Showing posts with label ဆန္ဒပြမှုများ. Show all posts
Showing posts with label ဆန္ဒပြမှုများ. Show all posts

Wednesday, March 20, 2024

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်

ပြည်ချစ်သား
by အေးခင်
Posted on March 20, 2024

( မှတ်တမ်းအဖြစ်ထားရှိရန်သာ)

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း” ဘူးသီးတောင်မှ မွတ်ဆလင်များ မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့တဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။ AA အကြမ်းဖက်သမားတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်နေတာကြောင့် ဒေသခံများက AA အဖွဲ့ကိုအလိုမရှိကြောင်း တိုက်ပွဲတွေကိုအလိုမရှိကြောင်း စသဖြင့် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ #Crd

Monday, November 25, 2019

ICJ အမှု အမျိုးသားရေးလှုပ်ရှားသူတွေ ကန့်ကွက်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
အောင်သိင်္ခ
2019-11-25
 ICJ ရဲ့ တရားစွဲဆိုမှုကို ရှုတ်ချကြောင်းနဲ့ OIC ကို ကန့်ကွက်ရှုတ်ချကြောင်း ၂၀၁၉၊ နိုဝင်ဘာ ၂၅ ရက်နေ့က အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ကြစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

 ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် သဘောတူ ညီချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာ သမ္မတနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ၂၀၁၉ ခုနှစ် နိုဝင် ဘာ ၁၁ ရက်နေ့မှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

Sunday, November 24, 2019

မြန်မာအပေါ် ဂမ်ဘီယာက ICJ တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ သွားရောက် ဖြေရှင်းမည့် နိုင်ငံတော်၏အတိုင် ပင်ခံ ပုဂ္ဂိုလ်အား ရပ်တည်ထောက်ခံပွဲ မုံရွာမြို့တွင် ပြုလုပ်

ELEVEN
24 NOVEMBER 2019

Gambia နိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်သွားရောက်ကာ ဖြေရှင်းမည့်အပေါ် ရပ်တည်ထောက်ခံပွဲ မုံရွာမြို့တွင် ပြုလုပ်နေစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမဆောင်ရှေ့တွင် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရပ်တည်ထောက်ခံပွဲကို မုံရွာမြို့တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */