Showing posts with label ဒရုန်း. Show all posts
Showing posts with label ဒရုန်း. Show all posts

Monday, August 12, 2024

ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာအများအပြား သေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၁ ဩဂုတ်၊ ၂၀၂၄ 

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေ အပါအဝင် ဒါဇင်နဲ့ချီ သေကျေထိခိုက်ခဲ့ရကြောင်း Reuters သတင်းက ဖော်ပြလိုက်ပါတယ်။

Saturday, November 5, 2022

ရခိုင်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲနေဟု AA ဆို

Myanmar Now
သိန်းဆန်း
Published on Nov 4, 2022
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် လာရောက်ကြဲချသွားသော ဗုံးသီးအကြွင်းအကျန်တချို့ကို အောက်တိုဘာ ၁၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-Palaw K-PDF)

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်က ဗုံးသီးတပ်ဒရုန်းများ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ နိုဝင်ဘာ ၁ တိုက်ပွဲသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အောက်တိုဘာ၂၈ တွင် ကျောက်တော်မြို့အခြေစိုက် စကခ (၉) တပ်မဌာနချုပ်နှင့် အမှတ် ၃၇၄ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်သလို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်သည် ဟု AA က ဆိုသည်။

နောက်တစ်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာအနီး ထိုတပ်ရင်းနှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */