ်ပြန့်တဲ့ ဒေသတွင်းအစီအစဉ်တွေ ရှိတယ်လို့ ဆိုထားပါတယ်။ ဘာလို့ အဲဒီလို ပြောတာဘာလဲ။

 ဖြေ – အဖွဲ့ရဲ့ နာမည်ကိုယ်၌ကြောင့်ပါ။ အဲဒီအဖွဲ့ကို သူတို့ဘာသာစကားနဲ့ သူတို့ကိုယ်သူတို့ Harakah alYaqin လို့ခေါ်ပါတယ်။ ဘာသာပြန်ရရင် ‘ယုံကြည်မှုဆိုင်ရာ လှုပ်ရှားမှု’ ပါ။ တကယ်လို့ လူမျိုးစု-အမျိုးသားရေးကိုအခြေ ခံတဲ့ အုပ်စုဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုင်ရာလှုပ်ရှားမှုအဖွဲ့လို့ ခေါ်လေ့မရှိပါဘူး။ နောက်ပြီး အဲဒီအုပ်စု ရဲ့ ခေါင်းဆောင်ပါ။ သူ့နာမည်က Ataullah Abu Ammar Junjuni ပါ။ သူက ရခိုင်ပြည် နယ်က မဟုတ်ပါဘူး။ သူက ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ မွေးတာပါ။ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ နေထိုင်ပြီးတော့ အဲဒီမှာပဲ ဘာသာရေးဆရာဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်ကာလဝန်းကျင်မှာ သူက ဒီကိစ္စကို စပြီး စိတ်ဝင်စား လာ တာပါ။ သူရဲ့ မိဘတွေကတော့ ရခိုင်ပြည်နယ်က ဖြစ်ဖို့များပေမယ့် သူ ကတော့ ရခိုင်ပြည်နယ်က မဟုတ်ပါဘူး။

မေး – သူရဲ့ ဘိုးဘွားတွေကို ဒီဒေသမှာ ပြန်ရှာတဲ့သဘောပေါ့။

ဖြေ – ဟုတ်ပါတယ်။ သူပြောဟောထားတဲ့ တိပ်ခွေတွေကို ကျွန်တော် အခုထိ နားထောင်ပါတယ်။ရခိုင်ပြည်နယ် က နေရာတစ်နေရာလောက်ကိုတောင်မှ သူအသံထွက်မှန်အောင် မထွက်နိုင်ပါဘူး။ သူက စစ်တကောင်း ဒေသ သုံး ဘင်္ဂါလီစကားကို အူရဒူစကားလုံးတွေနဲ့ ညှပ်ညှပ်ပြီး ပြောတာပါ။ နောက်ပြီး အဲဒီ အဖွဲ့က သူ့ရဲ့ အနီး ကပ် ပုဂ္ဂိုလ်တွေကလည်း ကရာချိ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ကဖြစ်ပါတယ်။

မေး – အဲဒါတွေအပြင် နောက်တစ်ခုက ဒီအုပ်စုသုံးတဲ့ နည်းလမ်းတွေက မြန်မာနိုင်ငံမှာရှိတဲ့အခြားလူမျိုးစုအခြေ ခံအမျိုးသားရေးဝါဒီ လက်နက်ကိုင်တွေသုံးတဲ့ နည်းလမ်းတွေနဲ့က ကွဲပြားတာ မျိုးရှိသလား။

ဖြေ – မြန်မာနိုင်ငံတွင်းက လူမျိုးစုအခြေခံအမျိုးသားရေးဝါဒီ လက်နက်ကိုင်အုပ်စုတွေက အနည်းနဲ့အများ အစဉ် အလာရှိခဲ့တဲ့ စစ်တပ်ပုံစံတည်ဆောက်ထားတာပါ။ အဲဒီလက်နက်ကိုင်တွေအားလုံးက ယူနီဖောင်း ဝတ်တယ်။ ရာထူးအဆင့်တွေ ရှိတယ်။ တပ်စု၊ တပ်ဖွဲ့၊ တပ်ရင်းတွေနဲ့ တည်ဆောက်ထားတာပါ။ သူတို့ဟာ အော်တိုမက် တစ်ရိုင်ဖယ် ဒါမှမဟုတ် စက်သေနတ်တွေ ကိုင်ဆောင်ကြလေ့ရှိပါတယ်။

ARSA အာဆာအဖွဲ့ရဲ့ နည်းလမ်းတွေက သူတို့နဲ့ အများကြီးကွဲပါတယ်။ ဩဂုတ်လက တိုက်ခိုက်မှု ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလက တိုက်ခိုက်မှုတွေက အဲဒီ မတူတဲ့ပုံစံတွေကို ဖော်ပြနေပါတယ်။ အခြေခံအားဖြင့် သူတို့က ကျေးရွာသား ရာဂဏန်းလောက်ကို တပ်ဖြန့်လိုက်မယ်။ ပြီးရင် သူတို့ရဲ့ပစ်မှတ်ကို ဝိုင်းထားလိုက်မယ်။ တကယ် ရှိတဲ့ လူဦးရေထက် ပိုများတဲ့ပုံပေါက်အောင် ဖန်တီးလိုက်တာပါ။ သူတို့မှာရှိတဲ့ သေနတ်စတဲ့ လက်နက်က တော် တော်နည်းပါတယ်။ သူတို့ အများစုကိုင်တာက ဓားမြောင်တွေ၊ လှံတွေ၊ ဓားတွေပါ။ သူတို့ရဲ့ နည်းလမ်းတွေက မြန်မာနိုင်ငံက တိုင်းရင်းသားအုပ်စုတွေသုံးတဲ့နည်းလမ်းထက် နီပေါနိုင်ငံနဲ့ အိန္ဒိယ အလယ်ပိုင်းက မော်ဝါဒီတွေ လုပ်တဲ့ နည်းလမ်းတွေနဲ့ အများကြီး ပိုပြီးတူပါတယ်။

မေး – ဒီအုပ်စုရဲ့ အင်အားက ခန့်မှန်းခြေ ဘယ်လောက်များ ရှိမလဲ။

 
တကယ်မသိပါဘူး။ ဩဂုတ်လ ၂၅ ရက်မတိုင်မီ အင်အား ရာနှင့်ချီရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများ တွင် လေ့ကျင့်မှုအချို့ လက်ခံရရှိခဲ့သော ဖွဲ့စည်းထားသော ကေဒါ ၅၀၀-၆၀၀ ခန့် ဖြစ်နိုင်သည်။ သင်တန်းဆရာ များ အားလုံးသည် အာဖဂန်စစ်ပြန်များဖြစ်သည်။ ၎င်းတို့ထဲမှ အများအပြားကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအပါ အဝင် နိုင်ငံခြားသား ၁၅၀ ဝန်းကျင်ဟု သတ်မှတ်ကြသည်။ ထို့အပြင် ၎င်းတို့၏ တိုက်ခိုက်ရေးသမား အချို့မှာ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဥဇဘက်ကစ္စတန်မှ နှစ်ဦးဖြစ်ပြီး အချို့က ၎င်းတို့ကိုယ်သူတို့ မလေးလူမျိုးများဟု သတ် မှတ်ကြသော်လည်း ၎င်းတို့သည် မလေးရှား သို့မဟုတ် ထိုင်းတောင်ပိုင်းမှ ဖြစ်သည်ဆိုသည်ကို ကျွန်ုပ်တို့ မသိရ ပါ။

အကယ်၍ ၎င်းတို့သည် ရခိုင်မှမဟုတ်သော လူယုတ်မာများသာဖြစ်လျှင် လွတ်လပ်သောရခိုင်ပြည်နယ်အတွက် တိုက်ပွဲဝင်ရန် အဘယ်အရာက စုစည်းလာသနည်း။
အင်း၊ အဖွဲ့၏ ရာထူးအဆင့်တွင် ပြည်တွင်းတပ်သား အများအပြား ပါဝင်ပါသည်။ နှစ်ပေါင်းများစွာ ဆက်ဆံခံရ သည့်ပုံစံအတိုင်း ဆက်ဆံခံရခြင်းအတွက် ငြီးငွေ့နေကြတဲ့ ဒေါသထွက်နေတဲ့ လူငယ်လေးများရှိပါတယ်။ ဒါပေ မယ့် ပါကစ္စတန်၊ ဥဇဘက်နဲ့ မလေးတွေက ဘာကြောင့် အဲဒီကို ရောက်လာတာလဲ။ ဒီကောင်တွေက တကယ် တော့ ဂျီဟတ်အကြောင်း ပြောနေတာ။

မေး – ဒေသတွင်းမှာရှိတဲ့ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူတွေရဲ့ အကြီးအကျယ်ထောက် ခံမှုကို သူတို့ရကြပါသလား။

ဖြေ – ထောက်ခံမှု အများကြီး မရပါဘူး။ ကျွန်တော့်အထင် လူတွေကြားထဲမှာ ကွဲနေတယ်လို့ ထင်ပါတယ်။သူတို့ က ဩဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ARSA အာဆာအဖွဲ့ကို အပြစ်တင်ကြပါတယ်။ “ဘာလို့ လုပ်တာလဲ၊ ဘာဖြစ်လို့ သွားဆွတာလဲ” ဆိုပြီး သူတို့ ပြောကြပါတယ်။

တစ်ခု သတိထားရမှာက အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုလုပ်တဲ့ အချိန်ဟာ သေသေချာချာ စဉ်း စားပြီး လုပ်ခဲ့တာပါ။ ကိုဖီအာနန်ကော်မရှင်က ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်လိုက် တဲ့အချိန်၊ တကယ် တော့ အဲဒီအစီရင်ခံစာက မြန်မာအစိုးရကို ဝေဖန်ထောက်ပြထားတဲ့ အစီရင်ခံစာပါ။ အဲဒီ အစီရင်ခံစာ ထုတ်အပြီး နာရီပိုင်းအကြာမှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ကိုဖီအာနန် ရဲ့ အစီရင်ခံစာ က လုံး၀ အသက်မဲ့သွားပါတော့တယ်။ ဒါ ဘယ်လိုနည်းနဲ့မှ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူတို့ ဟာ စစ်ရေးနည်း လမ်း တွေနဲ့လှုပ်ရှားနိုင်မယ့် နယ်မြေဧရိယာကို လိုချင်တာဖြစ်ပါတယ်။ ဆိုတော့ တစ်ဖက် မှာ လူတွေက သူတို့ရဲ့ သွားပြီးဆွတဲ့လုပ်ရပ်ကို အပြစ်တင်ကြသလို၊ အခြားတစ်ဖက်မှာလည်း ဒေါသထွက် နကြတဲ့ လူငယ်အတော်များ များက သူတို့ မျှော်လင့်ထားသလို သူတို့ဆီကို မျက်နှာမူသွားကြပါတယ်။

မေး – အိန္ဒိယရဲ့တုံ့ပြန်မှုက အနောက်ဒီမိုကရေစီနိုင်ငံတွေလို မဟုတ်ဘဲ ရခိုင်အကျပ်အတည်းမှာ တည့် တည့် ပြစ်တင်ပြောဆိုတာမျိုး မရှိပါဘူး။ အိန္ဒိယအစိုးရရဲ့အပိုင်းကရော မှန်ပါသလား။

ဖြေ – မှန်တယ်၊ မှားတယ်ဆိုတာက ကျွန်တော်ပြောရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာရဲ့ အရေးအကြီး ဆုံး အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ပြောဆိုမှုထဲမှာ ဝင်မပါခဲ့ပါ ဘူး။ ဒါက မဟာဗျူဟာအကြောင်းရင်းတွေကြောင့်ဆိုတာ အထင်အရှားပါ။ တရုတ် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ် သွားလာဖို့ကိစ္စမှာ မြန်မာဟာ တရုတ်အတွက် အရေးပါပါတယ်။ အိန္ဒိယအတွက်ကျတော့ မြန်မာဟာ သူ့ရဲ့အရှေ့ တောင် အာရှလမ်းကြောင်းမှာ ဂိတ်လမ်းမတစ်ခု ဖြစ်လို့ပါ။

မေး – အခုတစ်လော အိန္ဒိယအစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်  နဲ့ ပတ်သက်ပြီး တင်းမာတဲ့ရပ်တည်ချက်ပေါ် မှာ ရပ်တည်လာပါတယ်။ ရိုဟင်ဂျာ ကိစ္စဟာ လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်ဆိုပြီး ပြောတာမျိုး တောင် ရှိပါတယ်။ ဘယ်လိုထင်ပါသလဲ။

ဖြေ – ဒီလိုဖြစ်တာ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဖြစ်ရတာပါ။ သူတို့ဟာ လောလောဆယ်မှာ လုံခြုံရေးခြိမ်း ခြောက်မှု ဖြစ်နေပြီလား။ အဲဒီလိုပြောဖို့ အခုချိန်ထိ အထောက်အထား မရှိသေးပါဘူး။ ဆိုတော့ ခြိမ်းခြောက် မှု မရှိ ဘူးလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဒုက္ခသည် ၈၀၀,၀၀၀ နီးပါး ဘယ်နေရာကိုသွားကြ မှာလဲ။ ဘင်္ဂလားဒေ့ရှ်က နဂိုကတည်းက လူဦးရေ အလွန်များတဲ့ နိုင်ငံပါ။ လူဦးရေ သိပ်မထူထပ် တဲ့နေရာဆိုလို တစ်နေရာပဲ ရှိပါတယ်။ အဲဒီနေရာက စစ်တကောင်းတောင်တန်းဒေသပါ။ ကျွန်တော်ရထားတဲ့ သတင်းအချက် အလက်သာမှန်ခဲ့ရင် ချက်ကမ (Chakmas) နဲ့ မားမက်စ် (Marmas) ဒေသက ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှစ်ခု စလုံး ကတော့ စိုးရိမ်စရာဖြစ်ပါတယ်။

မေး – ဒီအကျပ်အတည်းက တောင်အာရှဒေသအတွက် ဘယ်လို အဓိပ္ပာယ်ရှိပါသလဲ။

ဖြေ – ပြောဖို့ နည်းနည်းစောသေးတဲ့ပုံပါပဲ။ အဲဒီနယ်မြေမှာ ဒုက္ခသည်ဦးရေ ရုတ်ချည်းများလာပါတယ်။ အကြမ်း ဖက် အစ္စလာမ်မစ်အုပ်စုတွေက အဲဒီအပေါ် အသုံးချမယ်ဆိုတာ သိသာထင်ရှားတဲ့ကိစ္စပါ။ အင်ဒိုနီးရှား၊ ဘင်္ဂလား ဒေ့ရှ်နဲ့ ပါကစ္စတန်က အကြမ်းဖက်အုပ်စုတွေက လူသစ်စုဆောင်းနိုင်မယ့် အခွင့်အရေးကို စောင့်မျှော်နေကြ တာ ပါ။ အဲဒီဒေသမှာ စစ်သွေးကြွတုံ့ပြန်မှုမျိုးဖြစ်လာခဲ့ရင် အလွန်ဆိုးဝါးတဲ့ အကျိုးသက် ရောက်မှုတွေဖြစ်လာပါလိမ့် မယ်။

နောက် သိထားရမယ့် အရေးကြီးတဲ့ အချက်တစ်ခုက ဘင်္ဂလားဒေ့ရှ်မှာ သိပ်မကြာခင်မှာပဲ ရွေးကောက်ပွဲ လုပ်ပါ တော့မယ်။ ဘင်္ဂလားဒေ့ရှ်ဟာ တစ်ချိန်က ရိုဟင်ဂျာ သူပုန် ကို မြန်မာတပ်နဲ့တွဲပြီး စစ်ဆင်ရေးလုပ်ဖို့ ကမ်းလှမ်းခဲ့ ဖူးပြီး ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်တာကို ငြင်းဆိုဖူးပါတယ်။ ဒါပေမဲ့ အခြေအနေကညင်သာတဲ့ရေစီး ကြောင်းအဖြစ်ကနေ ဆူနာမီလှိုင်းလုံးကြီးလို ဖြစ်လာတဲ့အခါမှာတော့ ဘင်္ဂလားဒေ့ရှ် ဝန် ကြီးချုပ် ရှိတ်ဟာဆီနာ နဲ့ သူ့ရဲ့ Awami League အဝါမီလိဂ်အစိုးရဟာ ရပ်တည်ချက် ပြောင်းသွားပါတယ်။ အဲဒါကတော့ အစွန်းရောက် ဝါဒီဖြစ်တဲ့ Bangladesh Jamaat-e-Islami ပါတီရဲ့ ဒီအခြေအနေကနေ အမြတ် ထုတ်ခြင်းကို ကာကွယ်ဖို့ဆိုတဲ့ ရပ်တည်ချက်ကို ပြောင်းသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ရိုဟင်ဂျာ စစ်သွေးကြွ တွေနဲ့ နီးစပ်တယ်လို့ သိထားကြတဲ့ Jammaat ပါတီရဲ့ ထောက်ခံမှုနဲ့ Bangladesh Nationalist Party ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးဝါဒီပါတီသာ အနိုင်ရခဲ့ရင် လုံခြုံေ ရေး အတွက် အလွန်စိုးရိမ်စရာ ဖြစ်လာပါလိ့မ်မယ်။ ဒါကြောင့် လက်ရှိဝန်ကြီးချုပ်ရှိတ်ဟာဆီနာ က ဒီဒုက္ခ တွေနဲ့ တစ်ဖက်ထဲဆိုတာကို အလွန်ကို လိုလိုလားလားပြသနေတာ ဖြစ်ပါတယ်။

မေး – မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား မကြာသေးခင်က သဘောတူညီခဲ့တဲ့ နေရပ်ပြန်လာရေးသဘောတူ ညီချက် ကိုရော ဘယ်လိုထင်ပါသလဲ။

ဖြေ – ဒါက လူကြားကောင်းအောင် ပြောတာပါ။ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ အထောက်အထား စစ်ဆေးမှု လုပ်ပါမယ်။ ဒီလူအများစုမှာ အဲဒီလို စာရွက်စာတမ်းအထောက်အထား မရှိပါဘူး။ နောက် အကြောင်း ရင်း တစ်ခုက သူတို့ကရော ပြန်လာချင်ကြပါသလားဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်အထင် စစ်ဘက် ရဲ့ ပြင်းထန် တဲ့ ရက်စက်မှုတွေကြောင့် သူတို့တွေ လုံး၀ ပြန်မလာတော့မှာ သေချာပါတယ်။ သူတို့ ဘယ်ကို ပြန်လာကြမှာလဲ။ သူတို့အိမ်တွေက မီးရှို့ဖြိုချထားပြီးပြီလေ။

မေး – ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး မဝေးတော့တဲ့ အနာဂတ်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းများ တွေ့ မိပါ သလား။

ဖြေ – ဒီမေးခွန်းက အကြီးကြီးပါ။ ရိုးရိုးသားသားပြောရရင် ကျွန်တော် မသိပါဘူး။ သူတို့တွေ ဘင်္ဂလားဒေ့ရှ် မှာ နေလို့ရနိုင်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင် ရပါတယ်လို့ ဖြေချင်ပါတယ်။ ဒါပေမဲ့ စစ်တကောင်း တောင်တန်း ဒေသကတော့ ဒုက္ခရောက်ဖွယ်ရှိပါတယ်။ တတိယနိုင်ငံမှာ နေမယ်ဆိုရင်တော့ သူတို့ကို ဘယ်နိုင်ငံက လက်ခံ မှာလဲ။ 

စာညွှန်း။ ။ Rohingya refugee crisis: It’s not Muslims versus Buddhists, says writer Bertil Lintner

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */