Showing posts with label မီးလောင်မှု. Show all posts
Showing posts with label မီးလောင်မှု. Show all posts

Saturday, January 16, 2021

မီးလောင်သွားတဲ့စခန်းထဲက ရိုဟင်ဂျာဒုက္ခသည်တွေ စားဝတ်နေရေး အခက်ကြုံ

VOA 
ဗွီအိုအေ (မြန်မာဌာန)  
မဆုမွန်
16 ဇန်နဝါရီ၊ 2021
 
မီးလောင်သွားတဲ့ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်း အိမ်ရာတချို့ 
 
 
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ အိမ်ရာနဲ့ချီ မီးလောင်ကျွမ်းလို့ ထောင်ချီတဲ့ မီး
ဘေး ဒဏ်သင့်ဒုက္ခသည်အများအပြား ရာသီဥတုဒဏ်နဲ့ နေထိုင်ရေး စားနပ်ရိက္ခာပိုင်း အတော့်ကို အခက်တွေ့ နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက် သွယ်မေးမြန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် သိန်းချီခိုလှုံနေထိုင်တဲ့ ကော့ဇ်ဘာဇားခရိုင်တွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက Nayapara Camp ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၁၄ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ တာပါ။

Monday, May 18, 2020

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ထပ်မံဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
17 မေ၊ 2020  
ဒုက္ခသည်စခန်းတွင်း မီးလောင်ပြီးနောက် ကြည့်ရှုနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၇၊ ၂၀၂၀။ ဓာတ်ပုံ - U Isalm (U Aye Lwin) Rohingya Refugees)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဒီကနေ့ နောက်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အ ပြည့် အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပ လောင် ဒုက္ခသည်စခန်း အမှတ် ၅ မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။ မီးလောင်မှု အတွင်း ထိခိုက်သေဆုံးသူ မရှိပေမယ့် နေအိမ်အများအပြား မီးဘေးသင့်ခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့ရ တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

Tuesday, May 12, 2020

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်မှု ဖြစ်ပွား


VOA 
ဗွီအိုအေ (မြန်မာဌာန)
12 မေ၊ 2020
မဆုမွန်
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း မီးလောင်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Eisalam ( U Aye Lwin) မေ ၁၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်မှုသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် မဆုမွန်က ပြောပြပေးပါမယ်။

သိန်းချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခ သည်စ ခန်း အမှတ်(၁) မှာ ဒီကနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ထိခိုက်ပျက်စီးမှု ကြီးမားတဲ့အကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။ မီးလောင်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ အသေအပျောက်တော့ မရှိဘူးလို့လည်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */