" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts

Wednesday, October 28, 2020

အားလုံးပါဝင်သည့်ရွေးကောက်ပွဲကျင်းပရေး ဒေါ်အောင် ဆန်းစုကြည်ကို အမေရိကန် ဖိအားပေး

မဇ္ဈိမ
By AFP
အောက်တိုဘာ ၂၈

Photo - AFP
 

အမေရိကန်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အားလုံးခြုံငုံပါဝင်သည့် အေ ထြေ ထွရွေးကောက်ပွဲကျင်းပပေးရန် အောက်တိုဘာ ၂၇ က တိုက်တွန်း ပြောဆိုလိုက်ပြီး လူနည်းစု ရိုဟင်ဂျာ (မူရင်း) များ ပစ်ပယ်ခံရမှုအပေါ် စိုးရိမ်မိကြောင်း ထပ်မံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်သုံးရာထူးရှိသည့် ဒေးဗစ်ဟေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းဖြင့် ပြောဆိုစဉ်တွင် ဒေးဗစ်ဟေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီကိုထောက်ခံကြောင်း ပြောဆိုခဲ့ပြီး နိုဝင်ဘာ ၈ ရက်၌ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိသည့် အားလုံးပါဝင်သော ပြည်လုံးကျွတ်ရွေး ကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Thursday, December 12, 2019

ဒေါ်အောင်ဆန်းစုကြည် ICJ မှာ လိမ်လည်ထွက်ဆို ကြောင်း ရိုဟင်ဂျာတွေစွပ်စွဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
December 12'2019
■ မြန်မာ့တပ်မတော်ဟာ မွတ်စလင်လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင်၊ မုဒိမ်းမှု၊ မီးရှို့မှုတွေ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ နိုင်ငံတကာတရားရုံးကို လိမ်လည် ထွက် ဆို ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက စွပ်စွဲပြောဆိုကြောင်း AP သတင်းက ဖော်ပြ ပါတယ်။

သူခိုးက ခိုးတယ်လို့ ပြောမှာမဟုတ်ပေမယ့် ကမ္ဘာကြီးက သက်သေပြပါလိမ့်မယ်။ သက်သေအထောက်အ ထားတွေ တပုံကြီးရှိပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် တွေက ပြောပါတယ်။ မြန်မာအစိုးရနဲ့ စစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအတွင်း ICJ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Bob Rae က ဒေါ်အောင်ဆန်းစုကြည်ရှဲု့ICJ မှာ ထွက်ဆိုချက်တွေဟာ လက်တွေ့အရှိတရားနဲ့ လွဲချော်နေတယ် လို့ ပြောလိုက် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ OIC အဖွဲ့ဝင်နိုင်ငံများကိုယ်စားပြု ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ မပြည့်စုံ ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo: AFP
- ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး။


Link : Here

Thursday, November 14, 2019

ရိုဟင်ဂျာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်ကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့်

DVB

By DVB
14 November 2019


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ကို ယူကေအခြေစိုက် ရိုဟင်ဂျာအသင်းက အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာအဖွဲ့နဲ့ လက်တင် အမေရိကန် လူ့အခွင့် အရေးအဖွဲ့တွေက အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အရ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုင် ကြားအမှုဖွင့်လိုက်တာပါ။

Friday, June 14, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူး ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်းသတင်းစာ
နေပြည်တော် ဇွန် ၁၃

မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အိုင်ယာလန်နိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဥရောပသမဂ္ဂ၏ လူ့အခွင့် အရေး ဆိုင်ရာအထူးကိုယ်စားလှယ် မြ. နamသည Gငူာသမန အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင်နိုင်ငံခြားရေး ဝန် ကြီး ဌာန ၌ လက်ခံတွေ့ဆုံသည်။

Tuesday, April 2, 2019

ပျက်စီးဗလီများပြင်ဆင်ရေး လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအတိုင်းဖြစ်ရန် တာဝန်ယူမည်ဟုဒေါ်အောင် ဆန်းစုကြည် ဂတိပေး

Myanmar Muslim Media

ပျက်စီးဗလီများပြင်ဆင်ရေး လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအတိုင်းဖြစ်ရန် တာဝန်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဂတိပေး ဟိန်းအောင် Myanmar Muslim Media ဧပြီ ၂၊ ၂၀၁၉ ပျက်စီးနေသည့် ဗလီဝတ်ကျောင်းများ...

Tuesday, March 26, 2019

AA ကို ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား မှု သိသင့်သိထိုက်၍ ထုတ်ပြန်ခြင်းဖြစ်ဟု တပ်မတော် ပြော

ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)ကို ချေမှုန်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ခြင်းကို တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့ခြင်းမှာ သိသင့်သိထိုက်၍ထုတ်ပြန် ပေးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မ တီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုသို့မှာကြားချက်ကို ဇန်န၀ါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော တပ်မ တော်သတင်း မှန် ပြန်ကြားရေး ကော်မတီ၏ သတင်းစာရှင်းလင်း ပွဲ၌ ထည့်သွင်းရှင်းလင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်း ထောက် တစ်ဦးက မတ်လ ၂၅ ရက်က ကျင်းပသည့် တပ်မတော်သတင်း စာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

Thursday, March 14, 2019

ရခိုင်ပြည်နယ်ပြဿနာပြေလည်ရေး အာဆီယံဥက္ကဋ္ဌ က ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-14
 ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်


အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း ဟာ အခုလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားခဲ့ပြီး၊ ရိုဟင်ဂျာတွေပြန်ခေါ်နိုင်မယ့်ကိစ္စ အပါအဝင် နှစ်နိုင်ငံစီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက မနေ့ကထုတ်ပြန်လိုက်ပါတယ်။

Sunday, March 10, 2019

တပ်မတော်နဲ့ AA တိုက်ပွဲပေါင်းတစ်ရာကျော်ရှိနေပြီ လို့ AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-09
 ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်


တပ်မတော်က စစ်တိုင်း ၅ ခု မှာ အပစ်ရပ် ၄လ ရပ်ဆိုင်းထားမယ်လို့ ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွားပြီး တပ်မတော်ဘက်က ၂၀၀ ခန့် ကျဆုံးခဲ့တယ်လို့ AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောပါတယ်။

Thursday, February 28, 2019

ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေး တရုတ်ကိုယ်စား လှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-28
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၁၉ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေးတွေမှာ တရုတ်နိုင်ငံက ဆက်လက် ကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်း ဂေါ်ရှန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Saturday, February 23, 2019

ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့်မိန့်ခွန်း



(၂၂-၂-၂၀၁၉)

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ကြွရောက်လာတဲ့ ဧည့်သည်တော်များကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ သဘာဝအလှတရားများကို အခြေပြုပြီး ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးမယ့် အဖွဲ့အစည်း များနှင့် ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များ အတူတကွ ဆောင်ရွက်မှာဖြစ် တဲ့အတွက် အခွင့်အလမ်း များကို ယနေ့ အခမ်းအနားမှ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာက ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမာမှု ကိစ္စများကိုသာ အမြင်ကျဉ်းစွာအာရုံစိုက်နေဟု ဒေါ်ေ အာင်ဆန်းစုကြည် ပြောကြား



ဒေါ်အောင်ဆန်းစုကြည်အားရခိုင်ပြည်နယ်သံတွဲလေဆိပ်တွင်ကြိုဆိုနူတ်ဆက်ခဲ့ကြစဉ်။ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံ

နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်းရှိနေသည့် အလားအလာကောင်းများထက် ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာအာရုံစိုက်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၂ ရက်တွင် သံတွဲမြို့ ငပလီကမ်းခြေ၌ကျင်းပသည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ် နှံမှုပြပွဲ(၂၀၁၉) ဖွင့်ပွဲ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။


ရခိုင်ပြည်နယ်မှာ တာဝန်သိရင်းနှီးမြှုပ်နှံဖို့ အတိုင်ပင်ခံ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
မခင်ဖြူထွေး ၊ 22 ဖေဖော်ဝါရီ၊ 2019

ငပလီကမ်းခြေမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ 

လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အကြမ်းဖက် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တာဝန် သိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေ တွေကို အမြင်ကျဉ်းကျဉ်းနဲ့ အဆိုးဘက်ကပဲ ကြည့်မနေကြဖို့ ဒီကနေ့ ငပလီကမ်းခြေမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်မှာ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်း သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တချို့နဲ့အတူ ဒေသခံ တချို့ရဲ့ အမြင်တွေကို ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

Friday, February 22, 2019

ရခိုင်မြောက်ပိုင်းတင်းမာမှုများကိုသာ နိုင်ငံတကာမှ အာရုံထားနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော


မဇ္ဈိမ
By စိုးသူအောင်၊ 22 February 2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။ ။ နိုင်ငံတကာအသိုင်းအဝိုင်းသည် ရခိုင်ပြည်နယ်၏ အခွင့်အလမ်းအလား အလာ ကောင်းများထက် ရခိုင် မြောက်ပိုင်း တင်းမာမှုများကိုသာ အမြင်ကျဉ်းစွာ အာရုံထားနေသည်ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

Wednesday, January 30, 2019

မြန်မာဌာန | သတင်းများ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကိစ္စ တပ်မတော် လတ်တလော ပြောဖို့မရှိ

                                  တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် ကို တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းရေးအဆိုကို တပ်မတော်သား ကိုယ်စား လှယ်တွေ ပါဝင်ဆွေးနွေးဖို့ ရှိ၊ မရှိ မပြောနိုင်သေးဘူးလို့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဒီနေ့ ပြောပါတယ်။

Tuesday, January 29, 2019

ဦးကိုနီ လုပ်ကြံမှု အမှုမှန်ပေါ်ပေါက်ရေး နိုင်ငံ တော် အတိုင်ပင်ခံ တိုက်တွန်း

                                                                  ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ ၂ နှစ်ပြည့်အထိမ်းအမှတ်

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေ၀င်းတို့ ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံ အတွက် ဆုံးရှုံးမှု ဖြစ်ပြီး အမှန်တရားပေါ်ပေါက်အောင်ကြိုးပမ်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ နှစ်နှစ်ပြည့်အထိမ်း အမှတ် အဖြစ် ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ အဲဒီလို တိုက်တွန်းထားတာပါ။ ဒီကနေ့ အခမ်းအနားကို ကိုယ်တိုင်သွားပြီး သတင်းယူ ခဲ့တဲ့ ဗွီအိုအေမြန်မာ ပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */