Showing posts with label လူ့အခွင့်အရေးကောင်စီ. Show all posts
Showing posts with label လူ့အခွင့်အရေးကောင်စီ. Show all posts

Sunday, September 7, 2025

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ( RFA )

မြန်မာဌာန | သတင်းများ
ခင်မောင်စို
2021-01-25

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇန်နဝါရီ ၁၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေ သုံးသပ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မနေ့က ဆွေး နွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတ ကာက တောင်းဆိုခဲ့ကြတဲ့ ဒီအစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦး ထွန်းထွန်းဦးက မြန်မာပြည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတွေကို ဆောင်ရွက်လာနိုင်တာနဲ့အမျှ လူ့အခွင့် အရေးနဲ့ အခြေခံလွတ်လပ်ခွင့် တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အ စိုးရက စုံစမ်းစစ်ဆေးနေတယ်၊ နိုင်ငံတကာ ကတိကဝတ်တွေကို တာဝန်သိသိ အကောင်အထည်ဖော်ဖို့ အချိန် လိုပါတယ်။ အမုန်းစကား ဖြန့်ချိမှု နဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမှုတွေကိုလည်း အထူးအလေးထား တားဆီးပိတ်ပင်နေပါတယ် စသဖြင့် ပြောကြားခဲ့ပါတယ်။

Tuesday, March 5, 2024

ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမှု စစ်ကောင်စီကန့်ကွက်

RFA
RFA Burmese
2024.03.05 

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲ တက်ရောက်လာသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk။ AFP

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ရဲ့ ပြောကြားချက်နဲ့ အပြန်အလှန်ဆွေးနွေးမှုတွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံ ခြားရေးဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Saturday, July 15, 2023

ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် လူ့အခွင့်အရေး ကောင်စီ အတည်ပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၅ ဇူလိုင်၊ ၂၀၂၃ 

UN High Commissioner for Human Rights Volker Turk is seen on a TV monitor as the ceiling of the Human Rights and Alliance of Civilizations Room, painted by Spanish painter Miquel Barcelo, is seen in the background at the opening of the 53rd UN Human Righ

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအားလုံး ချက်ခြင်းရပ်တန့်ပြီး မြန်မာပြည်သူတိုင်းအတွက် လူအခွင့်အရေး ကာကွယ်မှုပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်ဆ လင်နဲ့ အခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၄ရက်နေ့က မဲမခွဲပဲ လူ့အခွင့်အရေးကောင်စီက တညီတည်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Thursday, June 22, 2023

ရိုဟင်ဂျာအရေး လူ့အခွင့်အရေးကောင်စီဆွေးနွေး

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.06.21 

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AFP

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေကို ဖိနှိပ်မှုတွေရပ်တန့်အောင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရှာဖွေနိုင်ဖို့ ဇွန်လ ၂၁ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင် စီမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က အဖွင့်အမှာစ ကား ပြောကြားပါတယ်။

Sunday, July 10, 2022

ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

RFA
Radio Free Asia
2022.07.09
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်ကနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေးကို တွေ့ရစဉ် Photo: FABRICE COFFRINI / AFP
 
 သက်ဆိုင်ရာ နိုင်ငံမပါဘဲ ရိုဟင်ဂျာအရေးကို ဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇွန်လ ၁၃ ရက်ကနေ့ကနေ ဇူလိုင် ၈ ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေး မှာ ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေ လူ့အ ခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဖိနှိပ်မှု ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါတွေကို စစ်ကောင်စီက ကန့်ကွက်လိုက်တာပါ။

Friday, July 8, 2022

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကုလလူ့အခွင့်အရေး ကောင် စီ ဆုံးဖြတ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဇူလိုင်၊ ၂၀၂၂

၂၀၁၇၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွါသွားကြတဲ့ ရိုဟင်ဂျာများ။


ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဆန္ဒအရ ဘေးကင်းလုံခြုံ ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေစတင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံကိုတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့် အရေး ချိုး ဖောက်မှုတွေဆက်ပြီးဖြစ်ပေါ်နေတဲ့အကြောင်း ကုလလူ့အခွင့်အရေး ကောင်စီက ဇူလိုင် ၇ ရက်နေ့ မှာ မဲမခွဲဘဲတညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။

Wednesday, July 14, 2021

ရိုဟင်ဂျာနဲ့ လူနည်းစုတွေအပေါ်မြန်မာစစ်တပ်ရဲ့ဖိနှိပ် တိုက် ခိုက်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရာကျ ကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ သဘောတူ

B B C 
ဘီဘီစီမြန်မာပိုင်း
13 ဇူလိုင် 2021
ရိုဟင်ဂျာနဲ့ တခြားလူနည်းစု လူမျိုးစုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်တိုက်ခိုက်နေမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရာကျကြောင်း ပြစ်တင်ဝေဖန်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုလိုက်ပြီး ရင်ကြားစေ့ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။

Tuesday, July 13, 2021

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်

VOA
ဗွီအိုအေမြန်မာပိုင်း
မသိင်္ဂီထိုက်
13 ဇူလိုင်၊ 2021 

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်
မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား လူနည်းစုများရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တနလာၤနေ့က ချမှတ်ခဲ့ပါတယ်။ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို အဓိက တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်မှာ စစ်အာဏာသိမ်းမှု အရေးကိုတော့ ထည့်သွင်း မထားပါဘူး။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

Friday, March 26, 2021

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု

VOA 
ဗွီအိုအေ (မြန်မာဌာန) 
နန်းလောင်ဝ်
24 မတ်၊ 2021 
မတ်လ ၃ ရက်နေ့က မန္တလေးမြို့ရှိ လမ်းမပေါ်တွင် တွေ့ရတဲ့ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁) 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်း အထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူ့အခွင့်အရေးကောင်စီ အစည်း အဝေး စောင့်ကြည့်သတင်းယူနေတဲ့ မနန်းလောဝ်ပြောပြမှာပါ။

Thursday, February 11, 2021

လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်မှာ စစ်အာဏာသိမ်းမှု ကို ရှုတ်ချမည့်စကားလုံးအစား လျှော့ပေါ့သုံးနှုန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-02-11

■ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မှာ အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း စကားလုံးကို ပြောင်းသုံးလိုက်ပါတယ်။

Tuesday, September 15, 2020

မြန်မာပြည်အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-09-14
  မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက် က ပြောကြားခဲ့ပါတယ်။

Monday, June 22, 2020

ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာပယ်ချ၊ အချုပ်အခြာအာဏာကို ဝင်မစွက်ရန် မြန်မာကိုယ်စားလှယ် ပြော

DVB
22 June 2020
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းတဲ့ ဆုံးဖြတ်ချက် အဆို မူကြမ်း ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ထောက်ခံမဲ အများစုနဲ့ အတည်ပြုလိုက်ပါတယ်။

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ချ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇွန်၊ 2020 
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တွေ့ရတဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း။ (မှတ်တမ်းဓာတ်ပုံ) 

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ချ 
 
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ဒီကနေ့ပဲ တခဲနက် အတည်ပြု လိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) က ကမကထလုပ် တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ အတည်ပြု ခဲ့တာပါ။

Saturday, February 29, 2020

ရခိုင်အရေး မည်သည့်နိုင်ငံတကာတရားရေးအဖွဲ့၏ ကြိုးပမ်းမှုကိုမှ မြန်မာလက်မခံ

DVB
28 February 2020
ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းမှာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိနေသေးလို့ ဘယ်နိုင်ငံ တကာတရားရေး (သို့မဟုတ်) ဥပဒေအဖွဲ့ရဲ့ ကြိုးပမ်းမှုကို မဆို လက်မခံကြောင်း မြန်မာအမြဲတမ်းကိုယ်စား လှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီ ရင်ခံတင်ပြချက်အပေါ် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြား

Ministry of Foreign Affairs
၂၈-၂-၂၀၂၀ ရက်
 ဂျီနီဗာမြို့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကာလအတွင်း “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

Saturday, February 22, 2020

မြန်မာစစ်တပ် စုံစမ်းစစ်ဆေးရေးခုံရုံးအပေါ် လူ့အခွင့်အရေး အဖွဲ့တွေ သံသယရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
22 ဖေဖော်ဝါရီ၊ 2020
အင်ကြင်းနိုင်
၂၀၁၃ မေလတုန်းက စစ်တွေမြို့အတွင်း တပ်မတော်သားများလုံခြုံရေးယူနေစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာ စစ် တပ်ခုံရုံးက စစ်ဆေးအရေးယူမယ့်ကိစ္စဟာ အနှစ်သာရကင်းမဲ့ပြီး ယုံကြည်လို့မရကြောင်း နိုင်ငံတကာ လူ့ အခွင့်အ ရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

Thursday, September 19, 2019

အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေး အဖွဲ့တို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား

မြန်မာ့အလင်း
နေပြည်တော် စက်တင်ဘာ ၁၉
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ရေးအဖွဲ့ (FFM) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြု သဘောမဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင် ခံစာတို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့သည်။

Thursday, June 27, 2019

ကုလလူ့အခွင့်ရေးကောင်စီမှာ ရခိုင်အရေး မြန်မာတင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဇွန်၊ 2019
မသိင်္ဂီထိုက်
ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ကိုယ်လိုချင်တာကိုဘဲ ပြင်ပ ကမ္ဘာ အနေနဲ့ ရွေးချယ်ပြီးထောက် ပြ ပြောဆိုလို့ ရပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ အားလုံး ခြုံငုံပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက် ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အတွင်း ကုလသ မဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေကို အလေးထား ပြောဆိုသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

Saturday, March 30, 2019

လူ့အခွင့်ရေးချိုးဖောက်ခံရမှုများရှိနေသည့် ရခိုင်ပြည် နယ် တွင် လူ့အခွင့်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်မည်

မဇ္ဈိမ သတင်းဌာန
By ကျော့ကေခိုင်
30 March 2019
 ရန်ကုန်၊မတ် ၃၀ ။     ။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်၏ တတိယမြောက်ရုံးခွဲကို လူ့အ ခွင့် ရေးချိုးဖောက်ခံရမှုများ ရှိနေသည့် ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူ့အခွင့်ရေး ကော်မ ရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် က ပြောသည်။

Sunday, March 24, 2019

မြန်မာနှင့်ပတ်သက်သောအဆိုမူကြမ်းကို လူ့အခွင့် အရေးကောင်စီတွင် မဲခွဲအတည်ပြု

မဇ္ဈိမ
23 March 2019

                             ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းအား တွေ့မြင်ရစဉ် ။ ဓာတ်ပုံ - EPA

 ရန်ကုန်၊ မတ် ၂၃ ။ ။ အီးယူမှ တင်သွင်းသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆို မူကြမ်းအား ဂျီနီဗာမြို့၊ လူ့အခွင့်အရေးကောင်စီတွင် မတ် ၂၂ ရက်က မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၇ မဲဖြင့် အတည်ပြုခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */