Showing posts with label ကြိမ်ချောင်း. Show all posts
Showing posts with label ကြိမ်ချောင်း. Show all posts

Monday, October 13, 2025

မောင်တောတွင် ARSA နှင့် RSO တို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

DVB
October 13, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ လိပ်ရခွဆုံအနားမှာ ရိုဟင်ဂျာလက်နက်ကိုင် ARSA နဲ့ RSO အဖွဲ့ဝင် ၁၀ ယောက်က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Saturday, April 13, 2024

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

BBC
ဧပြီလ ၁၃ ရက် ၂၀၂၄

ဧပြီ ၅ ရက်က အေအေသိမ်းထားတဲ့ ဘူးသီးတောင်အခြေစိုက် (ခမရ-၅၆၄) တပ်ရင်းဌာနချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

Monday, April 8, 2024

စစ်ကောင်စီပစ်လက်နက်ကြီးကျည် ပေါက်ကွဲပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာ မီးလောင်နေ

Arakan Bay News
tun linn
April 8, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကြိမ်ချောင်းရွာမီးလောင်နေကြောင်း မောင်တောဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။
ဒီနေ့ ညနေ ၆နာရီကျော်အချိန်မှာ မြို့သူကြီး နခခ ၅ က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီး တွေ ပစ်ခတ်ခဲ့တယ်။ အခုတော့ ကြိမ်ချောင်းရွာ မီးလောင်နေတာကို ကျနော်တို့ မြင်ရတယ် ဟု ဒေသခံတစ်ဦးကဆိုသည်။

Monday, August 14, 2023

မောင်တော၌ ရွာသား ၂ ဦးကို ARSA အဖွဲ့ဖမ်းဆီး ကားပါ မီးရှို့

ဧရာဝတီ
14 August 2023

ရခိုင်ပြည်နယ်၊ မောင်တော မြောက်ပိုင်း လောင်းဒုံကျေးရွာနှင့် ကြိမ်ချောင်းကျေးရွာကြား ကားလမ်းမပေါ်တွင် မီးရှို့ ဖျက်ဆီးခံခဲ့ရသောကားအား တွေ့ရစဉ်/CJ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံရွာနှင့် ကြိမ်ချောင်းရွာကြား လမ်းပေါ်တွင် အင်အား ၂၀ခန့်ပါသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA ) အဖွဲ့ဝင်များက အိမ်စီးကား ၁ စီးကို မီးရှို့ပြီး မွတ်စလင် ရွာသား ၂ ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မောင်တောမှာ အာဆာ ဖမ်းသွားတယ်လို့ ယူဆရတဲ့ မွတ်ဆ လင် ၂ ဦး အဆက်အသွယ်ပြတ်နေ

BBC
၁၄ သြဂုတ် ၂၀၂၃,
 

မီးရှို့ခံခဲ့ရတဲ့ကား 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)အဖွဲ့ဝင် တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးသွားတဲ့ စံပါယ်ကုန်းကျေးရွာသား မွတ်ဆလင် ၂ ဦး ဟာ ၃ ရက်ကြာတဲ့အထိ အဆက်အသွယ်မရဖြစ်နေဆဲလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

 

Friday, November 11, 2022

မောင်တော ကြိမ်ချောင်းတိုက်ပွဲ စစ်သား ၁၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းတစ်ခုကို သိမ်း ဆည်းရမိ

ခေတ်သစ်မီဒီယာ
ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း ဗျူဟာကာ ကင်း ဂုပ္ပိတောင်ကျော်လမ်းတွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်ခန့်က ကြိမ်ချောင်းဂုပ္ပိတောင်ကျော်လမ်းအနီးတွင် တိုကပွဲ့ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်း ၇နာရီနီးပါးလောက်တွင် သေနတ်သံများ ရပ်စဲသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။
                                                                              

Thursday, November 17, 2016

( 17.11.2016 ) အကြမ်းဖက် သင်တန်း မတက်လျှင် လည်လှီး မည်ဟု စည်းရုံး၊ မူဆလင် ကျေးရွာများအား ၎င်းတို့ ဘာသာ မီးရှို့ခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေး မေးမြန်း ခြင်းခံရသူ များက ထုတ်ဖေါ်ပြောကြား ( အင်္ဂလိပ် - မြန်မာ )



 အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းခြင်းခံရသူများက ထုတ်ဖေါ်ပြောကြား

ပွင့်ဖြူချောင်းကျေးရွာ၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည့် ဂျာဘူရာမန် အား စစ်ဆေး မေး မြန်းရာ “ သင်တန်းမတက်ရင် သေနတ်နဲ့ပစ်မယ်၊ လည်လှီးမယ် လို့ ပြောပြီး စည်းရုံး ပါတယ်။ ကျွန်တော်တို့ရွာက အယောက် ၂၀ တက်ရောက်ခဲ့ပါတယ်။ သင်တန်းကိုတော့ မယင်းတောင်၊ အနောက် ဘက်မှာ တက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က ဘင်္ဂါလီရွာကို မီးတိုက်ပြီး ပြန်သွားပါတယ်။ အဲ့ဒီအဖွဲ့မှာ သေ နတ် ၁၀ လက်နဲ့ ဓါး ၁၀ ချောင်းလည်း ပါပါတယ်။” ဟု ဖြေကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */