RFA
RFA Burmese2022.12.27
၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာသော လှေတစ်စီးနှင့် ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ်။AFP
ရိုဟင်ဂျာဒုက္ခသည်တွေ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်သန်းပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးပမ်းနေတာကို တားဆီးဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်အရေးဆိုင်ရာမဟာမင်းကြီး မိုဟာမက် မစ်ဇနာ ရာမန်က ပင်လယ်ပြင်မှာ ဘယ်လောက် အန္တရာယ်ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးဟောပြောနေသလို ဖမ်းဆီးအရေးယူတာ တွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။