Showing posts with label History. Show all posts
Showing posts with label History. Show all posts

Wednesday, January 21, 2026

Nagorno-Karabakh သမိုင်း

 

ဓာတ်ပုံ- ဟန်ဂေရီရှိ အဇာဘိုင်ဂျန်သမ္မတနိုင်ငံသံရုံး

ဟန်ဂေရီရှိ အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၊ ဓာတ်ပုံ- ဟန်ဂေရီရှိ အဇာဘိုင်ဂျန်သမ္မတနိုင်ငံသံရုံး Nagorno-Karabakh သည် ဆယ်စုနှစ်များစွာ သေးငယ်ပြီး ပိုမိုကြီးမားသော လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နေရာဖြစ်သော ကြောင့် ထူးခြားသောနယ်မြေတစ်ခုဖြစ်သည်။ ၎င်းသည် Azerbaijani နှင့် Armenian လူမျိုးများတွင် ပြင်းထန် သော စိတ်ခံစားမှုများကိုလည်း ဖြစ်ပေါ်စေသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ငြိမ်းချမ်းရေးစာချုပ်ဖြင့် ပြီးဆုံး ခဲ့သည့် လက်ရှိစစ်ပွဲအပြီးတွင် အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကြောင်းများစွာနှင့် ဒေသတွင်းအနာဂတ်အကြောင်း အနည်းငယ်ပြောသင့်သည်။ ဤသည်မှာ ဟန်ဂေရီနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန်သံအမတ်ကြီး ပါမောက္ခ Vilayat Guliyev နှင့် တွေ့ဆုံမေးမြန်းခန်းဖြစ်သည် ။ ဟန်ဂေရီနေ့စဉ်သတင်း (DNH) - ပထမဦးစွာ၊ သံရုံးမှလက်ခံရရှိသည့်အခွင့်အရေးအတွက် ကျေးဇူးတင်ရှိပါသည်။ သေချာတာပေါ့၊ နောက်ဆုံးရက်သတ္တပတ်နဲ့လတွေက မင်းအတွက် အရမ်းရှုပ်နေလိမ့်မယ်၊ ဒါပေမယ့် Nagorno-Karabakh ပဋိပက္ခရဲ့ ခေါင်းစဉ်ကို တိတိကျကျ မပြောခင်မှာ ပဋိပက္ခက ဘယ်ကလာတယ်ဆိုတာ ပြောပြနိုင် မ လား။ အဇာဘိုင်ဂျနီနှင့် အာမေးနီးယန်းလူမျိုးတို့၏ သွေးဆိုးများ၏ မူလအစမှာ အဘယ်နည်း။

Tuesday, November 11, 2025

၁၉၄၀ နှစ်များ မြန်မာတွင် လူမျိုးရေးနိုင်ငံရေး ပေါ်ပေါက်လာပုံ - ကရင်များနှင့် သခင်သမိုင်းပုံ

၁၉၄၀ နှစ်များ မြန်မာတွင် လူမျိုးရေးနိုင်ငံရေး ပေါ်ပေါက်လာပုံ - ကရင်များနှင့် သခင်သမိုင်းပုံ



သခင် ဆိုသည်မှာ တို့ဗမာအစည်းအရုံး၏ အဖွဲ့ဝင်များဖြစ်ပြီး ၁၉၃ဝ ပြည့်လွန်နှစ်များအတွင်း နိုင်ငံရေး" တတိယမျိုးဆက်' များ အဖြစ် အမျိုးသားရေးဝါဒီများ၏ နိုင်ငံရေးစုဖွဲ့မှုဖြစ်ပြီး အဆုံးသတ်အားဖြင့် မြန်မာနိုင်ငံအား လွတ် လပ်ရေး ဆောင်ကြဉ်း ပေးနိုင်ခဲ့သူများ ဖြစ်ပါသည်။ သခင်ရှုထောင့်မှ ရေးသား ထားသော သမိုင်းများသည် မြန် မာနိုင်ငံ၏ ဇာစ်မြစ်များကို ဖြေရှင်းဖော်ပြကာ ပြည်သူများကို စည်းလုံး ညီညွတ်စေခဲ့သည်။ သို့ရာတွင် ဤသမိုင်းရေးသားမှုသည် သခင်တို့၏ လုပ်ဆောင်ချက်များကိုသာ အကြွင်းမဲ့မှန်ကန်မှု ဖြစ်စေကာ အချို့သော ပြည်သူလူထု အစိတ်အပိုင်းများ ကို ဖယ်ကျဉ်ခြင်း၊ အပယ်ခံ ဖြစ်စေခြင်းများကို လည်း ဖြစ်စေခဲ့ပြီး သခင်တို့၏ ကျရှုံးမှုများကိုလည်း ဖုံးကွယ် ထားပေသည်။ ဖုံးကွယ်ထားခြင်း ခံရသည့် မြန်မာ့သမိုင်း၏ အရေးကြီးသည့်အစိတ်အပိုင်းတရပ်မှာ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြဿနာများနှင့် နိုင်ငံရေး သမိုင်းပင် ဖြစ်သည်။ ကိုလိုနီခေတ်သမိုင်းပညာရှင်များမှ စတင်ခဲ့သော အစောပိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် သုတေသနများသည် သခင် ရှုထောင့် သမိုင်းပုံ နှင့် ဆက်စပ်နေခဲ့သည်။ ဤစာတမ်းသည် ထိုသမိုင်းရေးအမြင် နှစ်ခုကြောင့် ဖုံးကွယ်ထားခြင်းခံရသည့် ၁၉၄၇ ခုနှစ် လူမျိုးရေး နိုင်ငံရေး၏ အစကို လေ့လာဖော်ပြမည်။ ထိုကာလတွင် အဓိက နိုင်ငံရေးလှုပ်ရှားသူများမှာ ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး နှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်) မှ သခင်များနှင့် ခရစ်ယာန် ကရင်များဖြစ် သည်။ သခင်များသည် လူမျိုးပေါင်းစုံ ပါဝင်သည့် အုပ်စုများကို ၎င်းတို့လိုလားသည့် စနစ်ပုံစံအတိုင်း လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ပေါင်းစည်းရန် ကြိုးပမ်းခဲ့ကြသော်လည်း ကရင်များအဖို့မူ ၁၉၄ဝ ပြည့်နှစ်များ တွင် သခင်များနှင့် ပူးပေါင်းမှုနှင့် ပဋိပက္ခဖြစ်မှုတို့ကို အခြေခံ၍ ညီညွတ်သောကရင် အဖြစ် ပေါင်းစည်းရန် ဆောင်ရွက်ခဲ့ကြ ပေသည်။ ရခိုင်၊ မွန်၊ ရှမ်း၊ ရိုဟင်ဂျာကဲ့သို့ အခြားသော လူမျိုးစုများ အတွက်လည်း ၁၉၄၇ ခုနှစ်သည် လူမျိုးရေးနိုင်ငံရေး၏ အစဖြစ်ခဲ့သည်။

Tuesday, March 18, 2025

ဗုဒ္ဓနဲ့ အစ္စလာမ် ရပ်ဝန်းဆုံရာက ရခိုင်နဲ့ ရိုဟင်ဂျာ

BBC
ဘိုဘို
ဘီဘီစီမြန်မာပိုင်း
17.03.2025

ဘင်္ဂလား ၁၂ မြို့နဲ့ မြန်မာပြည် အောက်ပိုင်းထိ သြဇာလွှမ်းမိုးခဲ့တဲ့ ပဒေသရာဇ်နိုင်ငံ ရခိုင်ပြည်
 
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်စွန်းက ရခိုင်ပြည်ဟာ တချိန်က ဘင်္ဂလား ၁၂ မြို့နဲ့ မြန်မာပြည်အောက်ပိုင်းထိ သြဇာလွှမ်းမိုးခဲ့တဲ့ ပဒေသရာဇ်နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ၁၈ ရာစုနှောင်းမှာ မြန်မာလက်အောက် ကျရောက်ရာကနေ အနှစ် ၂၄ဝ ကျော်အတွင်း မြန်မာ၊ ဗြိတိသျှနဲ့ ဂျပန်လက်နက်နိုင်ငံတွေအောက်ကို ကျရောက်ခဲ့သလို ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ထောင်စုအဝင် ရခိုင်တိုင်းအဖြစ်ကနေ ၁၉၇၄ က စပြီး ပြည်နယ်တခုအဖြစ် ပြောင်းလဲရပ်တည်လာခဲ့ပါတယ်။

Sunday, March 16, 2025

အောင်ဆန်း - အက်တလီစာချုပ်

 




Today in Myanmar History : အောင်ဆန်း - အက်တလီစာချုပ်ကို ဇန်နဝါရီ ၂၇ ရက်၊ ၁၉၄၇ ခု တွင် အမှတ် ၁၀ ၊ ဒေါင်းနင်းလမ်းတွင် ချုပ်ဆိုခဲ့ရာ ယနေ့ဆိုလျှင် ၇၈ နှစ် ပြည့်မြောက်ပြီ ဖြစ်သည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
✍️ တက္ကသိုလ်နေဝင်း
 
မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တမ်းတင် ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စ အရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့အဖွဲ့နှင့် ဗြိတိသျှနန်းရင်း၀န် (၀န်ကြီးချုပ်) မစ္စတာအက်တလီ ဦးဆောင်သည့် ဗြိတိသျှကိုယ်စာ လှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street) တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။
 
ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံး၀ လွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင် မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။
 
‘လုံး၀လွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ် လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။
 
(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း -အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော‘အောင်ဆန်း -အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာ၀န်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု ( ဦးနု ) ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘ နု - အက်တလီစာချုပ် ’ ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)
 
မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံး၀လွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် ‘ အောင်ဆန်း -အက်တလီစာချုပ် ' အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်နဝါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာ ဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။
 
ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေးအတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း - အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။
 
ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာ အက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်နဝါရီလ ၁၃ ရက်နေ့ကပင် သူ၏ လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။
 
ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။
 
ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု , အထူးသဖြင့် ရှမ်းပြည်နယ်ကိုကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စား လှယ်သာဖြစ်ကြောင်း ပါရှိပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏အမည် ပါလာသည်။
ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။
 
ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့၀င်များသည် အထူးစိုးရိမ်တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမူ ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်း သိသဖြင့် ဣနြေ္ဒမပျက်ချေ။
 
ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာန ချုပ်မှ တာ၀န်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။
 
ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီ၀င်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်း သံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။
ဦးတင်အေးနှင့် ဦးထွန်းမြင့်(တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ လက်ခံယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် ( SHAN STATE FREEDOM LEAGUE ) သည် ရှမ်းပြည်နယ်တွင် အထူးပင်သြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှူးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါ၀င်သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟု ဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ 
 
ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံး၀လွတ် လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံး၀လွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက် ချလိုက်ကြပါသည်။ အစည်းအဝေးသို့ ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေး ကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ်သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။
 
ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။
 
ဗိုလ်ချုပ်ကလည်း ဗြိတိသျှ၀န်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကိုကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။
 
သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ပုံစံဖြင့် လုံး၀လွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့်‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
 
သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦး ဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက်သဖွယ် ' ဝှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘ဝှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။
 
‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် -
 
‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က
မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ် ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇ - ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။
 
ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ်ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူလက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟု စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
 
ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဌာနမှ ‘စတီဗင်ဆင်’ ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။
 
‘အောင်ဆန်းတို့ကို မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှုအောက် မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။
 
ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။
 
ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟု စိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။
 
ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်း ဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်း ရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီအတွင်း ကိုယ်စားလှယ်ပေါင်းစုံပါ၀င်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။
 
ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့်ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေတော့သည်။
 
ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။
 
တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။
 
ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေ အနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။
 
တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။
 
ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ကိုယ်စာလှယ် ၂၂ ဦး တို့သည် သမိုင်း၀င် ' ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။
 
ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင် သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။
 
တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။
 
✍️ တက္ကသိုလ်နေဝင်း
စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)
=================================================================
✍️ မောင်းဆက်
 
ယနေ့ အနှစ်(၇ဝ)ပြည့် ပြည်ထောင်စုနေ့ဖြစ်၏။ ပြည်ထောင်စုနေ့ဆိုသည်မှာ မြန်မာ့လွတ်လပ်ရေး သမိုင်း၏ အချိုးအကွေ့တစ်ခုဖြစ်ပါ၏။ အနှစ် (၇ဝ) ကြာခဲ့ပြီဖြစ်သော သမိုင်းမှာ အလွယ်တကူ ဖြတ်သန်းခဲ့ရ တာဖြင့် မဟုတ်ပါ။
 
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခရီး ပန်းတိုင်ရောက် ခါနီးကာလ အပြီးသတ်ဆွေးနွေးပွဲများအတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့်အဖွဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ရောက်ရှိခဲ့၏။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်၌ မြန်မာ့အရေး ဆွေးနွေးပွဲစ၏။
 
ဗြိတိသျှ နန်းရင်းဝန် (ဝန်ကြီးချုပ်) မစ္စတာ ကလီမင့် အက်တလီ၏ ရုံးထိုင်ရာဖြစ်သော အမှတ်(၁ဝ) ဒေါင်းနင်း လမ်းတွင် ဖြစ်၏။ မြန်မာ့ လွတ်လပ်ရေးအတွက် အလွန်အရေးပါလှသော အဆိုပါဆွေးနွေးပွဲတွင် အင်္ဂလိပ်တို့ဘက်မှ နန်းရင်းဝန် မစ္စတာ အက်တလီ နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘီဘင်တို့က ခေါင်းဆောင်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်ခဲ့၏။
 
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဖဆပလ ကိုယ်စားပြုအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေ၊ သခင်မြ၊ ဦးတင်ထွဋ်၊ ဦးကျော်ငြိမ်း စသူတို့နှင့်အတူ ဘုရင်ခံ ရွေးချယ်သော ကိုယ်စားလှယ်များအဖြစ် ဂဠုန်ဦးစော၊ သခင်ဗစိန် စသူတို့ ပါဝင်ခဲ့သည်။ အားလုံး အဖွဲ့ဝင် ၁၆ ဦးပါရှိသော မြန်မာ ကိုယ်စားလှယ်အဖွဲ့။
ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားမှာ ပြတ်သားပြီးဖြစ်သည်။ တွေ့ဆုံဆွေးနွေးပြီး လွတ် လပ်ရေးကို ရအောင်ယူနိုင်မယ်ဟု မျှော်လင့်ထားသည်။ သည်လိုမှ ဆွေးနွေး၍မရလျှင် မရအရတိုက်ယူမည်ဟု ပိုင်းဖြတ်ပြီးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ခရီး ရန်ကုန်မှအထွက် ပြောခဲ့သော နာ မည်ကျော်စကားရပ်ဖြစ်သည့် အကောင်းဆုံးကို မျှော်လင့်ထားသည်၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အဆင်သင့်ပြင်ထားသည်ဟူသည့် အတိုင်းဖြစ်ပါ၏။
 
အင်္ဂလိပ်အစိုးရ၏ ရည်ရွယ်ချက်မှာ ''မြန်မာနိုင်ငံ လွတ်လပ်ရေး ပန်းတိုင်သို့ရောက်အောင် ကူညီရန်ဖြစ်ကြောင်း'' ဟူသည့် နန်းရင်းဝန် အက်တလီ၏ အဖွင့်စကားနှင့် ''ဖြူစင်သောစိတ်ထားဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်လာသည်'' ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ အဖွင့်စကားတို့ဖြင့် ဆွေးနွေးပွဲစခဲ့ကြသည်။
 
လန်ဒန်မြို့တွင် ယင်းသို့ဆွေးနွေးပွဲ ပြုလုပ်နေစဉ် တစ်နေ့သ၌ မြန်မာနိုင်ငံရှိ ရှမ်းစော်ဘွားအချို့ ပေးပို့လိုက်သော ကြေးနန်းတစ်စောင် ရောက်လာ၏။ နယ်ချဲ့တို့ က လွတ်လပ်ရေးကို လွယ်လွယ်မပေးချင်သည့်အားလျော်စွာ တောင် တန်းဒေသများ လွတ်လပ်ရေးကို သီးခြား စဉ်းစားရန် စည်းရုံးလှုံ့ဆော် မှုကြောင့် စော်ဘွားအချို့တို့ က 'ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်စော်ဘွား များ၏ ကိုယ်စားလှယ်မဟုတ်။ တောင်တန်းနယ်များ၏ အရေးကိစ္စ ကိုဆွေးနွေးရန် ရှမ်းပြည်စော်ဘွားများကို သီးသန့် ဖိတ်ခေါ်ပါ' ရေးသား ကာ ကြေးနန်းပို့လိုက်ခြင်းဖြစ်၏။
 
ယင်းကြေးနန်းကြောင့် လန်ဒန်ရှိဆွေးနွေးပွဲမှာ အနည်းငယ် တန့်သွားခဲ့ ရသော်လည်း ထိုသတင်းကို ကြားသိသော ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) က လူထုစည်းဝေးပွဲကြီးတစ်ခု ချက်ချင်းဆိုသလို တောင်ကြီးမြို့တွင် ကျင်းပကာ အစည်းအဝေးဆုံးဖြတ် ချက်အဖြစ် 'တောင်တန်းဒေသ များသည် မြန်မာပြည်မနှင့် ပူးပေါင်း၍ လွတ်လပ်ရေးကို ရယူလိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသ များ အတွက်လည်း ပြောဆို ပိုင်ခွင့်ရှိကြောင်း၊ ဗိုလ်ချုပ်၏ အဆိုပြုချက်များကို ထောက်ခံကြောင်း' သံကြိုးရိုက် ကြေးနန်းပြန်လည်ပေးပို့ လိုက်သည်။
 
ယင်းကြေးနန်းကြောင့် ဆွေးနွေးပွဲ ဆက်လက်နိုင်ခဲ့သော်လည်း အင်္ဂလိပ်တို့က 'တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် တိုင်ပင်ညှိနှိုင်းရန် အများစုက ပူးပေါင်းလိုလျှင် ပူးပေါင်းပေးမည်၊ သီးခြားနေလိုလျှင် သီးခြားနေခွင့်ပြုမည်' ဟူ၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ကို အသိပေးလိုက်သည်။ ထိုအသိပေး အကြောင်းကြား ချက်ကို ဗိုလ်ချုပ်အောင်ဆန်းကလည်း သဘောတူလက်ခံခဲ့သည်။
 
ဇန်နဝါရီလ ၁၃ ရက် နံနက်ခင်းမှ စသည့် ဆွေးနွေး ပွဲသည် ဇန်နဝါရီလ ၂၆ ရက် သန်းခေါင်းကျော်ထိ ရောက်ခဲ့သည်။ အကြိတ်အနယ်ဆွေးနွေးမှုများ၊ ဥပဒေသဘော၊ နိုင်ငံရေးသဘော၊ မြန်မာပြည်သူလူထုတို့၏ သဘောတို့ကို ဘက်စုံချင့်ချိန်ထောက်ရှုခဲ့ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဖက်လုံး က စာချုပ်ချုပ်ဆိုရန် သဘောတူမှုရခဲ့ကြသည်။
 
ယင်းသို့ အားလုံးသဘောတူကြသည့်အချိန်ကျမှ ဦးစောနှင့် သခင်ဗစိန်တို့က ၎င်းတို့လက်မခံနိုင်ကြောင်း၊ လက်မှတ်မထိုးနိုင်ကြောင်း ထကြေညာသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက 'ကျွန်ုပ်တို့သည် သဘောတူညီချက် နှင့်ပတ် သက်၍ နောက်ပိုင်းဖြစ်ပေါ်လာမည့် ကိစ္စအဝဝကို လက်ခံရန်အသင့် ရှိကြောင်း' ပြောကြား ကာ စာချုပ်အတွက် တာဝန်ခံလိုက်၏။ သည်သို့ဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အာမခံသော အင်္ဂလိပ်-မြန်မာ စာချုပ်ချုပ်ဆိုရန် အသင့်ဖြစ်ခဲ့ပြီ။
 
လန်ဒန်မြို့၌ နှင်းများဖွေးဖွေးဖြူအောင် ကျနေသည့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင်အမှတ် (၁ဝ) ဒေါင်းနင်းလမ်း ဗြိတိသျှနန်းရင်းဝန်၏ ရုံးခန်းတွင်း၌ အပိုဒ် ပေါင်း ၁ဝ ပိုဒ်ပါရှိသည့် သဘောတူညီချက်စာချုပ်ကို ဗြိတိသျှနန်းရင်းဝန် မစ္စတာ ကလီမင့် အက်တလီနှင့် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာ့လွတ်လပ် ရေး သမိုင်း၏ အရေးပါလှသော စာချုပ်များထဲကတစ်ခု ဖြစ်သည့် အောင်ဆန်း-အက်တလီ စာချုပ်ဟူ၍ ပေါ်ပေါက် လာခဲ့လေသည်။
 
တောင်တန်းဒေသများနှင့်ပတ်သက်၍ စော်ဘွားများ ပေးပို့သော ကြေးနန်းကို အကြောင်းပြုကာ အောင်ဆန်းအက်တလီစာချုပ်၏ အပိုဒ်(၈) အပိုဒ်ခွဲ(ဂ) တွင် အောက်ပါအချက် တစ်ချက်ပါလာခဲ့သည်။
 
(ဂ) ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရင့် ပြီးဆုံးသည့်အခါ ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့သည် နယ်ခြားဒေသလူထု၏ ဆန္ဒနှင့် လိုက်လျောညီစွာ အကျိုးတူရည်မှန်းချက်များကို ဖြည့်စွမ်းရန် အကောင်းဆုံး စနစ်နှင့်ပတ်သက်၍ သဘောတူညီချက် ရယူလိမ့်မည် ဖြစ်သည်... ဟူ၍ ဖြစ်၏။
 
အောင်ဆန်းအက်တလီစာချုပ်ထဲမှာ ပင်လုံအစည်းအဝေး သုိ့မဟုတ် ပင်လုံကဲ့သို့သော အထူးကွန်ဖရင့်တစ်ခု ဆိုသည့်အချက် အတိအလင်း ပါလာသည့်အတွက် ပင်လုံဟာ ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးသည့် အနေသို့ ရောက်ရှိလာပါတော့သည်။
 
အမှန်တော့ ပင်လုံကွန်ဖရင့်ကို ဗြိတိသျှတို့က ၎င်းတို့ ၏ အစီအစဉ်ဖြင့် ကြိုတင်ပြင်ဆင်ထားတာရှိနေသည်။ စော်ဘွားအချို့ကို စည်းရုံး၍ တောင်တန်းဒေသများကို သီးခြားခွဲထုတ်ကာ ဆက်လက် အုပ်ချုပ်ရန် ရည်ရွယ်ရင်း ရှိပြီးဖြစ်၏။
 
နိုးကြားတက်ကြွနေသော တိုင်းရင်းသားခေါင်းဆောင်များက အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုပြီးစီးကြောင်း သိကြသည့်အခါ မြန်မာနိုင်ငံ ကို သေချာပေါက် လွတ်လပ်ရေး ပေးရတော့မည်ဖြစ်ကြောင်း ခန့်မှန်းတွက်ဆနိုင် ခဲ့ပြီး ဖြစ်၏။ သည်လိုပြည်မနှင့် တောင်တန်းဒေသများ ခွဲခြား လွတ်လပ် ရေးပေး မည်ဆိုလျှင် တောင်တန်းဒေသများအဖို့ နောက်ထပ်မည်မျှကြာအောင် လွတ်လပ်ရေးအတွက် စောင့်ရမည်ဆိုတာ မသေချာ။
 
ပြီးတော့ အဓိကအကျဆုံးအချက်က ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးက တစ်ခေတ်တစ်ယောက် ဆိုလောက်သည်။ သည်လိုတည်ကြည်၊ ကတိတည်ပြီး ကိုယ်ကျိုးမဖက်သည့် ခေါင်းဆောင်မျိုးလက်ထက်မှာ အတူပူးပေါင်းလက်တွဲကာ လွတ်လပ်ရေးကို အရယူခြင်းက အမှန်ကန်ဆုံးလမ်းဖြစ်မည်ဟု မြင်ကြသည်။
 
ပင်လုံ ညီလာခံကျင်းပရန် ရက်ပိုင်းသာလိုတော့သည့် အချိန်ထိ တိုင်းရင်းသားခေါင်းဆောင်များကြားမှာ တိတိကျကျ ညှိနှိုင်းလို့မရသေး။ သဘောတူညီမှု သေသေချာချာ မရသေး။
 
ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံသို့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် ရောက်လာပြီ။ ဟဲဟိုးလေ ယာဉ်ကွင်းက ဂျပန်ခေတ် ဗုံးဒဏ်ကြောင့် လေယာဉ်ဆင်းလို့မရ။ သည်တော့ မိတ္ထီလာလေယာဉ်ကွင်း တွင် ဆင်းကာ မိတ္ထီလာ မှတစ်ဆင့် သာစည်၊ ယင်းမာပင်၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းပွန်၊ လွယ်လင် မြို့များကို ကားဖြင့် ဖြတ်သန်းမောင်းနှင်ပြီးမှ ညမိုးချုပ် ပင်လုံသို့ ရောက်ခဲ့ရခြင်းဖြစ်သည်။
 
ရောက်ရောက်ချင်း အစည်းအဝေးတွင် တောင်ပေါ်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှ အမျိုးသားမြှင့်တင်ရေး၊ ကြီးပွားရေးတို့ဖြစ်နိုင်ကြောင်း၊ စော်ဘွားများသည် တစ်ဦးချင်း သော် လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လုပ်ကိုင်ရာ၌ ပြည်သူတို့၏ အကူ အညီမပါဘဲ ခရီးမရောက် နိုင်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များမပါရှိဘဲ ဘယ်လို ကိစ္စမျိုးမှ တိုင်ပင်ဆွေးနွေးဆုံးဖြတ်မည်မဟုတ်ဟု စော်ဘွားများက ဆုံးဖြတ်ထားကြောင်းတို့ကို ပြောခဲ့သည်။
 
ဗိုလ်ချုပ်ကလည်း အင်္ဂလိပ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ နှစ်ဦးတွင် လွတ်လပ်ရေးရ တော့မည်၊ ပူးပေါင်းရယူမည်ဆိုလျှင် လွတ်လပ်ရေး အတူတကွရမည် ဖြစ်ကြောင်း၊ ပူးပေါင်းဖို့၊ မပူးပေါင်းဖို့ ဆုံးဖြတ်ရန် မှာ တောင်ပေါ် သား ကချင်၊ ချင်း၊ ရှမ်းတို့၏ တာဝန်သာဖြစ်ကြောင်း၊ အားလုံး၏ သဘောထားကို သိလိုကြောင်း၊ ပူးပေါင်းမည်ဆိုလျှင် တောင်ပေါ်သားများ မနစ်နာအောင် စာချုပ်ပြုလုပ် လက်မှတ်ရေးထိုးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ချင်းသဘောတူညီချက်ကို ဥပဒေအဖြစ် ပြုလုပ်ထားမည်ဖြစ်ကြောင်း တို့ကို ပြောခဲ့သည်။
 
နှစ်ရက်မျှနေလျှင် ဗိုလ်ချုပ်ကိုယ်တိုင်ပင် ပင်လုံစာချုပ်အတွက် တိုင်းရင်း သားခေါင်းဆောင်တို့နှင့် သဘောတူညီမှုရနိုင်ပါ့မလားဟု သံသယရှိ လာခဲ့ရသည်။ အချို့သော ပဒေသရာဇ်စော်ဘွားတို့ကြားမှာ အင်္ဂလိပ် လက်အောက်မှာ ဆက်လက်နေလိုသည့် အယူအဆကရှိနေဆဲ။
 
အမြင်ကျယ်သော တိုင်းရင်းသားခေါင်းဆောင်တို့ကသည်မျှ အပင်ပန်းခံ လာရောက်ရသော ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လေးစားအားနာ လှပြီ။ နောက်ဆုံးသည်ခေါင်းဆောင်တို့က မရအရ ညှိနှိုင်းခြင်းဖြင့် သဘောတူညီမှုများ စတင်ရရှိလာသည်။ ဗိုလ်ချုပ်ကလည်း မြန်မာပြည်အနေနှင့် သက်သက်လွတ်လပ်ရေးယူဖို့မစဉ်းစား။ ဗိုလ်ချုပ်၏ တောင်တန်းပြည်မ မခွဲခြား အတူတူ လုံးဝ လွတ်မြောက်ရေး အယူအဆက တိုင်းရင်းသားခေါင်း ဆောင် များကြား တဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည်။
 
သည်လိုဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် ဗိုလ်ချုပ်လက်ထဲသို့ တိုင်းရင်းသား ခေါင်းဆောင်တို့၏ စာချုပ်မူကြမ်းရောက် ရှိလာခဲ့သည်။ ထိုနေ့တစ်နေ့လုံး ဆက်လက်ဆွေးနွေးပြီး ညဘက်တွင် အပြီးသတ် စာချုပ်မူကြမ်းရရှိခဲ့၏။
 
အတူပူးပေါင်း လွတ်လပ်ရေးယူမည်ဆိုသည့် သဘောတူညီချက်ကိုရရှိပြီးနောက် ဝမ်းမြောက်သည့် အထိမ်းအမှတ်အဖြစ် ရှမ်းစော်ဘွားများက ထမင်းစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ယင်းပွဲ၌ ရှမ်းစော်ဘွားများ အသင်းဥက္ကဋ္ဌ တောင် ပိုင်စော်ဘွားကြီးက ယခု ပင်လုံညီလာခံ အစည်းအဝေးကြီးက ရာဇဝင်မှာ မကြုံဖူးသော အစည်းအဝေးဖြစ်ကြောင်း၊ တိုင်းရင်းသားများအချင်းချင်း ယခင်က ကွဲလွဲမှုများ ဘယ်လိုရှိရှိ ယနေ့တွင် မကွဲလွဲတော့ကြောင်း၊ ပြည်မနှင့် တောင် တန်းသားများ အားလုံးကောင်းရာကောင်းကြောင်း အချိန်သို့ ရောက်ပြီဖြစ်ကြောင်း၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ယခုလို လာရောက်ပြီး ညီညီညွတ်ညွတ်ဖြစ်အောင် ဆောင်ရွက်ပေးတာကို အလွန်ပဲ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ရှေ့အဖို့မှာလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအတိုင်း တစ်သွေးတစ်သားတည်း ညီညွတ်ကြမယ်လို့ ယုံကြည်စေ လိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
 
ဗိုလ်ချုပ်အောင်ဆန်းကလည်း ''... ယခုအစည်းအဝေးတွင် ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံး ဖြစ်သော်လည်း၊ အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော် ဒီရောက်လာတဲ့ကိစ္စ နားလည်တာ တစ်ခုရှိပါတယ်။ ဘာလဲဆိုရင် မြန်မာပြည်ကြီး လွတ်လပ်စေချင်တယ်။ ညီညွတ်စေချင်တယ်။ ကြီးပွားစေချင်တယ်။ ဒီဟာပါပဲ။''
 
ထို့နောက် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကစပြီး တိုင်းပြည်လွတ်လပ်ဖို့၊ ညီညွတ်ဖို့၊ ကြီးပွားဖို့ ကြိုးစားခဲ့ကြောင်း၊ နောင်လည်း ကြိုးစားဦးမည်ဆိုသည့်အကြောင်း၊ လုံးလုံး လွတ်လပ်တဲ့ကိစ္စပြီးပြတ်သည်အထိ ကြိုးစားမည်ဆိုသည့်အကြောင်း၊ ကမ္ဘာ့အခြေအနေက ပြောင်းလဲနေပြီ ဖြစ်ပြီး တိုင်းပြည်တစ်ပြည်တည်း အထီးတည်းမနေနိုင်၊ တစ်ပြည်နှင့်တစ်ပြည် ပေါင်းစပ်အမှီသဟဲ ရှိနေမှ နေနိုင် မှာဖြစ်ကြောင်း စသည်ဖြင့် ပြောပါသည်။
 
ထို့နောက် တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍
 
''ဘာသာစကားပင်တူသော်လည်း လူမျိုးခြားနားမှု လည်းရှိပါတယ်။ ဘာသာပင် မတူသော်လည်း လူမျိုး သီးခြားဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာ - အမေရိကန် နိုင်ငံကိုကြည့်ရင် လူအမျိုးမျိုးဖြစ်သော်လည်း ဘာသာစကား တူပါတယ်။ ရုရှားပြည်မှာဆိုရင် ဘာသာစကား အမျိုးပေါင်းများစွာ ကွဲသော်လည်း လူမျိုးကတော့ တစ်မျိုးတည်းဖြစ်ပါတယ်။
 
သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင်ဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိတာပဲ။ သည်တော့ ဒါတွေကိုစွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။
 
... အချင်းချင်း သဘောကွဲလွဲမှုမျိုးဆိုတာကတော့ နည်းနည်းတော့ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်းကာကွယ်တိုက်ခိုက်တာကတော့အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာပဲ။ တိုက်ခိုက်ကြတဲ့အခါ မှာ စစ်သေနာပတိဟာ ကရင်ဖြစ်ချင်ရင်လည်းဖြစ်မယ်။ ကချင်၊ ချင်း ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ဘယ်သူဖြစ်ဖြစ် တစ်မိန့်တည်း လိုက် နာဆောင်ရွက်ကြရမှာပဲ''ဟူ၍ လည်းကောင်း။
 
ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ဗမာ အမျိုးမျိုးအဖုံဖုံ အကွဲကွဲ အပြားပြားလုပ်လျှင် အကျိုးရှိမည် မဟုတ်ကြောင်း၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိမည့်အကြောင်း စသည်ဖြင့် တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးရေး၊ ညီညွတ်ရေး တို့ကို ပြောဆိုခဲ့ပါသည်။
 
ဤသို့ဖြင့် နောက်တစ်နေ့၊ ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်သည် မြန်မာ့ သမိုင်းတွင် ပြည်ထောင် စုနေ့ဟု အမည်တွင်သည့် တိုင်းရင်းသားများ အတူပူးပေါင်း လက်တွဲပြီး လွတ်လပ်ရေးကို အရယူကြရန် သဘောတူညီသည့် ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ ဖြစ်လာပါတော့သည်။
 
ပြည်ထောင်စုနေ့သည် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည် ဆိုတာမျှမက ပြည်ထောင်စု သားတို့ တစ်ဦးနှင့်တစ်ဦး နားလည်စာနာကာ မြန်မာနိုင်ငံအလုံးကို ဝိုင်းဝန်းလက်တွဲ ထူထောင်ကြမည်ဆိုသည့် အနှစ်သာရပါရှိပါသည်။
 
ယနေ့ဆိုလျှင် အနှစ် ၇၈နှစ် ရှိခဲ့ပြီ။
 
ပြည်ထောင်စုသား တိုင်းရင်းသားများအားလုံး ပြည်မ ပြည်နယ် မခွဲခြားဘဲ ပင်လုံညီညွတ်ရေးစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းပြီး အမှန်တကယ် ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု ဖက်ဒရယ် မြန်မာနိုင်ငံအဖြစ် လက်တွဲထူထောင်ကြပါစို့။
 
Credit - MOI Webportal Myanmar
*
၇၈ နှစ်ပြည့် အောင်ဆန်း - အက်တလီ စာချုပ်အား ဂုဏ်ပြုလျက်......
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောင်ဆန်း - အက်တလီစာချုပ်
<><><><><><><><><><><>
ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံဘုရင်ခံမင်းကြီး၏ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်တော်တို့ ဆွေးနွေးတိုင်ပင် ရာမှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ။
 
ကိုယ်စားလှယ်တော်များက အရေးဆိုသော ဂရိတ်ဗြိတိန်နှင့် မြန်မာနိုင်ငံတော်တို့၏ အနာဂတ် ဆက် ခံရေးနှင့် သက်ဆိုင်သော ကိစ္စအဝဝတို့ကို ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော် အမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်တော်များ ဆွေးနွေးတိုင်ပင်ပြီးလျှင် ‘ကော်မော်ဝဲလ်သ်’ ( ကွန်မန်းဝဲ့ ) အတွင်းတွင် ဖြစ်စေ၊ အပြင်မှ ဖြစ်စေ၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာ မြန်မာနိုင်ငံတော်သူ နိုင်ငံသားများသည် မိမိတို့လွတ်လပ်ရေးကို ဆွတ်ခူးနိုင်စေမည့်ဖြစ်သော နည်းလမ်းများနှင့် စပ်လျဉ်း၍ အောက်ပါသဘောတူ အဆုံးသတ်ချက်များကို ရောက်ရှိကြလေသည်။
 
(၁) တိုင်းပြုပြည်ပြုလွှတ်တော်
 
မြန်မာနိုင်ငံတော်သူ နိုင်ငံသားတို့သည် မိမိတို့နိုင်ငံ၏ အနာဂတ်အုပ်ချုပ်ရေးကို ဆောလျင်နိုင်သမျှ ဆောလျင်စွာ ဆုံးဖြတ်နိုင်စိပ့်သောငှာ ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ အက်ဥပဒေ ရွေး ကောက်နည်းစနစ်ကို အသုံးပြုလိမ့်မည်။
 
လူမျိုးသီးခြားမထားရှိသောလူစု, ကရင်အမျိုးသားလူစု, အင်္ဂလိပ် မြန်မာကပြား လူစုများအတွက် ရွေး ကောက်ပွဲများကို ဧပြီလတွင် ကျင်းပလိမ့်မည်။ လူစုအသီးသီးအတွက် အဖွဲ့ဝင်နှစ်ဦးစီ ရွေးကောက် တင်မြှောက်ရမည်။ အထက်တွင် ဖော်ပြခဲ့သော လူစုတစ်စုတွင် စာရင်းသွင်းပြီးသော ( နောက်ဆက်တွဲ ( က ) တွင် ရှင်းလင်းဖော်ပြသည့်အတိုင်း ) မြန်မာနိုင်ငံလူမျိုးတစ်ဦးကို လူမျိုးသီးခြားမထားရှိသော လူစုစာရင်း တင်သွင်းရလိမ့်မည်။ 
 
(၂) ခေတ်ပြောင်းချိန်အစိုးရအမျိုးအစား
 
ခေတ်ပြောင်းချိန်ကာလအတွင်း မြန်မာနိုင်ငံတော်အစိုးရသည် ယခုအတိုင်းကဲ့သို့ပင် ၁၉၃၅ ခုနှစ် အက်ဥပဒေ အပိုဒ် ၁၃၉ အရ အပ်နှင်းထားသော အထူးအာဏာများနှင့် ၁၉၄၅ ယာယီစီမံချက် အက်ဥပဒေနှင့်တကွ ယင်းဥပဒေအရ ကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့် ဟူသမျှအတိုင်း ဆောင် ရွက်သွားလိမ့်မည်။
 
အစိုးရတစ်ဦးတစ်ဖက်၏ သဘောတွင် အထူးဆောင်ရွက်ရန် လိုသည်ဟု ထင်မြင်သော ထူးခြားသည့်အကြောင်းအချက်များ ပေါ်ပေါက်လျှင် ထိုအကြောင်းအချက်များကို လိုက်လျောရန် ပြောင်းလဲနိုင်ချက်ရှိလျှင် မည်သို့သော ပြောင်းလဲနိုင်ချက် ပြုလုပ်နိုင်သည်ကို ဘုရင်မင်းမြတ်အစိုးရက စဉ်းစားလိမ့်မည်။
 
(၃) ကြားဖြတ်ဥပဒေပြုအဖွဲ့
 
ကြားဖြတ်ကာလအတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်းဖြစ်သော ဥပဒေပြုကောင်စီတစ်ခု ရှိလိမ့်မည်။ အခွင့်ပြုထားသော ဦးရေကို ၅၀ မှ ၁၀၀ သို့ တိုးမြှင့်ရန် အာဏာကို ဘုရင်မင်းမြတ်အစိုးရက ကောင်စီတွင် ထုတ်ပြန်သော အမိန့်ဖြင့် ဖွေရှာလိမ့်မည်။
 
တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခြင်းများ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ဘုရင်ခံမင်းကြီးသည် ဦးရေ ၁၀၀ ပါဝင်သော ဥပဒေပြုကောင်စီတစ်ခုကို အမည်တပ် ခန့်အပ်လိမ့်မည်။ ထိုကောင်စီအဖွဲ့တွင် တိုင်းရင်းသားမဟုတ်သော လူနည်းစုများ၏ ကိုယ်စားဆောင်ရွက်ရန် လူဦးရေ အနည်းငယ်ကို ပါဝင်စေလျက် တိုင်းပြုပြည်ပြုလွှတ်တော်သို့ ရွေးကောက်တင်မြှောက်လိုက်သော သူများထဲမှ ရွေးချယ်လိမ့်မည်။
 
ဥပဒေပြုကောင်စီ၏ အာဏာများမှာ မကြာသေးမီက ဖျက်သိမ်းလိုက်သော ဦးရေ ၅၀ ပါဝင်သည့် ဥပဒေပြုကောင်စီရရှိထားသော အာဏာများနှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်။
 
(၄) ကြားဖြတ်အစိုးရ
 
ဘုရင်ခံမင်းကြီး၏ အမှုဆောင်ကောင်စီသည် မြန်မာနိုင်ငံတော်၏ ကြားဖြတ်အစိုးရ ဖြစ်လိမ့်မည်။ အထက်ပါ အပိုဒ် ၂ တွင် ဖေါ်ပြခဲ့သော အဖြူထည်ဘောင်အတွင်းတွင် ဆက်လက်တည်ရမည်ဖြစ်ကာ အမှုဆောင်ကောင်စီ၊ သို့မဟုတ် ဘုရင်ခံမင်းကြီ၏ တရားဝင်အာဏာများကို မပြောင်းလဲစေရန် အဖြစ်နိုင်ငြားသော်လည်း ကြားဖြတ်အစိုးရသည် ယခုအခါ အိန္ဒိယကြားဖြတ်အစိုးရနည်းတူ ယေဘူယျအားဖြင့် ဆောင်ရွက်သွားလိမ့်မည့်ပြင် အထူးသဖြင့်-
 
(က) အမှုဆောင်ကောင်စီကို ဒိုမီနီယန်အစိုးရအား ရင်းနှီးစွာ တိုင်ပင်နှီးနှောသကဲ့သို့ ပြုမူလိမ့်မည့်အပြင် အမှုဆောင်ကောင်စီသည် နိုင်ငံအုပ်ချုပ်ရေး ဆောင်ရွက်မြဲ တာဝန်များကို ဆောင်ရွက်ရာ၌ အကြီးနိုင်ဆုံးသော လွတ်လပ်ခွင့်ကို ရရှိလိမ့်မည်။
 
ဝန်ကြီးအဖွဲ့ အစည်းအဝေးပွဲများတွင် ဘုရင်ခံမင်းကြီးက ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ၁၉၃၅ ခုနှစ် အက်ဥပဒေ တည်ဆဲသဘောအတွင်း အသုံးပြုသော ဓလေ့ထုံးစံကို အမှုဆောင်ကောင်စီနှင့် သက်ဆိုင်ရာတွင်ပင် ဆက်လက်ကျင့်သုံးလိမ့်မည်။
 
(ခ) မြန်မာနိုင်ငံတော်အစိုးရသည် ကိုယ်ပိုင်ဘဏ္ဍာရေးအုပ်ချုပ်မှု [နောက်ဆက်တွဲ (ခ)ကို ကြည့်ပါ]ကို ရရှိစေမည်ဟု မူအားဖြင့် ဘုရင်မင်းမြတ်၏ အစိုးရက သဘောတူညီသည်။
 
(ဂ) ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာကိစ္စများကို အမှုဆောင်ကောင်စီတွင် တင်သွင်းလိမ့်မည်။ အမှုဆောင်ကောင်စီသည် ဤအရေးကိစ္စများကို စီမံခန့်ခွဲရာတွင် အပြည့်အစုံတွဲဖက် ဆောင်ရွက်လိမ့်မည်။
(ဃ) ထိုသို့ကိစ္စများ ဆောင်ရွက်မြဲတာဝန်ကို ဘုရင်ခံမင်းကြီးက ကာကွယ်ရေးနှင့် နိုင်ငံခြားရေအတိုင် ပင်ခံဝန်ကြီးအား တာဝန်လွှဲအပ် လိမ့်မည်။
 
တရားဝင်အခြေအနေတွင် သက်ရောက်သော ကန့်သတ်ချက်များမှအပ အမှုဆောင် ကောင်စီအဖွဲ့သည် စီမံကိန်းနှင့် အုပ်ချုပ်မှုနယ်ပယ်တွင် ပေါ်ပေါက်ဆုံးဖြတ်ရန်လည်းကောင်း လုံးဝလွတ်လပ်ခွင့်ရှိလိမ့်မည်။
 
(၅) နိုင်ငံခြားရေးရာ ကိစ္စများ
 
လန်ဒန်မြို့တော်တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်အတွက် မဟာမင်းကြီးတစ်ပါး ခန့်ထားစေလိမ့်မည်။ မြန်မာနိုင်ငံတော်က တိုင်းရေးပြည်မှု စေ့စပ်ပြောဆိုသူ ကိုယ်စားလှယ် လဲလှယ်လိုသော နိုင်ငံများ၏ အစိုးရများအား ထိုကဲ့သို့ လဲလှယ်ခြင်းကို သဘောတူရန် ဘုရင်မင်းမြတ်အစိုးရက တောင်းဆိုလိမ့်မည်။
 
(၆) ပြည်တော်အချင်းချင်းအဖွဲ့အစည်းများ၏ အဖွဲ့ဝင်အဖြစ်
 
ကုလသမဂ္ဂအဖွဲ့ဝင်တဦးအဖြစ်ဖြင့် ပါဝင်ရန် မြန်မာနိုင်ငံတော်၏ လျှောက်ထားချက်ကို မြန်မာနိုင်ငံတော်၏ တိုင်းပြုပြည်ပြုရေးအခြေအနေသည် ထိုလျှောက်ထားချက်မျိုးကို လက်ခံနိုင်လောက်အောင်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဘုရင်မင်းမြတ်အစိုးရက လုံးဝ ထောက်ခံချက်ပေးလိမ့်မည်။ ဤအတောအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကြီးမှူးသော အစည်းအဝေးများတွင် မြန်မာနိုင်ငံတော်က မည်မျှလောက် ပါဝင်ဆောင်ရွက်နိုင်သည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးနှင့် စုံစမ်းညှိနှိုင်းလိမ့်မည်။
 
မြန်မာနိုင်ငံတော်က ချဉ်းကပ် ဆက်သွယ်စေလိုသော အခြားအခြားသော ပြည်ထောင်အချင်းချင်း အဖွဲ့အသင်းများသို့လည်း ထိုအဖွဲ့များ၏ အလုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ဖြင့် သို့မဟုတ် အခြားနည်းဖြင့် မြန်မာနိုင်ငံတော်က ပါဝင်ဆောင်ရွက်နိုင် မနိုင်ကို ထောက်လှမ်း စစ်လျှောက်သောသဘောနှင့် ချဉ်းကပ် ဆက်သွယ်လိမ့်မည်။
 
(၇) ကာကွယ်ရေး
 
(က) တည်မြဲလျက်ရှိသော လုပ်ရိုးလုပ်စဉ်အတိုင်း မြန်မာနိုင်ငံတော်တွင် ချထားသော ဗြိတိသျှစစ်သည်တော်များအားလုံးသည် ဘုရင်မင်းမြတ်အစိုးရ၏ အဆုံးစွန်သော အုပ်ချုပ်မှုလက်အောက်တွင် နေလိမ့်မည်။
 
(ခ) မြန်မာစစ်သည်တော်အားလုံးတို့မှာ မြန်မာနိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုလက်အောက်သို့ ချက်ချင်းရောက်ရှိလိမ့်မည်။
 
(ဂ) မြန်မာနိုင်ငံတော် စစ်ဗိုလ်ချုပ်ကြီးသည် စောနိုင်သမျှ စောစောဖြစ်နိုင်သောအချိန်၌ ဘုရင်ခံမင်းကြီးနှင့် မြန်မာနိုင်ငံတော်အစိုးရ လက်အောက်ခံဖြစ်စေရမည်ဆိုသည်ကို မူအားဖြင့် ဘုရင်ခံမင်းမြတ်အစိုးရက သဘောတူညီကြောင်း။ သို့ရာတွင် ယခုအခိုက်အတန့်မှာ နိုင်ငံပေါင်းများတွင် ပျံနှံလျက်ရှိသော မဟာမိတ်အချင်းချင်း စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှု အစီအစဉ်များကို မရုပ်သိမ်းသေးသမျှ မြန်မာနိုင်ငံတော် စစ်ဗိုလ်ချုပ်ကြီးသည် အရှေ့အာရှတိုက် တောင်ပိုင်း ကုန်းတပ်များ၏ လက်အောက်ခံ ဖြစ်နေလိမ့်မည်။ ဤကာလအတွင်း မြန်မာနိုင်ငံတော်အစိုးရနှင့် ဆိုင်ရာအာဏာပိုင်တို့သည် အစဉ်အလာအတိုင်းပင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိမ့်မည်။
ရေတပ်၊ လေတပ်များနှင့် စပ်လျဉ်း၍လည်း အလားတူသင့်တင့် လျောက်ပတ်သော အစီအစဉ်များကို သတ်မှတ်ထားလိမ့်မည်။
 
(ဃ) မြန်မာနိုင်ငံတော် ကာကွယ်ရေးရေးတပ်များ ဖွဲ့စည်းခြင်းတွင် ကူညီထောက်ပံ့ရန် ပြဿနာသည် နှစ်ဦးသော အစိုးရတို့ ဆွေးနွေးရန် ကိစ္စဖြစ်စေလိမ့်မည်။ ဘုရင်မင်းမြတ်အစိုးရက ဤကိစ္စတွင် မြန် မာနိုင်ငံတော်အစိုးရအား အစွမ်းကုန်ကူညီရန် ဆန္ဒရှိသော်လည်း ကမ္ဘာပေါ်ရှိ အခြားရပ်ကွက်ဒေသများတွင် ယူပြီးသော ကြီးလေးသည့်တာဝန်များကိုလည်း ဂရုထားရပေဦးမည်။
 
(င) အုပ်ချုပ်ရေးသစ် ဖြစ်ထွန်းသက်ရောက်လာသည့်နောက် မြန်မာနိုင်ငံတော်ရှိ ဗြိတိသျှတပ်များကို ဆက်လက်ထားရှိရန် သို့မဟုတ် အသုံးပြုရန် ပြဿနာမှာ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့ သဘောတူရန် ကိစ္စဖြစ်ပေလိမ့်မည်။
 
(၈) နယ်ခြားဒေသများ
 
နယ်ခြားဒေသများနှင့် ဝန်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုထိုဒေသများတွင် နေထိုင်သောသူများ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဘက်၏ သဘောတူပြီးသော ရည်ရွယ်ချက်ဖြစ်သည်။ ဤအတောတွင်း နယ်ခြားရှိလူများသည် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သောနည်းဖြင့် မြန်မာနိုင်ငံတော် အစိုးရတို့နှင့် ရင်းနှီးစွာ ပေါင်းသင်း တွဲဖက်ရာသည်။ ဤသည်တို့ကို မျှော်ကိုး၍ သဘောတူညီကြသည်မှာ-
 
(က) နယ်ခြားဒေသလူများနှင့် ဝန်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံလူများသည် အတားအဆီးမရှိဘဲ လွတ်လပ်စွာ ကူးလူးဆက်ဆံခြင်း ရှိစေရမည်။
 
(ခ) ၁။ နယ်ခြားကိစ္စများပေါ်တွင် ဘုရင်မင်းမြတ်ကို အကြံအဉာဏ်ပေးရန်နှင့် အမှုဆောင်ကောင်စီနှင့် ရင်းနှီးစွာ ဆက်ဆံရန် နယ်ခြားကိုယ်စားလှယ် ခန့်ထားခြင်းဖြင့် လည်းကောင်း သို့မဟုတ်
 
၂။ နယ်ခြားကိစ္စများကို အုပ်ချုပ်သောအမှုဆောင်ဝန်ကြီးအဖြစ်ဖြင့် နယ်ခြားဒေသ ကိုယ်စားလှယ်တစ်ဦး ခန့်ထားခြင်းဖြင့် လည်းကောင်း သို့မဟုတ်-
 
၃။ အခြားနည်းဖြင့် လည်းကောင်း၊ ခေတ်ပြောင်းခေတ်လွဲကာလအတွင်း လက်ခံနိုင်မည်ဟု မိမိတို့ ထင်မြင်သော မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးတွဲပေါင်းဖက်ပုံနှင့် ပတ်သက်၍ မိမိတို့ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည်ဖြစ်သော ဝန်ကြီး ( ပင်လုံ ) ကွန်ဖရင့်တွင် လည်းကောင်း၊ နယ်ခြားဒေသရှိလူများ၏ ခေါင်းဆောင်များ ကိုယ်စားလှယ်များကို မေးမြန်းရမည်။
(ဂ) ပင်လုံအစည်းအဝေး၊ သို့မဟုတ် အထူးကွန်ဖရင့်အစည်းအဝေး ပြီးဆုံးသည့်အခါတွင် ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့သည် နယ်ခြားလူများ ထုတ်ဖော်ပြောဆိုသော ထင်မြင်ချက်များနှင့် လိုက်လျော်ညီစွာ အများသဘောတူ လိုလားချက်များကို ဖြည့်စွမ်းရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူညီချက် ယူလိမ့်မည်ဖြစ်ကြောင်း။
 
(ဃ) မြန်မာနိုင်ငံတော် အုပ်ချုပ်ရေး ဥပဒေသစ်အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားဒေသများ ပေါင်းစည်း ဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစနစ်ရှာဖွေရန်အတွက် စုံစမ်းရေးကော်မတီတစ်ခုကို ချက်ချင်းတည်ထောင်ရန် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော် ရပ်ကွက်ဒေသမှ အမှုဆောင်ကောင်စီအဖွဲ့က တင်မြှောက်သောအဖွဲ့ဝင်များနှင့် နယ်ခြားဒေသ ခေါင်းဆောင်များ တိုင်ပင်နှီးနှောလျက် တင်မြောက်သောအဖွဲ့ဝင်များ၊ ထိုကော်မတီတွင် ဦးရေအညီအမျှ ပါဝင်လိမ့်မည်ပြင် သဘောတူရွေးချယ်သော မြန်မာနိုင်ငံတော် အပြင်အပမှ ကြားနေပုဂ္ဂိုလ်တဦးကို ဥက္ကဋ္ဌ ခန့်ထားမည်ဖြစ်ကြောင်း ဤကော်မတီက တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမစမီ အစီရင်ခံစာ တင်သွင်းရန် တောင်းဆိုမည်။
 
(၉) ဘဏ္ဍာရေး
 
ဘဏ္ဍာရေးပြဿနာများ အတော်အတန် စဉ်းစားခဲ့ပြီးဖြစ်၍ ဤကိစ္စများကို မည်သို့စီမံခန့်ခွဲရန် သ ဘောတူညီချက်တစ်ခု ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။ သဘောတူညီချက်ကိုမူ ပူးတွဲပါနောက်ဆက်တွဲတွင် ဖော်ပြထားသည်။
 
နောက်ဆက်တွဲ (က)
 
လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒပေး ရွေးကောက်ခြင်းခံနိုင်ခွင့်အလို့ငှာ မြန်မာနိုင်ငံတော်တွင် မွေးဖွား၍ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁ ရက် သို့မဟုတ် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မရှေးမနှောင်းဖြစ်သော ၁၀ နှစ်အတွင်း တွင် စုစုပေါင်း ရှစ်နှစ်ထက်မနည်း မြန်မာနိုင်ငံတော်တွင် နေထိုင်ခဲ့သော ဗြိတိသျှလက်အောက်ခံ သို့မဟုတ် အိန္ဒိယနယ်ပယ်လက်အောက်ခံ နိုင်ငံသားကို မြန်မာအမျိုး သားဟု အဓိပ္ပါယ်ဖော်ပြသည်။
 
နောက်ဆက်တွဲ (ခ)
ဘဏ္ဍာရေး
 
၁။ မြန်မာနိုင်ငံတော်သည် ကိုယ်ပိုင်ဘဏ္ဍာရေးအုပ်ချုပ်ခွင့် ရှိသင့်သည်ကို ဘုရင်မင်းမြတ်အစိုးရက သဘောတူပြီး ဖြစ်သည်။
 
၂။ " နိုင်ငံချင်းချင်းငွေကြေးရန် ပုံနှင့် နိုင်ငံချင်းချင်းဘဏ် " တွင် ပါဝင်လိုက လျှောက်ထားရန် အခြေ အနေရှိသည်နှင့် တပြိုင်နက် ခိုင်လုံသော အဖွဲ့ဝင်တစ်ဦးအဖြစ်ကို ရစိမ့်သောငှာ ဘုရင်မင်းမြတ် အစိုးရတို့က စွမ်းအားရှိသလောက် ဆောင်ရွက်ရန် တာဝန်ယူပြီးဖြစ်သည်။
 
၃။ ၁၉၄၅ ခုနှစ်အောက်တိုဘာလမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတော်က အတိုးလွတ်ရွှေဒင်္ဂါးပေါင်း ၈, ၀၀၀, ၀၀၀ ( အသားတင် ) ရရှိခဲ့ပြီ။ ထို့ပြင် ၁၉၄၆ ခုနှစ် အောက်တိုဘာလမှစ၍ ၁၉၄၇ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ် ၇၅ သန်း (အသားတင်) ရရှိရန်အတွက် သဘောတူပြီးဖြစ်သည။် နယ်ခြားဒေသများအတွက် ထောက်ပံ့ကြေးများကို ထည့်သွင်းစဉ်းစား၍ ရိုးရိုးဘတ်ဂျက်တွင် ယခုနှစ် လျော့သော ငွေအတွက် ထပ်မံထောက်ပံ့မည်ဟု ယခုဘုရင်မင်းမြတ်အစိုးရက သဘောတူပြီးဖြစ်သည်။
 
၄။ (အစိုးရတို့၏ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ယေဘုယျအားဖြင့် သက်ဆိုင်သော) ပရို ဂျက်စီမံကိန်းဆိုင်ရာ ဘတ်ဂျက်နှင့် စပ်လျဉ်း၍ ဘုရင်မင်းမြတ်က ဘိလပ်နိုင်ငံမှ အချုပ်အချယ် မရှိသော်လည်း အပြန်အလှန်အပြည့်အစုံ အကြောင်းကြားနည်းနှင့် သတ်မှတ်ထားသော ငွေချေးရေးကိစ္စ ပြုလုပ်နိုင်မည် မလုပ်နိုင်မည်ကို ဘုရင်မင်းမြတ်အစိုးရက စုံစမ်းစစ်ဆေးနိုင်လိမ့်မည်။
 
၅။ ဘဏ္ဍာရေးအခြေမှန်များကို ထပ်မံတွဲဖက်စစ်ဆေး၍ ရသောတွက်ကိန်းများကို သတိမူပြီးလျှင် အတိုးလွတ် ချေးငှားထားသော ငွေတစိတ်တဒေသကို အပြီးအငြိမ်း ထောက်ပံ့ငွေအဖြစ်သို့ကြောင့် လဲနိုင်သည်ကို မူအားဖြင့် သဘောတူရန် ဘုရင်မင်းမြတ်အစိုးရက အဆင်သင့်ရှိသည်။
 
၆။ တစ်ဦးအပေါ်တစ်ဦး တာဝန်မထားဘဲ ဘဏ္ဍာရေးအခြေမှန်ကို မြန်မာနိုင်ငံတွင် ထပ်မံတွဲဖက် စစ် ဆေးရန် သဘောတူညီကြောင်း အပိုဒ် ငယ်-၃၊ အပိုဒ်ငယ်- ၄ တို့တွင် ဖော်ပြထားသော သဘောတူညီချက်ထက် ပိုမို၍ ဘုရင်မင်းမြတ်အစိုးရထံမှ ထပ်မံအကူအညီအလိုရှိသဖြင့် ထိုသို့သော အကူအညီပေးခဲ့လျှင် သဘောတူညီသော စည်းကမ်းချက်များအတိုင်း ဖြစ်လိမ့်မည်။
 
(၁၀) အခြားကိစ္စများ
 
မြန်မာနိုင်ငံတော်၏ အဆင့်အတန်းပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဘုရင်မင်းမြတ်၏ အစိုးရနှင့် မြန်မာ နိုင်ငံတော်အစိုးရတို့ သဘောတူဆိုက်ရောက်ရန် အခြားပြဿနာများ ပေါ်ပေါက်လိမ့်မည်။ ဤပြဿ နာများကို ပေါ်ပေါက်လာသည့်အလျောက် လက်ခံ၍ ယခုဆွေးနွေးပွဲများတွင် ထင်ရှားခဲ့သော မိတ်ဆွေရင်းချာ သမာဝါယ နှလုံးထားဖြင့် ဆောင်ရွက်လိမ့်မည်။
 
ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာအမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်များသည် တိုင်ပင်နှီးနှောခြင်းနှင့် ကူညီရိုင်းပင်းခြင်း၊ ယခုနည်းကို ဆက်လက်စေသောအားဖြင့် ဗြိတိသျှ ကော်မော်ဝလ်သ် ( ကွန်မွန်းဝဲ့ ) အတွင်းတွင်ဖြစ်စေ၊ အပြင်အပမှဖြစ်စေ ကိုယ်ပိုင်လွတ်လပ်သော မြန်မာနိုင်ငံတော်ဘဝသို့ ရောက်စေလိုသော နှစ်ဦးနှစ်ဖက် ရည်ရွယ်ချက်ကို ချောမောလျင်မြန်စွာ တိုးတက်အောင် ပြုလုပ်နိုင်လိမ့်မည် ဟု တထစ်ချ ယုံကြည်ကြသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးသစ်မရောက်မီ ခေတ်ပြောင်း ခေတ်လွဲ တလျှောက် ပေါ်ပေါက်လိမ့်မည်ဖြစ်သော အနာဂတ်ကိစ္စများကို သဘောတူဆိုက်ရောက်ရေးတွင် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီရန် သဘောတူကြလေသည်။
 
စီ၊ အာရ်၊ အက်တလီ အောင်ဆန်း
၁၀၊ ဒေါင်းနင်းလမ်း။
ဇန်နဝါရီ ၂၇ ရက်၊ ၁၉၄၇ ခု။
 
ဝန်ကြီးသခင်ဗစိန်နှင့် ဝန်ကြီးဦးစောတို့သည် ဤအဆုံးသတ်ချက်များတွင် ဖက်စပ်ရန် မတတ်နိုင်ကြချေ။
မြန်မာ့စွယ်စုံကျမ်း, အတွဲ ၁၅, ၁၉၇၆, ပထမနှိပ်, စာ ၂၈၆ - ၂၈၉
* အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၁၅ - ၁၉၄၇ မှ ကူးယူဖော်ပြပါသည်။
Copy from Chan Mon Htoo (ပဥ္စသီလ မြတ်ဓမ္မ page )

Thursday, November 21, 2024

Decolonizing History in ‘Myanmar’: Bringing Rohingya Back Into Their Own History

IJBS
Michael W. Charney


Abstract


This article makes two main arguments. First, it argues that due to the imperial roots of Area Studies the views of many contemporary states and many scholars on the Rohingya, Rakhine, and Myanmar have been shaped by colonial perspectives. Second, it argues that the Rohingya were erased historically from Rakhine by the British colonial state and this erasure has been reinforced by the country focus of US Area Studies during the Cold War and after. It concludes that societies in the global south may also have to decolonize how they construct and organize knowledge, and what their governments do with it in terms of policy, so they can escape the continual problems caused originally by the colonial administrative convenience.
 

‘မြန်မာနိုင်ငံ’၏သမိုင်းအပေါ် ကိုလိုနီစနစ်လွှမ်းမိုးမှုကိုပယ်ဖျက်ခြင်း – ရိုဟင်ဂျာလူမျိုးများအား ၎င်းတို့၏ကိုယ်ပိုင်သမိုင်းအတွင်း သို့ပြန်လည်ပို့ဆောင်ခြင်း

IJBS
လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်
Michael W. Charney

စာတမ်းအကျဉ်း


ဤဆောင်းပါးတွင် အဓိကသုတေသနတွေ့ရှိချက်နှစ်ခုကိုဖော်ပြထား ပါသည်။ ပထမအချက်မှာ ကိုလိုနီပြုခြင်းမှမြစ်ဖြားခံလာခဲ့သော အရှေ့တောင်အာရှဒေသလေ့လာရေးနယ်ပယ်သည်ခေတ်ပြိုင်နိုင်ငံများနှင့် သုတေသီများ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုများချဉ်းကပ်ပုံကိုလွှမ်းမိုးထားခြင်းဖြစ်သည်။ ဒုတိယအချက် မှာ ရိုဟင်ဂျာများကို ဗြိတိသျှကိုလိုနီခေတ်က ရခိုင်သမိုင်းမှ သမိုင်း ကြောင်းအရ ဖျောက်ဖျက်ခံခဲ့ရပြီး ယင်းဖျောက်ဖျက်ခံခဲ့ရမှုသည် စစ်အေးကာလအတွင်းနှင့် စစ်အေးတိုက်ပွဲအပြီးတွင် အမေရိကန်ပညာရပ်အဝန်းအဝိုင်းမှ ဦးဆောင်သောအရှေ့တောင်အာရှဒေသလေ့ လာရေး နယ်ပယ်၏အားဖြည့်ပေးမှုဖြင့် ဆက်လက်တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ရှိ နိုင်ငံများသည် ကိုလိုနီ နည်းကျတည်ဆောက်ခဲ့သည့်အသိပညာအဆောက်အအုံကိုကိုစနစ်တကျဖြို ဖျက်ရမည်ဖြစ်ပြီးယင်းနိုင်ငံများ၏အစိုးရများသည်လဲ ကိုလိုနီခေတ် အုပ်ချုပ်ရေးအဆင်ပြေစေရန်ဖန်တီးတည်ဆောက်ခဲ့သည့်မူဝါဒများကို ဖယ်ရှားနိုင်မှသာဤကဲ့သို့သောပြဿနာများမှလွတ် မြောက်နိုင်မည်ဖြစ်သည်။
 

Friday, October 18, 2024

ရန္တပိုစာချုပ်

 သန်းဝင်းလှိုင်
အောက်တိုဘာ ၁၁၊ ၂၀၁၃

ရန္တပိုစာချုပ်မှာ စစ်ကိုင်းမင်းလက်ထက် (၁၈၁၉ – ၁၈၃၇) ၁၈၂၄ ခုနှစ်မတ်လ ၅ ရက်နေ့တွင် စတင်ဖြစ်ပွားသော ပထမ အင်္ဂလိပ် – မြန်မာစစ်ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ် စားလှယ်တော်များသည် သက်ဆိုင်ရာ နိုင်ငံတို့၏ ကိုယ်စား လက်မှတ် ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာ နိုင်ငံအထက်ပိုင်း အင်းဝမြို့မှ တောင်ဘက် မိုင် ၄ဝ ခန့်ကွာ၍ မြင်းခြံမြို့ အထက် ၆ မိုင် ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံ ချုပ်ဆိုကြသောကြောင့် “ရန္တ ပိုစာချုပ်” (The Treaty of Yandabo) ဟု ခေါ်သည်။

Wednesday, June 26, 2024

၁၉၆၄ ၏ ဂန္ဓဝင်မြောက် ဖြစ်ရပ်များ

Famous Myanmar Muslim

လွတ်လပ်ရေးခရီးတထောက် ( ဗိုလ်ဗလ-ရဲဘော်သုံးကျိပ် ) ပထမတွဲ

ရမ္မာဝတီမြို့ဝန် ၁၇၆၂- ၁၈၂၂ ( ဆရာကြီးဦးနု )

ကျောင်းသုံးမြန်မာရာဇဝင် ( ဦးဘသန်း )

Sunday, January 28, 2024

"AD ၁၁ ရာစုမတိုင်ခင်က ရခိုင်ပြည်"

"AD ၁၁ ရာစုမတိုင်ခင်က ရခိုင်ပြည်"

♦️လွန်ခဲ့သောနှစ်ပေါင်း ၆၅,၀၀၀ ခန့်- အာဖရိကတိုက်ရဲ့ Ethiopia ,Somalia ဖက် မှထွက်ခွာ လာသောကမ္ဘာ့ရှေးဦးလူသား(negritos)များသည် ယီမင်၊အိုမန်၊အီရန်၊အိန္ဒိယတိုက်ငယ်နှင့်မြန်မာအပါ အ ဝင်အရှေ့တောင်အာရှရဲ့ ကမ်းရိုးတန်းဒေသတွေ တစ်လျှောက်ပျံ့နှံ့နေထိုင်ခဲ့ကြသည်။


ယနေ့ဖိလစ်ပိုင်ကျွန်းတချို့မှ အာဖရိကနွယ်ဝင်လူမဲများ၊Australiaတိုက်မှ Aboriginals Australians များ၊ ကပ္ပလီ(Andamans) ကျွန်းစုမှ Andamaneses ကပ္ပလီကျွန်းသားများနှင့် အိန္ဒိယတောင်ပိုင်းမှ ဒြာဗီးဒီးယန်းလူမျိုးတို့အား ထိုရှေးဦးအာဖရိကလူမျိုးများမှ တိုက်ရိုက်ဆင်းလာသောလူမျိုးများအဖြစ် တွေ့ရှိရသည်။
 
♦️BC 3,300 ( လွန်ခဲ့သော နှစ်ပေါင်း ၅,၃၀၀ ခန့်)- ယနေ့ပါကိစ္စတန်နိုင်ငံအတွင်းရှိ အိန္ဒူမြစ်ဝန်းတစ်လျှောက်တွင် ကမ္ဘာ့အစောဆုံးယဉ်ကျေးမှုတွေထဲကတစ်ခုဖြစ်သော အိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှု(Indus Valley Civilization )ကို ဒြာဗီးဒီးယန်းလူမျိုးများက တည်ထောင်ခဲ့ကြသည်။ဤကာလသည် ရခိုင်ဒေ သအပါအဝင် အိန္ဒိယတိုက်ငယ်တစ်ခုလုံးနီးပါးတွင် ဒြာဗီးဒီးယန်းလူမျိုးများနေထိုင်ခဲ့ကြသောကာ လ ဖြစ်သည်။တောတောင်ထူထပ်သောအိန္ဒိယအရှေ့မြောက်ပိုင်း( Northeast India)ဒေသ၊ မြန်မာပြည် အောက်ပိုင်းနှင့်အရှေ့တောင်အာရှဒေသတစ်ခုလုံးတွင်မူ မွန်(ခမာ)ဘာသာစကားပြောလူသော မွန်ဂိုလိုက်နွယ်ဝင်လူမျိုးများစတင်နေထိုင်ကြောင်းတွေ့ရှိရသည်။
 

Monday, December 4, 2023

ULA/AA အကြောင်း

 


သမိုင်းအကျဉ်း

တည်ထောင်သည့်ခုနှစ် – ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်။

ဌာနချုပ်                – ယာယီဌာနချုပ်အား KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ဖွင့်လှစ်ထားသည်။

လှုပ်ရှားဒေသ           – ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပေါက်တော ၊ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော ၊ကျောက်ဖြူ၊ အမ်းမြို့နယ်များနှင့် မြန်မာ- အိန္ဒိယ နယ်စပ်၊ မြန်မာ- ဘဂ်လားဒေ့ရှ်နယ်စပ်၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း။

MNDAA အကြောင်း

သမိုင်းအကျဉ်း

တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ် မတ် ၁၁ ရက်။

ဌာနချုပ်                 – ဟုန်အိုင်တောင်ကြော၊ ကုန်းကြမ်းမြို့နယ်။

လှုပ်ရှားဒေသ            – ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ မုံးကိုး၊ ကွမ်းလုံ၊                                                ကွတ်ခိုင်နှင့် လားရှိုး စသည့် ဒေသများ။

ခန့်မှန်းအင်အား         – ၇,၀၀၀ နှင့်အထက်။


ခေါင်းဆောင်            – ဖုန်တာ့ရွှင်(ဥက္ကဋ္ဌ၊ ​စစ်ဦးစီးချုပ်)၊ ယန်ဝင်းရှန် (ဒုတိယ စစ်သေနာပတိချုပ်)၊    ဖုန်အားဒီ (ခ) ဦးထွန်းမြတ်လင်း(အတွင်းရေးမှူး)။

Friday, October 20, 2023

What Is Hezbollah?

COUNCIL ON FOREIGN RELATIONS
Written By : Kali Robinson
Last updated October 14, 2023 

Military experience gained from fighting in Syria’s civil war and decades of clashes with Israel has strengthened the Iran-backed group, but politically, its clout among Lebanon’s populace may be waning. 

Members of Lebanon’s Hezbollah take part in Ashura commemorations in a southern Beirut suburb. Anwar Amro/AFP/Getty Images

Summary
  • Hezbollah wields significant power in Lebanon, where it operates as both a Shiite Muslim political party and militant group.
  • It opposes Israel and Western powers operating in the Middle East, and it functions as a proxy of Iran, its largest benefactor.
  • The group has faced unprecedented scrutiny from the Lebanese public amid the country’s political and economic crisis.

Tuesday, October 10, 2023

History of Palestine

The Stone Age and the Copper Age

The Paleolithic Period (Old Stone Age) in Palestine was first fully examined by the British archaeologist Dorothy Garrod in her excavations of caves on the slopes of Mount Carmel in 1929–34. The finds showed that at that stage Palestine was culturally linked with Europe, and human remains were recovered showing that the inhabitants were of the same group as the Neanderthal inhabitants of Europe. The Mesolithic Period (Middle Stone Age) is best represented by a culture called Natufian, known from excavations at ʿAin Mallāha and Jericho. The Natufians lived in caves, as did their Paleolithic predecessors, but there is a possibility that they were experimenting in agriculture, for the importance to them of the collection of grain is shown by the artistic care that they lavished on the carving of the hafts of their sickles and in the provision of utensils for grinding. During the subsequent Neolithic Period (New Stone Age) humans gradually undertook the domestication of animals, the cultivation of crops, the production of pottery, and the building of towns (e.g., Jericho by 7000 bce).

Tuesday, October 3, 2023

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များ၏ သမိုင်း

ဒေါက်တာ Mahfuzur Rahman Akhand:

Published: Saturday 25 November 2017

 ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝှမ်း မြန်မာနယ်စပ်မှာ လူသားတွေ အော်ဟစ်သံတွေ ရှိတယ်။ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ဆိုးရွားတဲ့အမှတ်တရတွေကို သယ်ဆောင်လာရင်း လူသန်းပေါင်းများစွာဟာ သူတို့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ရှည်လျားတဲ့အခက်အခဲတွေကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်နေရာအသီးသီးမှာ ခိုလှုံနေကြပါတယ်။ ကောင်းကင်ကြီးသည် ကလေးငယ်များ၊ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် မရေမတွက်နိုင်သော ဒဏ်ရာရသူများ၏ အော်ဟစ်သံများဖြင့် သည်းထန်စွာ ရွာသွန်းနေပါသည်။ အစားအသောက်၊ အဝတ်အစား၊ ဆေးဝါးကုသမှု၊ အနိမ့်ဆုံး ခေါင်းခန်းတောင် မပါဘူး။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးအတွင်း ကျဆုံးခဲ့ရသော ခိုကိုးရာမဲ့ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ဒုက္ခရောက်နေမှုများကို လျော့ပါးသက်သာစေရန် ဘင်္ဂလားဒေ့ရှ် ပြည်သူများသည် ရပ်တည်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ဤလူမဆန်မှုသည် မူဆလင်ကမ္ဘာ့ခေါင်းဆောင်များ အပါအဝင် နိုင်ငံတကာပတ် ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်၏ အနီးကပ်ဆုံး အိမ်နီးချင်း အိန္ဒိယနှင့် တ ရုတ်တို့၏ အခန်းကဏ္ဍသည် ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ ရခိုင်ပြည်မှာ နှစ်ပေါင်းထောင်ချီကြာအောင် ရွှေရောင်သမိုင်းတည်ဆောက်ခဲ့တဲ့ ဒီရိုဟင်ဂျာတွေရဲ့ ရက်စက်တဲ့ကံကြမ္မာဟာ ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ထိခိုက်စေခဲ့ပါတယ်။ ခေတ်သစ်ကမ္ဘာကြီးသည် လူသားမျိုးနွယ်၏သင်္ချိုင်းဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကျူးလွန်နေသည့် ရာဇ၀တ်မှုများကြောင့် တုန်လှုပ်အံ့ ဩခြင်းဖြစ်ခဲ့ရသည်။ ဤရက်စက်မှုကို ရှုတ်ချရန် ဘာသာစကားကို ရှာရခက်သည်။ 


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */