" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားေဒ့ရှ်အစိုးရ. Show all posts
Showing posts with label ဘင်္ဂလားေဒ့ရှ်အစိုးရ. Show all posts

Wednesday, March 8, 2023

 ရိုဟင်ဂျာစခန်းမီးလောင်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ စုံစမ်းစစ် ဆေးနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.08

မတ်လ ၅ ရက်နေ့က မီးလောင်သွားသည့် ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း။ UNHCR in Bangladesh


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုမှာ ပျောက်ဆုံးနေတဲ့ လူနှစ်ရာလောက်ကို ပြန်တွေ့သွားပြီဖြစ်ပြီး၊ မီးလောင်မှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းရေးကော်မ ရှင်ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

"မီးလောင်တော့ ပြေးရင်းလွှားရင်းနဲ့ တကွဲတပြားနဲ့ ဟိုစခန်း၊ ဒီစခန်းတွေ ရောက်သွားကြတာ၊ လူနှစ်ရာလောက်ရှိ တယ်။ အခုတော့ သက်ဆိုင်ရာစခန်းတာဝန်ရှိသူတွေဆီအကြောင်းကြား ချိတ်ဆက်ပြီးတော့ မိသားစုတွေ ပြန်တွေ့ သွားကြပါပြီ"… လို့ မီးဘေးသင့်ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီနေတဲ့ ကုတုပါလောင် ဒုက္ခသည်စခန်းက ကို အောင်မြိုင်က ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */